* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 18, 2009

နှိုင်းနှိုင်းချိန်ချိန်သုခမိန်


ဆုတောင်း ၆မျိုး (ဇာတ်သိမ်းပိုင်း)

နှိုင်းနှိုင်းချိန်ချိန်သုခမိန်

သုံးဆယ့်ခုနှစ်မင်းဆိုတဲ့ နတ်တွေကို သေချာကြည့်ဦး။ ကောင်းကောင်းသေတဲ့နတ် သိပ်မရှိဘူး။ လည်မျို ဒုတ်တို အနှပ်ခံရလို့ သေတဲ့အကောင်၊ မီးဖုတ်ခံရလို့ သေတဲ့အကောင် စဉ်းစားကြည့်ပေါ့။ နတ်ပဲဖြစ်မလား၊ သရဲပဲဖြစ်မလား၊ အဲဒါ စဉ်းစားဖို့ ပြောတာပါ။
သူတို့သေချင်တာနဲ့ သေပေါ့ဗျာ။ ဒါကို ကိုးကွယ်မဲ့အစား 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ'လို့ ဆိုတာက အကောင်းဆုံးပဲ။ 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဂစ္ဆာမိ'လို့ မဆိုလည်း ဘုရားက စိတ်မဆိုးဘူး။ 'သံဃံ သရဏံ ဂစ္ဆာမိ - သံဃာရတနာကို ကိုးကွယ်ပါ၏'လို့ ဆိုချင်ရင်လည်းဆို မဆိုရင်လည်း သံဃာတော်အရှင်မြတ်တို့က စိတ်မဆိုးဘူး။
ဟိုနတ်တွေက မရဘူး။ အုန်းသီးပုတ်တာနဲ့ ခေါင်း ကိုက်မယ်။ မှတ်ထား။ အဲဒါကြည့်လုပ်။ ''ဇာတံ သရဏ တော ဘယံ- ကိုးကွယ်ရာက ဘေးဖြစ်မှာ''ကို သတိထား။
ဗမာပြည်မှာ လူဦးရေ သန်းပေါင်း ၅ဝ-လောက်ရှိ တယ်။ ၁ဝ-သန်းလောက်ကနေ အုန်းသီးအလုံး ၁ဝ-သန်း လောက် နတ်တင်တယ်ဆိုလို့ရှိရင် အဲဒါကိုကျပ်-၃ဝဝနဲ့ မြှောက်ကြည့်။
တိုင်းပြည်ရဲ့ပိုက်ဆံ ကုဋေပေါင်း ဘယ်လောက် ကုန် မလဲဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဝါဒသည် ဝိဘဇ္ဇဝါဒ။ ဝိဘဇ္ဇဝါဒဆိုတာ ဝေဖန်ရမယ်, သုံးသပ်ရမယ်, စဉ်းစားရမယ်။ ဘာသာတရားကို အကန်း ယုံ, အရမ်းယုံမဖြစ်ဖို့ သတိထားရမယ်။
ဗမာပြည်ရဲ့ နတ်တင်ဖို့ အုန်းသီးဖိုးငွေတွေဟာ နည်းတာမဟုတ်ဘူး၊ အဲဒီငွေတွေဟာ နတ်စားလို့ ကုန်သွား တာပဲလို့ ပြောလို့ရတယ်၊ ဘာကျေးဇူးမှ မရှိဘူး။
အဲဒီငွေတွေကို စာသင်ကျောင်းဆောက်မယ်, ဆေးရုံဆောက်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက် မလဲ၊ ဒီလိုအကျိုးရှိတဲ့ နေရာတွေမှာ အသုံးချတတ်ရမယ်။ အခုတော့ လူတွေက သဒ္ဓါတရားကတော့ ကောင်းကြပါတယ်။ ဒါပေမဲ့ တလွဲဆံပင်ကောင်း ဖြစ်နေကြတယ်။
ဒကာကြီးတွေ နေမကောင်းလို့ အိမ်ကအုန်းသီးကို လာစားတဲ့နတ်က ဒကာကြီးတို့ကို နေကောင်း ပျောက်ဆေး ဘယ်တုန်းက ပေးဘူးသလဲ၊ ဝမ်းကိုက်လို့ ဝမ်းကိုက်ပျောက် ဆေးကို ဘယ်နှစ်ခါလာပေးသလဲ။
သူတို့လည်း ဘာမှမတတ်နိုင်ဘူး သူ့အုန်းသီး တောင် သူမသယ်နိုင်ဘူး၊ သူတို့လည်း ထွက်ပြေးရတယ်၊ အုန်းသီးလေးတောင် မီးထဲပါသွားသေးတယ်၊ ဒီနတ်တွေကို အားကိုးရာ အဖြစ်နှင့် ကိုးကွယ်နေကြခြင်းကို စဉ်းစားကြဖို့ အချိန်တန်ပြီ။

အကျဉ်းချုပ်ကာဇာတ်ပေါင်းပြ
မြတ်စွာဘုရားက ကျွန်းပင်ကြီးအောက်က မြေ ကွက်ကြီးပေါ်မှာထိုင်ရင်း ပြောနေတာပါ။
''ငါ့ညီအာနန္ဒာ... သိကြားနဲ့ငါ အကြိတ်အနယ် ပြောရဆိုရတာ ဒီနေရာပဲ။ အဲဒီတုန်းက 'သူ့စည်းစိမ် လိုချင် လို့ တရားဓမ္မတွေကို အားထုတ်နေသလား မသိဘူး'လို့ သံသယဝင်နေတဲ့ သိကြားမင်းဟာ ခုတော့ ဟောဒီအနုရုဒ္ဓါ ပေါ''့၊ လက်သည်တရားခံက အရှင်အနုရုဒ္ဓါ ဖြစ်နေတယ်။
''ကဏှခေါ်တဲ့ရှင်ရသေ့ကတော့ ငါဘုရားရှင် ကိုယ်တော်မြတ်ပဲ''လို့ ဇာတ်ကြောင်းကို မိန့်တော်မူတယ်။
ကဏှရသေ့ကြီးရဲ့ ဆုတောင်းခြောက်ပါးတရားတော် ဒီမှာ အစအဆုံး အကုန်လုံးပြီးပြီ။


ိ''သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ''

အမျိုးသမီး သူရဲကောင်းတစ်ယောက်အကြောင်းဆက်ပါဦးမည်။
သီတဂူစတား
၁၇-၁၂-၂၀၀၉


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP