* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 1, 2009

*ဥစ္စာစောင့် (၁)*

အရှင်ကောဝိဒ: ပြည့်စုံအောင်
မေးလ်ပို့လိုက်ပြီ
စုံတော့မစုံဘူးပေါ့

me: တင်ပါ့ ကြည့်လိုက်ဦးမယ်

အရှင်ကောဝိဒ: ခရီးမှာဆိုတော့
မစုံနိုင်ဘူးလေ (မှတ်ချက်။ ဘုန်းဘုန်းက အခု ခရီးထွက်နေရင်း ဖြေပေးရတာ မို့လို့ပါ။)

12:45 PM me: တင်ပါ့ ဘုန်းဘုန်း

+++++++++++++++++++++++++++++++++++++

ဘုန်းဘုန်း မင်္ဂလာပါ။

ဖိုးသား မေးစရာလေး ပေါ်လာလို့ပါ။ ဒီနေ့ (27.05.2009) ဖိုးသားနဲ့ ဖိုးသား မိတ်ဆွေ အစ်မ တစ်ယောက် အွန်လိုင်း ကနေ စာရိုက်ရင်း ပြောဖြစ်တယ် ဘုန်းဘုန်း။ အဲဒီမှာ သူပြော သွားတာက သူ့မောင်လေးက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆုံးသွားကြောင်း၊ အသက် (၂၁) ပြည့်ရုံလေးပဲ ရှိသေးကြောင်း၊ သူဆုံးအပြီး အမျိုးသမီးကြီး တစ်ဦးဆီကို ၀င်ပူးပြီး ပြောတာက သူ့ကို သိုက်က ပြန်ခေါ် သွားတာ ဖြစ်ကြောင်း (သိုက်နာမည်လည်း ပြောသွားပါတယ် ဘုန်းဘုန်း၊ အရပ်ဒေသတော့ ပြောမသွားဘူး) အဲလို ပြောသွား ပါတယ်။ အဲဒါ သူ့ကို လပြည့် လကွယ်တွေမှာ ကုသိုလ်လုပ်ပြီး အမျှပေးပါလို့လည်း ပြောသွား သေးတယ် ဘုန်းဘုန်း။

အဲဒီမှာ အဲဒီအစ်မ သိချင်တာက

၁) ဥစ္စာစောင့်ဆိုတာ တကယ် ရှိသလား (ဖိုးသားတော့ ရှိတယ်လို့ သိထားတယ် ဘုန်းဘုန်း)

၂) ဥစ္စာစောင့် ဘ၀ကနေ လူ့ဘ၀ကို လာတယ် ဆိုတာ ဟုတ်ပါသလား

၃) လူ့ဘ၀ကို ရောက်လာတဲ့ သူကိုကော ဥစ္စာစောင့် ဘ၀ကို ပြန်ခေါ်တယ် ဆိုတာ ဟုတ်ပါသလား၊ ပြန်ခေါ်လို့ကော ရပါသလား

၎) နောက်တစ်ခုက ဒီအစ်မ မောင်လေးက ဥစ္စာစောင့် ဘ၀ကို သူပြန်ရောက် နေကြောင်း ၀င်ပူးပြီး ပြောတော့ အကယ်၍ လူ့ဘ၀ ကနေ ဥစ္စာစောင့် ဘ၀ကို ပြန်ရောက်ပါက ဥစ္စာစောင့် ဘ၀သည် ပဋိသန္ဓေ နေပြီးမှ ပြန်ဖြစ် တာလား၊ ဒါမှမဟုတ် သေဆုံး သွားသူရဲ့ အသက်အရွယ် အတိုင်း ပြန်ဖြစ် တာလား၊ အဲလိုမှ မဟုတ်သေးရင် ဘယ်အသက် အရွယ်က စဖြစ်တာလဲ…

၅) အဲလို ဥစ္စာစောင့် ဘ၀ ရောက်နေသူ တွေဟာ နောင် ဘုရား တစ်ဆူဆူ ပွင့်မှ ကျွတ်တာလား၊ ကျန်ရစ်သူ တွေက ရည်စူးပြီး ကုသိုလ်ပြု အမျှဝေလို့ အမျှရ ရင်ကော ကျွတ်သလား။ အဲဒါလေးတွေ သိချင်ပါတယ် ဘုန်းဘုန်း။ စိတ်ထဲ မရှင်းလို့ပါ။

နောက် ပြောသေးတယ်။ သမထလိုင်း လုပ်နေတဲ့ ဆရာတော် တစ်ပါးက ဒီအစ်မရဲ့ မောင်လေးကို ဥစ္စာစောင့် ဘ၀ကနေ လူ့ဘ၀ ပြန်ရောက်အောင် လုပ်ပေးမယ် လို့လည်း ပြောသေးတယ် ဘုန်းဘုန်း။ (အဲဒါ ကတော့ မဖြစ်နိုင်ပါဘူး) အဲဒါလေး ကိုလည်း ရှင်းပြပေး ပါဦး။ ဖိုးသား မေးတဲ့ မေးခွန်း တွေလည်း များသွားပြီ ထင်တယ်။ ဘုန်းဘုန်း အနေနဲ့ လိုအပ်မယ် ထင်တဲ့ မေးခွန်း လေးတွေကို ထေရ၀ါဒ ရှုဒေါင့်ကနေ သုံးသပ်လို့ အားတဲ့ အချိန်လေးမှာ ဖြေကြားပေးပါဦး ဘုန်းဘုန်း။


