* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 1, 2009

မြန်မားများအတွက် အထူးတနင်္ဂနွေ...

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလှူပွဲများနှင့် နံနက် ၁၀နာရီမှ ၁၁နာရီအထိ တနင်္ဂနွေ အထူးတရားပွဲများကို ဆင်ယင်ကျင်းပ ပြုလုပ်လျက်ရှိရာ တရားဘာဝနာ နာကြားလိုသူများ၊ မိမိတို့ မြန်မာအချင်းချင်း ချစ်ခင်ရင်းနှီးစွာ တစ်ပျော်တစ်ပါး တွေ့ဆုံလိုသူများ အနေဖြင့် မည်သူမဆို ကျောင်းတော်သို့ ကြွရောက်နိုင်ပါကြောင်း အထူးအသိပေး ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ ။ အလှူရှင်များ အနေဖြင့် သီးသန့်ဖိတ်ကြားမှုများကို မိမိတို့ အစီအစဉ်ဖြင့်သာ ဖိတ်ကြားခြင်းများ ပြုကြသဖြင့် ကျောင်းတော်မှ ယခုကဲ့သို့ ယေဘုယျသဘောသာ ဖိတ်ကြားလိုက်ခြင်း ဖြစ်ပါသည်။ အခြားအလှူရှင်များ အနေဖြင့်လည်း တနင်္ဂနွေ အားလပ်ရက်တွင် အလှူဒါန ပြုလုပ်လိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ ကြိုတင်အကြောင်းကြားနိုင်ကြပါသည်။

၀၅၃-၂၉၅-၉၂၂၀(ကျောင်းဖုန်း)
၀၁၀-၆၈၇၂-၃၈၅၆(ဆရာတော်)
၀၁၀-၇၂၅၂-၁၆၇၆(ကျောင်းအကျိုးဆောင်)

အပြည့်အစုံသို့...

အပြည့်အစုံသို့(fullpost)...



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP