* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 18, 2009

သီတဂူတရားပွဲတိုက်ရိုက်နာယူနိုင်ပါသည်


ကျမ၏ ဘလော့ဂါ မောင်နှမများနှင့် စာဖတ်သူမောင်နှမအပေါင်းတို့အား ရိုသေးလေးစားစွာဖြင့် သတင်းကောင်း ပါးအပ်ပါသည် ...။

အမေရိကန်နိုင်ငံ၊ မီနီဆိုးတားပြည်နယ် မေပယ်ဝုမြို့ သီတဂူဓမ္မ၀ိဟာရကျောင်းတွင် ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီးမှ (19.12.2009 ) စနေနေ့ နံနက် မော်စကို စံတော်ချိန် နံနက် ၄ နာရီ ၊ စင်္ကာပူစံတော်ချိန် နံနက် ၉ နာရီ နှင့် မြန်မာစံတော်ချိန် နံနက် ၇:၃၀ တိတိအချိန်တွင် တရားတော်ကို ဟောကြား ချီးမြှင့်တော်မူမည်ဖြစ်ပါသည် ...။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြကုန်သော တရားချစ်ခင် ဗုဒ္ဓဘာသာဝင်အားလုံးတို့အား တရားတော်ကို တိုက်ရိုက်နာယူနိုင်ကြရန်အတွက် ဓမ္မသုခဆိုဒ် http://live.dhammathukha.com/
မှ တရားတော်အား တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါကြောင်း စာဖတ်သူအပေါင်းအား သတင်းကောင်းပါးအပ်ပါသည် ။
သို့ပါ၍ တရားတော်ကို တိုက်ရိုက် နာယူကြည်ညိုလိုကြသော မောင်နှမများ အနေဖြင့် ဒီနေရာလေးမှာ ကျမတို့နှင့်အတူတကွ တရားတော်ကို နာယူကြည်ညိုနိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်လိုက်ရခြင်းဖြစ်ပါသည် ...။
( ဒီသတင်းကို ပေးပို့သော ဖိုးသား ~ အဖြူရောင်မေတ္တာ အား အထူးကျေးဇူးတင်ပါသည် )

ရိုသေလေးစားစွာဖြင့်
နှင်းဟေမာ
(18 Dec 2009 10:09 AM)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP