* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 1, 2009

ရဟန်းတို့ ဤသို့ ကျင့်ရမည်...

အဂ္ဂိက္ခန္ဓောပမသုတ်-မှ...

ရဟန်းတို့ ဤသို့ ကျင့်ရမည်...

ငါတို့သည် အကြင် ဒါယကာတို့၏...

၁... ဆွမ်း
၂... သင်္ကန်း
၃... ကျောင်း
၎... သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို သုံးဆောင်ကုန်၏၊

ထိုဒါယကာတို့ ပြုအပ်သော ကောင်းမှုတို့သည် အကျိုးအာနိသင် ကြီးမားကုန် လိမ့်မည်၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်း အကျိုးရှိသည် တိုးပွါးခြင်း ရှိသည် ဖြစ်၍ မမြုံသည် ဖြစ်ပေလိမ့်မည် ဟု (ကျင့်ရမည်)။


ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။ ရဟန်းတို့ မိမိအကျိုးကို ကောင်းစွာ မြင်သော အမျိုးကောင်းသားသည် မမေ့မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာ တည်း။ ရဟန်းတို့ သူတစ်ပါးအကျိုးကို ကောင်းစွာမြင်သော အမျိုးကောင်းသား သည် မမေ့မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာတည်း။

ရဟန်းတို့ အကျိုးနှစ်ပါးစုံကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည် မမေ့ မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာတည်း ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏၊
ဤဝေယျာကရိုဏ်း ဒေသနာကို ဟောတော်မူသည် ရှိသော်...

ခြောက်ကျိပ်သော ရဟန်းတို့အား ...
ပူသော နှလုံးသွေး သည် ခံတွင်းမှ အံထွက်၏၊

ခြောက်ကျိပ်သော ရဟန်းတို့သည် ...
''မြတ်စွာဘုရား အလွန် ပြုနိုင်ခဲပါ၏၊ မြတ်စွာဘုရား အလွန် ပြုနိုင်ခဲပါ၏'' ဟု လျှောက်ပြီးလျှင် သိက္ခာချ၍ လူထွက်ကြကုန်၏၊

ခြောက်ကျိပ်သော ရဟန်းတို့အား ...
တဏှာဒိဋ္ဌိ အားဖြင့် တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါ တရားတို့ မှ စိတ်တို့သည် လွတ်မြောက်ကြလေကုန် သတည်း။

၈ - အဂ္ဂိက္ခန္ဓောပမသုတ်-မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။ 72

ရှေ့ပိုင်းမှ တရားတော်များသို့--->

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP