* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 4, 2010

အသီးတစ္ရာ အညွာတစ္ခု


အနောက်ဘက်ကမ်းမှာ A, B,Oသွေး ရဲရဲနီနီ
အသားရောင်မည်းမည်း.........
မြောက်ဘက်ကမ်းမှာ မျက်လုံးပြာနှမ်းနှမ်း
A,B,Oသွေး.................။
အရှေ့ဘက်ကမ်းမှာ A.B.Oသွေး.
အသားရောင်က အဖြူ..အညို...။
တဂိုးက ဘင်္ဂလီ တော်စတွိုင်းက ရုရှား
ထူးမခြားနား ရှည်လျားလျား မုတ်ဆိတ်မွေး
ထားတာချင်အတူတူ သွေးရောင်ချင်က အနီရောင်။
ခပ်ရိုင်းရိုင်းလောကဓံကြားက အရိုးပြိုင်းနံကား
ဘုမသိဘမသိ လူသားငယ်ငယ်
အသိကမကြွယ်နိုင်သေး
နေချင်လဲ နေ မနေချင်လဲ နေနေကြရင်း
တောတန်းတောင်စွယ်အောက် ဟန်ဆောင်ငြိမ်းချမ်းခြင်းကို
မာန်ပါပါ စာလုံးပေါင်းနေကြတယ်။
ရွာရိုးကိုးပေါက် ဖြတ်လျှောက်နေတတ်တဲ့
သဘာဝအမည်ခံ လေ ရေ မြေအောက်
ကိုယ်ခန္ဓာပျောက်နေကြတဲ့ ကိုယ်စောင့်နတ်တွေ
ဆူမာတြားမှာ အော်နေပြီး
ဧရာဝတီမှာ မျှော်နေပြီး...။
ဓါတ်မီးတိုင် မလုံလောက်သေးတဲ့
EVERESTတောင် မြို့ကလဲ နေလုံးကြီးကို
မျှော်နေတယ်။
ယင်လုံအိမ်သာကို ဖန်သားပြင်မှာမှ
မြင်ရတဲ့ အရပ်ကလဲ နေလုံးကြီးကို
မျှော်နေတယ်။
၂၄နာရီ မီးရောင်စုံအောက် ရှင်သန်နေထိုင်နေရသေးတဲ့
နော်ဝေးမြို့ကြီးကလဲ နေလုံးကြီးကို
မျှော်နေတယ်။
အနောက်ဘက်ကမ်းက ယုံကြည်မှုနဲ့
ကိုးကွယ်နေတဲ့ဘာသာ
အရှေ့ဖက်ခြမ်းက ရိုးရိုးကျိုး
ကိုးကွယ် ရွတ်ဖတ်နေတဲ့ ဒေဿနာ
အာလုံးသော အရာရာက
စိတ်နဲ့သွားတဲ့ ကိုယ်ခန္ဓာချည်း။
မနှစ်ကဒီလို ဒီနှစ်လဲ မထူးခြား
မြင်နေရပါရယ့် အရောင်စုံလူစုံကြားက
မီးပေါက်ပန်း တပွားပွား.
မီးပေါက်ပန်းမှ မီးပေါက်ပန်းအစစ်။
သက္ကရာဇ်အဟောင်းတွေနဲ့ ကျွန်တော်
ကမ္ဘာ့အပြင်ဘက် ထွက်ရပ်ကြည့်လိုက်တယ်။
ဗုဒ္ဓေါ.............................
ဂြိလ်ပြာကြီးက 23½ ဒီဂရီကပ်ပြီး တိမ်းစောင်းနေတာကလွဲရင်
တို့တွေနေရာက တစ်လုံးတည်းသော ဂြိလ်ကြီးပေါ်မှာပါပဲလား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP