* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 1, 2009

သီလမရှိပဲ ကျောင်းကို သုံးဆောင်ခြင်းသည် ...

အဂ္ဂိက္ခန္ဓောပမသုတ်-မှ...

သီလမရှိပဲ ကျောင်းကို သုံးဆောင်ခြင်းသည် ...

ရဟန်းတို့ ...
ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊


ခွန်အားရှိသော ယောက်ျားသည် ခြေကား မိုးမျှော် ဦးခေါင်း စောက်ထိုး ဆွဲကိုင်၍ တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူ သော ကြေးအိုး၌ ထည့်ရာ၏၊ ထိုအထည့်ခံရသော သူသည် ထိုကြေးအိုး၌ အမြှုပ်ကို ဖြစ်စေ၍ ကျက်ပြီးလျှင် တစ်ကြိမ်လည်း အထက်သို့ တက်ရာ၏၊ တစ်ကြိမ်လည်း အောက်သို့ ဆင်းရာ၏၊ တစ်ကြိမ်လည်း ဘေးသို့ရောက်ရာ၏။

မင်းမျိုး၌ဖြစ်၍ များသောဥစ္စာနှစ်ရှိကုန်သော သူတို့၏သော်လည်းကောင်း၊ ပုဏ္ဏား မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ် မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည် မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ရာ၏၊

ထိုနှစ်မျိုးတို့တွင် အဘယ်အရာ သည် မြတ်သနည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ခြင်းသည် သာလျှင် မြတ်ပါ၏။

ခွန်အားရှိသော ယောက်ျားသည် ခြေကား မိုးမျှော် ဦးခေါင်းစောက်ထိုး ဆွဲကိုင်၍ တပြောင်ပြောင် တောက် လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူသော ကြေးအိုး၌ ထည့်ရာ၏၊ ထိုအထည့်ခံရသော သူ သည် ထိုကြေးအိုး၌ အမြှုပ်ကို ဖြစ်စေ၍ ကျက်ပြီးလျှင် တစ်ကြိမ်လည်း အထက်သို့ တက်ရာ၏၊ တစ်ကြိမ်လည်း အောက်သို့ ဆင်းရာ၏၊ တစ်ကြိမ်လည်း ဘေးသို့ ရောက်ရာ၏၊ ဤသို့ ဖြစ်ရခြင်းသည် ဆင်းရဲပါ၏ဟု လျှောက်ကြကုန်၏။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့...
မကောင်းသော သဘောရှိသော။ ပ*။ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောက်ျားသည် ခြေကား မိုးမျှော် ဦးခေါင်း စောက်ထိုး ဆွဲကိုင်၍။ပ။ တစ်ကြိမ်လည်း ဘေးသို့ ရောက်ရာ၏၊ ဤသို့ ဖြစ်ရခြင်းသည်သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း...
ရဟန်းတို့ ထိုလောလောပူသော ကြေးအိုး၌ ထည့်ခြင်းတည်း ဟူသော အကြောင်း ကြောင့် ထိုပုဂ္ဂိုလ်သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့မူလည်း ရောက်ရာ၏၊ ထိုကြေးအိုး၌ ထည့်ခြင်းတည်း ဟူသော အ ကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ မကောင်းသော သဘောရှိသော။ ပ*။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော ထိုပုဂ္ဂိုလ်အား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ် ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ကျောင်းကို သုံးဆောင်ခြင်းသည် သာလျှင် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၇)

၈ - အဂ္ဂိက္ခန္ဓောပမသုတ်-မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။ 72

ပ* ယုတ်ညံ့သော သဘောရှိသော၊ မစင်မကြယ် စက်ဆုပ်ရွံရှာဖွယ် အကျင့်ရှိသော၊ ဖုံးလွှမ်း အပ်သော မကောင်းမှုရှိသော၊ ရဟန်းမဟုတ်ဘဲလျက် ငါရဟန်းဟုဝန်ခံသော၊ မြတ်သောအကျင့် ကို မကျင့်ဘဲလျက် မြတ်သောအကျင့်ကို ကျင့်သည်ဟု ဝန်ခံသော၊ အတွင်း၌ (ကိလေသာ တို့ဖြင့်) ပုပ်သော၊ (ကိလေသာတို့ဖြင့်) စိုစွတ်သော၊ ယောက်သွားပုပ်နှင့်တူသော သဘောရှိ သော ထိုဒုဿီလပုဂ္ဂိုလ်အား...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP