* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 22, 2009

မကွေးသံဃာတော်များ အခမဲ့ကွန်ပျူတာအမှတ်စဉ်(၁) ပညာဒါန သင်တန်းဆင်းပွဲအလှူ

ရွှေလမ်းငွေလမ်းဝင်းကြည်
ရေစက်ချ အမျှဝေနေသော စာရေးဆရာဇနီးမောင်နှံ

သင်တန်းပြ၊ သင်တန်းသား သံဃာများ
(၁၂-၁၁-၂၀၀၉)မှ (၁၉-၁၂-၂၀၀၉)ရက်အထိ သတင်းပတ်(၆)ပတ် အတွင်းရက်ပေါင်း(၁၈)ရက်၊ နာရီပေါင်း (၇၂)နာရီ အချိန်ယူသင်ကြားခဲ့ကြပါသည်။ မကွေးမြို့ စာသင်တိုက်အသီးသီးမှ စာချဆရာတော်(၁၀)ပါး တက်ရောက် ပညာအလှူခံသင်ကြား၍ တတ်မြောက်အောင်မြင်ခဲ့ကြ၏။

သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE IT Education ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့်မန္တလေးမြို့ မြင်းဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသတို့နှစ်ပါး သင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက်ဆရာတော်နှစ်ပါးအား မန္တလေး။ မကွေးခရီးစရိတ်အား ရွှေဒိုမိန်းမိသားစုမှ ကျပ်ငွေနှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်း ကြားသိရ၏။ ယင်းဆရာတော်နှစ်ပါးမှာ မကွေးတိုင်း သံဃာ့နာယက ဥက္ကဌ ဆရာတော် ဦးပညာစက္က၏ ပညာစက္ကာရာမကျောင်းတွင် ဧည့်ခံသတင်းသုံး နေထိုင်တော်မူကြောင်းသိရပါသည်။

အမှတ်စဉ်(၁)သင်တန်းတွင် ကွန်ပျူတာ အခြေခံမှ စ၍ စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများ အခြားကွန်ပျူတာနှင့် ပက်သက်သောနည်းပညာများ၊ တိပိဋက အဘိဓာန် ဆော့ဖ်ဝဲများအား အသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ကွန်ပျူတာ အသုံးပြုနိုင်ရန်အထိ လေ့ကျင့်သင်တန်းပို့ချပေးခဲ့ပြီး ၉၀% သင်တန်းအောင်မြင်ကြောင်းကြားသိ မြင်တွေ့ခဲ့ရပါသည်။

၁၉-၁၂-၂၀၀၉ ၊နေ့၊နေ့လည်(၁)နာရီတွင် ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့်မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင်ရွှေလမ်းငွေလမ်းဝင်းကြည်၊ ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅)ဟိန္ဒူဆိုင်တိုက်တန်း၊ ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင်အလှူရှင်များကိုယ်စား သင်တန်းနည်းပြဆရာတော်များ၊ သတင်းတန်းသားဆရာတော်များနှင့် ဦးဝင်းကြည်+ဒေါ်ခင်စီမိသားစုတို့က အမှတ်စဉ်(၁) သင်တန်းပညာရေးဒါန အလှူအားလုံးကိုယ်စား ရေစက်သွန်းချပြီး အမျှဝေ၊ သာဓုအနုမောဒနာ (၃)ကြိမ်ခေါ်ဆို၍ ကျင်းပပြီးစီး အောင်မြင်ခဲ့ ကြပါသည်။
သင်တန်းအမှတ်စဉ်(၂)အား နွေရာသီ စာချတန်းများ အားလပ်ချိန်တွင် ဆက်လက်ပို့ချသင်ကြားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပညာဒါနသင်တန်းအလှူရှင်များ၊ သင်တန်းတက်ရောက်လိုကြသော သံဃာတော်နှင့်သီလရှင်များ ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။
ဆက်သွယ်ရန် ။ ။ ပညာစက္ကာရာမစာသင်တိုက်ကျောင်း၊ ဦးမာနိတ ဖုန်း ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊ ၀၆၃-၂၆၉၇၀ သို့ဆက်သွယ်နိုင်ကြပါသည်။
၂၀၀၉ ခု၊ ဒီဇင်ဘာလ(၂၁)ရက်၊ညနေ(၅)နာရီ၊ ရေး၏။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP