ခွေးစားခံနေရတဲ့
အရှင်နာဒရ မထေရ်မြတ်သည် ရံဖန်ရံခါ တောလမ်းခရီးလှည့်လည်တော်မူရင်း ခြေလှမ်းတိုင်း၌ မြတ်စွာဘုရားသခင် ချီးမြှောက်တော်မူသော ကမ္မဌာန်းဘာဝနာအလုပ်ကို အာရုံစိုက်ကာ စူးစိုက် လှုပ်ရှားမြဲဖြစ်သည်။ ယခုခရီးလမ်း၌ ပတ်ဝန်းကျင်၌ ထူးခြားသော အဖြစ်ကို မျက်ဝါးထင်ထင်တွေ့မြင်ရလေသည်။ ကမ္မဌာန်းဇောပေပဲဟု နှလုံးသွင်းနေစဉ်ကာလ အဖြစ်အပျက်သည် မှုန်ဝါးဝါးမဟုတ်ဘဲ ထင်ထင်လင်းလင်းပေါ်လာလေသည်။ထိုအခါ မြင်ကွင်းထဲတွင် အကျည်းတန်အရုပ်ဆိုးလှသော ပြိတ္တာမတစ်ဦးအား ခွေးများအုံခဲပြီး ကိုက်ခဲစားသောက်နေပုံဖြစ်သည်။ အရှင်နာဒရ မထေရ်မြတ် ဆက်လက်ကြည့်ရှုစဉ်မှာ ပဲ ညဘက်ရောက်လာရာ ပြိတ္တာမသည် အသွေးအသားကြေမွအသွင်ပြောင်း ကာ ဘုံ ဗိမာန်ရှိရာသို့ ပြည့်ဖြိုးသော ခန္ဓာဖြင့် လမ်းလျောက်သွားနေသည်ကို တွေ့ရ၏။
အရှင်နာဒရ မထေရ်သည် ပြိတ္တာမ တစ်ဖြစ်လဲ နတ်လုလင်၏ အဖြစ်ကို စိတ်ဝင်စားသဖြင့် ဘ၀ဖြစ်စဉ်အကြောင်းအရာကို ကောင်းစွာနာကြားတော်မူပြီး အသေးစိတ်မှတ်သားပြီး မြတ်စွာဘုရား သခင်ထံလျောက်ထားလေသည်။
တပည့်တော် တောလမ်းခရီးမှာ ခွေးစားခံနေရတဲ့ ပြိတ္တာမတွေ့ရပါတယ်ဘုရား၊ သည်ပြိတ္တာမသည် ညဥ့်နေ၀င်ရီတရော အချိန်ရောက်တဲ့အခါ ပြိတ္တာမအသွင် ပျောက်ပြီး နတ်လုလင် အသွင်နဲ့ သူ့ဘုံဗိမာန်မှာ နတ်စည်းစိမ်ခံစားနေရပါတယ်ဘုရား၊ ပြိတ္တာမ တစ်ဖြစ်လဲ နတ်လုလင်ကို တပည့်တော်မေးကြည့်တဲ့အခါ ရှေးဘ၀က ရာဇဂြိုလ်ပြည်မှာ သားသမင်တို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး အသက်မွေးတဲ့ မုဆိုးဖြစ်ခဲ့ကြောင်းရတနာသုံးပါး ကြည်ညိုတဲ့ မိတ်ဆွေ ဥပသကာတစ်ဦးနဲ့ ခင်မင်မှုရှိလာပြိး မိတ်ဆွေ ရဲ့တိုက်တွန်းမှုကြောင့် နေ့အခါတွင် မုဆိုးအဖြစ် အသက်မွေးရင်း၊ ညဉ်အခါတွင် သက်သတ်၊ ခိုးမှု၊ ကာမေသု၊ လိမ်ညာကုန်းချော၊ မုသားပြော စသည်တို့ကို ရှောင်ကြဉ်လာခဲ့ကြောင်း မုဆိုးကွယ်လွန်တဲ့အခါ ရာဇဂြိုလ်ပြည်အနီး နေ့အခါ ခွေးစားခံရတဲ့ ပြိတ္တာဖြစ်ကြောင်း ညဥ့်အခါ နတ်လုလင်အဖြစ်နဲ့ နတ်စည်းစိမ်ခံစားရကြောင်း.. ကိုယ်တွေ့ဖြစ်စဉ်များကို လျောက်ထားသောအခါ မြတ်စွာဘုရားက ထိတ်လန့်စိုးထိတ်နေသော ပရိသတ်တို့အား....
သူတော်ကောင်း ဥစ္စာ ခုနှစ်ပါး၊ ပဉ္စသီလ ငါးပါးနှင့် အတူ အသက်မွေးဝမ်းကြောင်း ကောင်းတဲ့ အလုပ်များဆောင်ရွက်ကြရန် သတိ သံဝေဂယူကြကုန် လော့၊ ပါရမီ ဆယ်ပါး အကျင့်ကောင်းကိုလည်း တစ်ဆင့်ထက် တစ်ဆင့်မြင့်ထက်မြင့်အောင် အခါမလင့် ဖြည့်ကျင့်နိုင်ကြစေသတည်းဟု မြွက်ဖော်ညွှန့်ကြားဟောပြလေသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

0 comments:
Post a Comment