ဘုန်းဘုန်း ကျန်းမာပါစေ။

ရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

+++++++++++++++++++++++++++++

ပြည့်စုံအောင်

ဥစ္စာစောင့် ဆိုတာ အမှန်တော့ သီးခြားဘုံ တစ်ခု မဟုတ်ပါဘူး၊ ဘုရားရှင် ဟောကြားတော် မူတဲ့ ၃၁ ဘုံထဲက ပြိတ္တာဘုံပဲ ဖြစ်ပါတယ်။

ဥစ္စာစောင့် ဘ၀ကနေ လူ့ဘ၀ လာတယ် ဆိုတာ ဒီအတိုင်းကြီး လာတာ မဟုတ်ပါဘူး၊ ပြိတ္တာ ဘ၀က သေဆုံးလို့ လူ့ဘ၀ လာဖြစ်တာပါ။

ဥစ္စာစောင့် ဘ၀က ပြန်ခေါ်တယ် ဆိုတာနဲ့ ပတ်သက်ပြီး လူ့ဘ၀ စုတေခါနီး မှာ သူပြုခဲ့တဲ့ ကံတရားရဲ့ အကြောင်းကြောင့် သွားရမှာ ဖြစ်တယ်။

ဒီတော့ လူဘ၀က သေဆုံးရင် ဥစ္စာစောင့် ဧကန် ဖြစ်မယ်လို့ ပြောလို့ မရပါဘူး။ ကံစီမံရာ ဆိုတော့ တစ်ခြားဘုံ တွေမှာလည်း သွားဖြစ်နိုင် တယ်လေ။

လူ့ဘ၀ ကနေ ပြိတ္တာဘ၀(ဥစ္စာစောင့် ဘ၀) ရောက်ရင် ဥပပါတ် ပဋိသန္ဓေ နဲ့ နေကြတာ များကြတယ်။

သမထ သမားက အချောင် ၀င်နှိုက်တာ ဖြစ်မယ်။ သူက လူ့ဘ၀ ရောက်အောင် မလုပ်ပေး နိုင်ဘူး၊ သူ့ကို ပြန်မေးကြည့် ရမယ် မင်းသေ ရင်ကော မင်းကိုမင်း လူဖြစ်အောင် လုပ်နိုင်လားလို့ ၊ တကယ်လို့ သေချာပေါက် လူဘ၀ ပြန်ဖြစ်အောင် လုပ်ပေးနိုင် တယ်ဆိုရင်၊ အားလုံး လူတွေချည်း ဖြစ်တော့မှာပေါ့။

ဘုရားရှင်က မနုဿတ္တ ဒုလ္လဘ ဆိုတဲ့ စကားတော်လည်း ရှိနေတာ။ အနာဂတ်မှာ တတ်အပ် သေချာ လူပြန်ဖြစ် နိုင်ဖို့အတွက် မည်သူမျှ မပြောနိုင် ကြဘူး။ လူဖြစ်ဖို့ အတွက် ဘယ်လောက် ခဲယဉ်းလဲ ဆိုရင် ဗြဟ္မာ့ပြည်က အပ်လေး တစ်ချောင်းကို ချပြီး လူ့ပြည်က အပ်တစ်ချောင်းနဲ့ အပ်ဖျားချင်းသာ ထိသွားဖွယ်ရာ သာရှိတယ် လူ့ဘ၀ ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။

ဥစ္စာစောင့် (ပြိတ္တာ) ဖြစ်နေတဲ့ သူများဟာ နောင်ဘုရား တစ်ဆူပွင့်မှ ကျွတ်မယ်လို့ ခန့်မှန်းလို့ မရပါဘူး။ တကယ်လို့ သေသူကို သီလရှိတဲ့ ရဟန်းများ ပင့်ပြီး သန့်ရှင်းတဲ့ လှူဖွယ်တို့ဖြင့် လှူဒါန်းပြီး အမျှအတန်း ပေးဝေမယ်၊ အဲဒီအခါမှာ ပြိတ္တာ ဖြစ်သူကလည်း ရေစက်ချ အမျှဝေရာကို လာပြီး သာဓု ခေါ်ဆိုနိုင်ကြ ပါရင် ပြိတ္တာ ဘ၀က ကျွတ်လွတ်ပြီး ဘ၀တစ် ခုခုတော့ ရောက်သွားနိုင် ပါတယ်။


မေတ္တာဖြင့်
ဘုန်းဘုန်းဦးကောဝိဒ (မြိတ်)

++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

6/1/2009, MON:, 10:38:31 AM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP