* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 18, 2009

အပိုင်း (၁၃) သားတော် ရာဟုလာအား ဘုရားနေ့စဉ် ဆုံးမစကား

သားတော်ရာဟုလာသည် (၇) နှစ်သား အရွယ်မှစ၍ ဗုဒ္ဓဘုရားထံတော်တွင် ကိုရင်ရဟန်းဝတ်၍ သာသနာ့ဘောင်သို့ ၀င်ရောက်လာ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် သားတော်ရာဟုလာအား နေ့စဉ်ဆိုသလို ဆိုဆုံးမစကား ပြောကြားပေး၏။

သားတော်ရာဟုလာသည် ကာမဂုဏ် အာရုံစည်းစိမ်ချမ်းသာတို့ကို စွန့်ခွာ၍ သာသနာ့ဘောင်သို့ ရဟန်းဝတ်လာသည်။ ထို့ကြောင့် သားတော်သည် ဒုက္ခဆင်းရဲအပေါင်းမှ လွတ်ရာငြိမ်းရာကို ရောက်အောင် ကျင့်ကြံ့အားထုတ်နေထိုင်ရပါမည်။

ဗုဒ္ဒသာသနာတော်သို့ လူတို့ဝင်လာကြရာဝယ် အခြေအနေမျိုးစုံ ရှိကြ၏။ အချို့မှာ မင်းစိုးရာဇာ ဘေးကြောက်၍၊ အချို့မှာ စားဝတ်နေရေး ခက်ခဲဆင်းရဲလွန်း၍၊ အချို့မှာမူ သာသနာတော်ကို ယုံကြည်သက်ဝင်အားကိုး၍ ဒုက္ခမှ လွတ်ငြိမ်းရာ အမှန်ကို ရောက်လိုသော သဒ္ဓါတရားသက်သက်ဖြင့် ၀င်လာကြခြင်းဖြစ်၏။ ယခု သားတော်ရာဟုလာသည် သဒ္ဓါတရား ယုံကြည်ချက်သက်သက်ဖြင့် ၀င်ရောက်လာခြင်းဖြစ်သည်။ သားတော်မှာ ခံစားစရာ စည်းစိမ်ကာမဂုဏ်အာရုံဟူသမျှ အပြည့်အ၀ရှိသော မင်းသားငယ် ဖြစ်လင့်ကစား စွန့်ခွာ၍ သာသနာတော်ကို ၀င်လာသည့်အတွက် သင့်မှာ အမြန်ဆင်းရဲငြိမ်းရန် သတိပဋ္ဌာန်တရား လေးပါးကို ကျင့်ကြံပွားများရပေမည်။

၁။ ကိုယ်အမူအရာဖြစ်တိုင်း မှန်စွာသိအောင်မှတ်ရမည်။ – ကာယာနုပဿနာ သတိပဋ္ဌာန်

၂။ စိတ်အမူအရာဖြစ်တိုင်း မှန်စွာသိအောင်မှတ်ရမည်။ – စိတ္တာနုပဿနာ သတိပဋ္ဌာန်

၃။ ကောင်းဆိုးလတ်ပါ ဝေဒနာ မှန်စွာသိအောင်မှတ်ရမည်။ – ဝေဒနာနုပဿနာ သတိပဋ္ဌာန်

၎။ သဘောတရားဖြစ်ပေါ်ငြား ပိုင်းခြားသိအောင်မှတ်ရမည် – ဓမ္မာနုပဿနာ သတိပဋ္ဌာန်

ဆောင်ပုဒ်။ ။ ကာမဂုဏ်ပါယ်ခွာ တောထွက်လာ သင့်မှာဆင်းရဲငြိမ်းပါစေ။

  • လူမိုက်ကိုရှောင် ပညာရျိသူတော်ကောင်းကို ပေါင်းသင်းရမည်။


  • ဣနြေ္ဒငါးပါးကို စောင့်စည်းရမည်။


  • ပါတိမောက္ခသံဝရသီလကို လုံအောင်စောင့်ထိန်းရမည်။


  • ဆိတ်ငြိမ်ရာအရပ်ကို ရှာနေရမည်။


  • အစား၌ အတို အရှည် သိရမည်။


  • ပစ္စည်းလေးပါး၌ တက်မက်မှု တဏှာမဖြစ်စေရ။


  • သင်္ကန်းသုံးထည်ဆို လုံလောက်ပြီ။ သပိတ်ရှိက ဆွမ်းရမည်။


  • ဆီးဖြူ ဖန်ခါးနှင့် နွားသေးရေ ရှိပါက ဆေးရှိပြီ မှတ်ရမည်။


  • သစ်တစ်ပင်၊ ၀ါးတစ်ပင် ရှိပါက နေစရာကျောင်း ရှိပြီမှတ်ရမည်။


  • ကိုယ့်ကိုကိုယ် ကျိုးနွံ၍ မာနမဖြစ်အောင် နေထိုင်ရမည်။


  • တဏှာမာန်မာန တရားများမဖြစ်စေရန် တရားဘာဝနာကို အမြဲဆင်ခြင်၍ နေရမည်။


  • ရုပ်နာမ်သင်္ခါရ တရားတို့သည် ဖြစ်ပြီးပျက်နေကြသည်ကို မြင်အောင် ရှုမှတ်နေရမည်။ ဥပမာ - ၀မ်းဗိုက်ဖောင်းပြီး ပျက်သည်၊ တစ်ဖန် ပိန်ပြီးလည်း ပျက်သည်၊ တစ်ဖန် ခြေလှမ်းလည်း စလှမ်းတယ်၊ ဆုံးတော့ ပျက်သွားတယ်။ စိတ်၌လည်း တွေးမှုပေါ်လာသည်။ သိလိုက်တော့ ပျက်သွားသည်။ နာမှုကျင်မှုတို့မှာလည်း စဖြစ်ပေါ်ပြီး ပျက်သွား၏။ အကြား၊ အနံ့တို့သည်လည်း ယခုကြားသည် ပျက်သွား၏ စသည်ဖြင့် အားလုံး ဖြစ်ပြီး ပျက်နေကြမှန်း မြင်နေအောင် အမြဲ သတိရှိ သိမြင်ပေးနေရမည်ဟု မြတ်စါာဘုရားမှ သားတော်ရာဟုလာအား နေ့စဉ် ဆုံးမတော်မူပါ၏


  • စကားပြောတော့မည်ဆိုပါလျှင် အရင် စဉ်းစားပြီးမှ ပြောပါ။ ငါ့စကားမှန်ရဲ့လား၊ အကျိုးရှိရဲ့လား၊ သူများနှစ်သက်ရဲ့လား ဤသုံးချက်နှင့် ညီမညီ ပြောနေစဉ်လည်း စဉ်းစား၊ ပြောပြီးရင်လည်း ပြန်စဉ်းစားပါ။

ဤကား ဗုဒ္ဓမြတ်စွာ၏ ဆုံးမစကားများဖြစ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP