* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 22, 2009

မဝေပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၃

စာရေးသူဟာ ပရလောက ရှိတယ်ဆိုတာတော့ စာပေကျမ်းဂန်တွေမှာ ဖတ်မှတ်ဖူးတာရော၊ သူများတွေ ကြုံဖူးတာတွေရောကြောင့် လက်ခံပြီးသားပါ၊ ဒါပေမယ့် ဘယ်လိုပုံစံလဲ - ဘယ်လို ရုန်းကန် လှုပ်ရှားနေကြရသလဲ ဆိုတာကတော့ သိချင်ခဲ့တာအမှန်၊

အခုမေးကြည့်ဖို့ အခွင့်ကြုံပြီဆိုတော့ တစပ်တည်းမေးကြည့်မိတယ်၊ အခါတလေတော့ ၀င်ပူးနေဆဲ ပြောဆိုနေတာတွေကို သိပ်မယုံချင်ခဲ့ဘူး၊ ဒါပေမယ့် သူများမသိသေးတဲ့ ကိစ္စတွေကို သူတို့က သိနေတယ် ဆိုတော့ မယုံလို့ မရတော့ဘူး ဖြစ်နေတယ် -ဒါနဲ့ ဆက်ပြီး မေးကြည့်မိပါတယ်-
ကဲ- ဒါဆိုလဲ မဝေ မထူးတော့ ပါဘူး၊ ပြောပြပြီးပြီ ဆိုတော့ ဆက်ပြီးမေးချင်တယ် ဖြေပေးမလား -ဆက်ပြီးလဲ သူတို့က ဒဏ်မပေးလောက်တော့ပါဘူး -
ဘာတွေ မေးမှာလဲ ဦးဇင်းတို့က -

အော် မဝေတို့ ဥစ္စာစောင့်လောကမှာ ဘယ်လို နေထိုင်ရတယ် ဘယ်လိုပျော်စရာကောင်းတယ်ဆိုတာ ပြောပြစမ်းပါ ၊ ငါတို့က ကြားရုံပဲ ကြားဖူးတယ်၊ တခါမှ ကြုံဖူးတာ မဟုတ်တော့ သူများပြောစကား နားထောင်ပြီး ယုံကြည်နေရတာ - အဲဒါကြောင့် သိချင်လို့ပါ ဆိုတော့ -
နည်းနည်း တွေတွေ ငေးငေးလေး စဉ်းစားနေသေးတယ်၊ သူတို့ အရင်ဘ၀ကို သတိရနေတယ် ထင်ပါတယ်၊
နောက်မှ အင်း မေးပါ ၊ ဖြေတာပေါ့ တဲ့ ၊
အဲဒီဘ၀ကို ဘယ်လို စဖြစ်သလဲ မဝေ မှတ်မိသလား-

အင်း မှတ်မိပါတယ်၊ တကယ်တော့ တပည့်တော်က အရင်ဘ၀ က ယောကျားလေးဘုရား၊ လူတိုင်းက စဖြစ်ဖြစ်ချင်း ၁၆ နှစ်အရွယ်ပဲ ဖြစ်ကြတယ်၊ ယောကျားလေး မိန်းကလေးအားလုံး ဒီအရွယ်ပဲ၊ နောက်မှ နည်းနည်းချင်းအသက်ကြီးတဲ့ပုံစံတွေ ဖြစ်လာတာ၊ အဲဒီဘ၀မှာ တပည့်တော်က လူပျိုပေါက်အရွယ်ဆိုတော့ ကောင်မလေးတွေကို လိုက်ပိုးပန်းတာ မှတ်မိနေတယ်၊နောက်ပြီးတော့ တောထဲ တောင်ထဲမှာ ငှက်ပစ်တွေ ဘာတွေလဲ ထွက်ကြတယ်၊
အဲ ဒါဆို နင်တို့က လူ့ဘ၀လို ပဲပေါ့ ၊

ဟုတ်တယ် ဦးဇင်း ၊ ဒီက လူတွေလိုပဲ သွားလာ လှုပ်ရှား ရုန်းကန်နေကြတာပဲ ၊ ထမင်းချက်သူက ချက်၊ ထင်းခွေ သူက ခွေပေါ့ ( ထင်းခွေ ဆိုသည်မှာ တောထဲ တောင်ထဲသွားပြီး သစ်ကိုင်းခြောက်ဖြစ်စေ အစိုကိုဖြစ်စေ ခုတ်ပြီး အိမ်သယ်လာပြီး မီးစိုက်ရခြင်းဖြစ်သည်၊ မှတ်ချက်။ ထင်းမခွေ ဖူးတဲ့ မြှိုသူမြို့သားများ နားမလည်မှာ စိုးလို့ပါ)
တခုတော့ ရှိတယ်၊ တပည့်တော်တို့ မောင်နှမ ၂ ယောက် ထင်းခွေသွားလို့် အပြန်ကျတော့ အဲဒီထင်းတွေ မနိုင်တော့ဘူးဆိုရင် ဦးဦးမည်းမည်းကြီးကို အကူအညီတောင်းလိုက်တာ -

ဘယ်လို အကူအညီလဲ ပြောပါအုံး -
အဲဒီမည်းမည်းကြီးက ဘယ်သူလဲ မဝေ -
အော် တပည့်တော်တို့ကို အုပ်ချုပ် စောင့်ရှောက်နေတဲ့ ဦးဦးပါ၊ သားတို့ ဒီထင်းစည်းကြီးကို မနိုင်တော့ဘူး၊ အဲဒါ ကူညီပါအုံး လို့ တမ်းတလိုက်ရင် ထင်းစည်းကြီးကို သူက သယ်ပြီး အိမ်ကိုရောက်နေရော - ဟင် သူလဲ သယ်ရတာပဲလား ဟ၊ သူက တန်ခိုးနဲ့ ပို့မပေးဘူးလား -
အဲလိုတော့ ပို့မပေးပါဘူး
အော် ကောင်းတာပေါ့ နော အဲလို ကျတော့လဲ -ဟု အားတက်သရော ထောက်ခံပေးနေကြ၏။
ဟုတ်တယ်၊ ဒါကြောင့် ပျော်စရာကောင်းတယ် ပြောတာ၊

ဒါဆို လူတွေလို အိမ်ထောင်ပြုတာတွေလဲ ရှိတာပဲလား -
တင်ပါ ရှိတာပေါ့ဘုရား၊ ဒီလူလောကလိုပါပဲ
ဟင် ဒါဆိုရင်ဖြင့် ပျော်စရာ မကောင်းပါဘူး ဟာ ၊ ဘာကြောင့်လဲ ဆိုတော့ ဒုက္ခတွေလဲ အတူတူပဲကိုး၊
အဲဒါတော့ ဟုတ်တာပေါ့ဘုရား၊ တခြား ပျော်ပွဲ ရွင်ပွဲတွေလဲ ရှိသေးတယ် ၊ အဲဒါလဲ လူတွေလိုပါပဲ -

ဒါဆို လူ့ဘ၀ကို ရောက်လာပုံလေး ပြောပြပါအုံး၊ အဲဒါ ပိုသိချင်တာ လို့ ဆိုတော့ -
တပည့်တော်က လူ့ဘ၀ကို သွားချင်တယ် ဗဟုဿုတ ရအောင်လို့၊ ပျော်စရာ ကောင်းတယ်ကြားလို့ပါ ဆိုပြီး စောစောက ဦးဦးမည်းကြီးကို ပူဆာတာပေါ့ ။
ဟဲ့ မင်း တယောက်ထည်းကိုတော့ မလွှတ်နိုင်ဘူး၊ အဖော်နဲ့ နှယောက်မှ လွှတ်မယ် တဲ့ ၊ ဒါနဲ့ တပည့်တော်က ညီမလေးကို ခေါ်တာပေါ့။ ညီမလေးကလဲ တပည့်တော်ကို ချစ်တယ်လေ၊ တပည့်တော်က သူ့ကို အမြဲတမ်းကာကွယ် စောင့်ရှောက်ပေးထားတာကိုးဘုရား၊

ဘယ်လို ဘယ်လို မဝေက စောင့်ေ၇ှာက်ပေးတယ် ဟုတ်လား၊
ဟုတ်တယ်လေ - တပည့်တော်က ယောကျားလေးဆိုတော့ ဘာဖြစ်လို့လဲ -
တပည့်တော်က လောက်လေးခွ ပစ်တာ တော်တော်လက်တည့်တယ်၊ ဒါကြောင့် သူများတွေက ကြောက်ကြတယ်၊
အော် အဲလိုလား -
နောက်တော့ရော -လူ့ဘ၀ကို ဘယ်လို ၀င်လာသလဲ -
ဒါပေမယ့် လူ့ဘ၀ကို သွားချင်ရင်တော့ ခွင့်ပြုမယ်၊ ဒါပေမယ့် မိန်းကလေးဘ၀နဲ့ပဲ ခွင့်ပြုမယ်၊ ယောကျားလေးဘ၀နဲ့ဆို မရဘူး တဲ့၊
ဘာဖြစ်လို့လဲ လို့ စာရေးသူတို့က ပြိုင်တူမေးမိကြတယ်၊
ဆက်ပါအုံးမည် - -

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP