* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 18, 2009

မြွေနဲ့ ယုန် ဘယ်ပုံအသက်မွေးမလဲ

Justify Fullမဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီ ဥေယျဓမ္မသာမိထေရ် ၏တရားတော်များကို မောင်သွေးချွန်ရေးသားပူဇော် သည့် ဒဿန သြ၀ါဒများကို ပြန်လည်ရေးသားပူဇော်ပါသည်။

မြွေနဲ့ ယုန် ဘယ်ပုံအသက်မွေးမလဲ တဲ့........ဒီလို့မိန့်ပါတယ်။

သတ္တ၀ါရယ်လို့ ဖြစ်လာရင်တော့ အသက်မွေးရတာပေါ့။၊ ဒါပေမယ့် မြွေလိုအသက်မွေးမလား၊ ယုန်လိုအသက်မွေးမလားဆိုတာ ရွေးချယ်တတ်ရမယ်။ မြွေကိုကြည့်ပါ....သူများအသက် သတ်စားနေတာနော်..။ မြွေရဲ့ထမင်းလုပ်က ဖားကလေးတွေ၊ ငါးကလေးတွေပဲမို့လား။ မြွေတစ်ကောင်အသက်ရှင်ဖို့ သေပေးရတဲ့ ဖားငါးတွေက နည်းသလား။ သေတော့ကော ကျေကျေနပ်နပ်သေရသလား။ အဲဒီတော့ မြွေရဲ့အသက်မွေးဝမ်းကျောင်းမှုဆိုတာ တစ်ဖက်သား မကျေနပ်တဲ့ ၀မ်းစာ၊ ကိုယ်ချင်းစာမှုလုံးလုံးမရှိတဲ့ ၀မ်းစာ၊ အဲဒီမြွေက ဖားတစ်ကောင်မျိုတိုင်း သံသရာမှာ တစ်ဘ၀ကျ ပြန်ပြီး အသေဆိုးနဲ့ သေပေးရလိမ့်မယ်။ မြွေတစ်ကောင်ရဲ့ သက်တမ်းမှာ ဖားအကောင်တစ်ရာမျိုပြီးမှ အသက်ရှင်ရရင် သံသရာလည်တော့လည်း ဘ၀ပေါင်းတစ်ရာ ပြန်အသတ်ခံရပြီး မရှုမလှသေရမယ်။ ဒါကြောင့် မြွေရဲ့အသက်မွေးခြင်းဟာ အပြစ်ကင်းတဲ့ ကြွေးကင်းတဲ့ ထမင်းလုပ် မဟုတ်ဘူး။

ဟော...ယုန်ကလေးတွေကျတော့ ကန်စွန်းရွက်တို့ မြက်တို့ ပဲတို့ စားတာ...။ သူ့ဝမ်းဝဖို့ ဘယ်သူ့မှ ဒုက္ခမပေးဘူး။ ဒါဟာအပြစ်ကင်းတဲ့အသက်မွေးမှု၊ အကြွေးမတင် သန့်စင်တဲ့ ၀မ်းစာရှာနည်းပဲပေါ့။ အဲဒီတော့ တို့ဒကာကြီးများလည်း မြွေလိုအသက်မွေးမလား၊ ယုန်လိုအသက်မွေးမလားဆိုတာ အဖြေရလောက်ပါပြီ။ ကိုယ်ကျင့်သီလတွေ ဖောက်ဖျက်ပြီး ငါကောင်းစားပြီးစတမ်းဆိုပြီး ၀မ်းစာစီးပွားရှာနေပုံမျိုးက မြွေရဲ့ထမင်းလုပ်မျိုးနဲ့အတူတူပဲ....။

ဆရာတော်ကြီးမှ သြ၀ါဒ ပေးခဲ့ပါတယ်။ ဒီသြ၀ါဒလေးအတိုင်း မိမိတို့အသက်မွေးမှုဟာ ဘယ်ကဲ့သို့ အသက်မွေးမှုမျိုးလည်းဆိုတာ စိစစ်ကြည့်ကြရအောင်နော်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP