* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 30, 2009

*မွေးနေ့အမှတ်တရ*



၂၀၀၉-ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၁၀-နှစ်သစ်ကိုရောက်ရှိတောမှာဖြစ်ပါတယ်။
နှစ်ဟောင်းအကုန် နှစ်သစ်ဦးတွင် ကျွန်တော်လူလောကသို့ စတင်ရောက်ရှိလာ ခဲ့တဲ့အမှတ်
တရဒီနေ့လေးမှာနှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုရင်းနဲ့မွေးနေ့အမှတ်တရအနေ
ဖြင့်ဒီပိုစ်လေးကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
ဒီနေ့ဟာ ကျွန်တော်ကိုမွေးမိဖခင်ကျေးဇူးရှင်တို့ ကလူလောကသို့ရောက်ရှိအောင်ကျွေးမွေး
ပြုစုပေးလိုက်တာ(၂၅)နှစ်မြောက်ရှိပြီဖြစ်ပါတယ်။တစ်နည်းအားဖြင့်ကျွန်တော်တို့ဖြတ်သန်း
ခုတ်မောင်းလာတဲ့ဘ၀ရထားကြီးဟာဘူတာအမှတ်(၂၅)ကိုဆိုက်ရောက်လာခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ကတစ်နှစ်တစ်ခါမှမွေးနေ့မှတ်နေကြတာ အမှန်တကယ်တော့အချိန်တိုင်းမွေး
နေ့တွေ၊သေနေ့တွေရှိနေပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေကမွေးနေ့တွေမှာအလှူအ
တန်းတွေလုပ်၊ကိုယ်ရဲ့မွေးမိဖခင်ကျေးဇူးရှင်တို့ကိုမွေးနေ့မှာကျေးဇူးဆပ်ခွင့်ရ၊အပြစ်ကြီးငယ်
တို့ကိုခွင့်လွတ်ကြဖို့တောင်းပန်ခွင့်ရတဲ့ အခွင့်အရေးဟာမြန်မာလူမျိုးဖြစ်ပြီးမြန်မာပြည်မှာမွေး
ဖွားခဲ့လို့အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတွေကိုပိုင်ဆိုင်ခွင့်ရခြင်းဖြစ်ပါတယ်။
ဒီနေရာမှာကျွန်တော် မွေးနေ့မှာ ကျွန်တော်ကို မွေးထုတ်ပေးခဲ့တဲ့ ကျေးဇူးရှင်မွေးမေမေကို
အမှတ်တရ ဖြစ်စေတဲ့အနေနဲ့ ၁၉၁၅ နှစ်က “ဟောင်းဝါဒ်ဂျွန်ဆင်”ဖွင့်ဆိုခဲ့ တဲ့“အမေ”
အဓိပ္ပာယ်လေးကိုဖော်ပြပေးလိုက်ပါတယ်။
ဒီစာလေးကိုကျွန်တော် Forward mail ကနေရရှိခဲ့ခြင်းဖြစ်ပါတယ်။
(M-O-T-H-E-R)
"M" is for the million things she gave me,
"O" mean only that she's growing old,
"T" is for the tears she shed to save me
"H" is for her heart of purest gold;
"E" is for the eyes, with love-light shining.
"R" means right,and right she'll always be,
Put than all together, they spell
"MOTHER"
A words that means the world to me
Howard Johnson(c.1915)
"M" is for the million things she gave me,
အမေ.....အမေပေးခဲ့တဲ့ မေတ္တာတွေ အမေပေးခဲ့တဲ့အရာတွေ အမေ ရင်းနှီးပေးဆပ်ခဲ့တာ
တွေကိုရေတွက်ကြည့်မယ်ဆိုရင် ရေတွက်ဖို့မစွမ်းသာပါဘူးအမေရယ်။
အမေပေးခဲ့တာတွေသိပ်များလွန်းတာတွေ ကိုအကြောင်းပြုပြီး million ဆိုတဲ့ အတိုင်းအဆ
ကြီးမားတဲ့စကားလုံးကိုကိုယ်စားပြုတဲ့ "M"ကို အစပြုခဲ့တာပေါ့ဗျာ။
"O" mean only that she's growing old,
ရင်းနှီးပေးဆပ်ခဲ့တဲ့ဘ၀ပိုင်ရှင်အမေ.......၊ပင်ပန်းခဲ့ရတဲ့ဘ၀ပိုင်ရှင်အမေ...၊နောက်ဆုံးတော့
အမေ ရလာဒ်တစ်ခုဖြစ်တည်လာတယ်လေ။
အိုမင်းခြင်းဆိုတဲ့အရာပေါ့လေ။ကြီးပြင်းလာအောင်အမေစောင့်ရှောက်ခဲ့လို့ လောကအလယ်
မှာလူတစ်လုံး၊သူတစ်လုံး အရွယ်ရောက်လာတဲ့အချိန်မှာအမေအိုသွားပါပေါ့လား။ဒီအရင်းအ
နှီးဟာအမေ့အတွက် နောက်ဆုံးရလာဒ်လားဗျာ။
ဒါကိုအကြောင်းပြုပြီး အိုမင်းရင့်ရော်ခြင်းအဓိပ္ပါယ်ရှိတဲ့ Old ဆိုတဲ့စကားလုံးလေးထည့်သွင်းခဲ့
တယ်။
"T" is for the tears she shed to save me
သားသမီးတွေကို အကြောင်းပြုပြီး ၀မ်းသာလို့ ကျခဲ့ရတဲ့ မျက်ရည်တွေ သားသမီးတွေကို အ
ကြောင်းပြုပြီး ၀မ်းနဲလို့ ကျခဲ့ရတဲ့ မျက်ရည်တွေဟာ သားသမီးတွေဘ၀ ရှင်သန်စေဖို့ကြိုးစား
ရုန်းကန်ခဲ့တဲ့ ဘ၀ကြမ်းကြီးမှာ ကျခဲ့တဲ့မျက်ရည်တွေအမေတိုင်းမှာ ကိုယ်စီရှိနေကြတယ်။
မိခင်တွေရဲ့ နှလုံးသားငိုရှိုက်သံလို့ ခေါ်ရသလို သားသမီးတွေအတွက် ရင်းနှီးခဲ့ရတဲ့မျက်ရည်
တွေပေါ့ဗျာ။ ဒီ ပုလဲမျက်ရည်တွေ အရင်းအနှီးနဲ့မိဘဖြစ်နေသူရဲ့ ဂုဏ်ပုဒ်ကိုဖော်ကျူးတဲ့အနေ
နဲ့ "Tear" ကိုထည့်သွင်းခဲ့ပါတယ်ဗျာ။
"H" is for her heart of purest gold;
သန့်ရှင်းတဲ့မေတ္တာ၊အရောင်အသွေးကင်းတဲ့မေတ္တာရှင်ကို လောကထဲရှာကြတော့မယ်ဆိုရင်
အမေ့ရဲ့ မေတ္တာကိုဘဲ အသန့်ရှင်းဆုံး အရောင်အသွေး အကောင်းဆုံး အအေးမြဆုံးမေတ္တာ
အဖြစ်တွေ့မြင်ပါတယ်။ ဒီအရည်အသွေးတွေရှိတဲ့ နှလုံးသားပိုင်ရှင် ဖြစ်တယ်လို့ ဖော်ကျူးတဲ့
"H" ဆိုတဲ့စာလုံးလေးထည့်သွင်းရေးသားပါတယ်ဗျာ။
"E" is for the eyes, with love-light shining.
သားသမီးတွေက်ုအရိပ်တကြည့်ကြည့်နဲပ ကြည့်နေတတ်တဲ့အမေ့မျက်ဝန်းတွေကိုပြန်ပြောင်း အောက်မေ့သတိရတယ်အမေ၊အမေ့မျက်လုံးအိမ်တွေတောက်ပနေတယ်။သားသမီးတွေရဲ့
အကျိုကိုလိုလားတဲ့ ၊အပြစ်ဖြစ်မှာကိုမလိုလားတဲ့၊မေတ္တာအရောင်တွေတောက်ပနေတဲ့မျက်
ဝန်းတွေ အမေ့မှာရှိတယ်။လောကမှာအလှဆုံးမျက်ဝန်းပိုင်ရှင်ဟာအမေပါဘဲဗျာ။
ဒီလိုမျက်ဝန်းတွေရှိတဲ့အမေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ "E"ဆိုတဲ့စာလုံးလေးကိုထည့်သွင်းရေးသား
ပါတယ်။
"R" means right,and right she'll always be,
များလှတဲ့ ဗဟုသုတရှိသလို၊ ခေတ်ကိုအမှီလိုက်နိုင်လို့(ဒါမှမဟုတ်)နည်းသောဗဟုသုတရှိတဲ့
အပြင် ခေတ်နဲ့ရင်ဘောင်တန်း မလိုက်နိုင်တော့လို့ (သို့မဟုတ်) အကြောင်း အမျိုးမျိုးကြောင့်
တားမြစ်ခဲ့တာတွေ၊ခွင့်မပြုဘဲပိတ်ပင်တားမြစ်ခဲ့တာတွေထဲမှာအမှားဆိုတဲ့အရာတွေရှိကောင်း
ရှိနိုင်မယ်နော်။
ဒါပေမယ့်အမေဘယ်တော့မှမမှားပါဘူးဗျာ။အမေအမြဲမှန်ပါတယ်။ အမေံမှာမှန်ကန်တဲ့တရားအမြဲရှိနေပါတယ်၊ဒါတွေဟာအမေံရဲ့စေတနာပါ၊
အမေဟာ သားသမီးတွေနဲ့ ပက်သက်လာရင်ဘယ်တော့မှ မမှားဘူး။မှန်ကန်တဲ့ စေတနာ၊
မေတ္တာတွေရှိတယ်၊ သားသမီးတွေအကျိုးမဲ့အောင်ပြုမယ်ဆိုတဲ့စေတနာအမှားအမေ့မှာမ၇ှိ
ခဲ့ဘူး။
ဒီလိုမှန်ကန်မှု့တွေအမြဲရှိတဲ့ အမေ့အတွက် Right ဆိုတဲ့ "R" ကိုထည့်ရေးပါတယ်ဗျာ။
အားလုံးပေါင်းစပ်လိုက်တော့( MOTHER) အမေဆိုတဲ့ စကားလုံးလေးဖြစ်ပေါ်လာပါတယ်။
အမေဆိုတဲ့ နေရာကိုဘယ်လိုမှ အစားထိုးလို့ အစားထိုးနိုင်မယ့်သူမရှိနိုင်သလို၊ဖ၀ါးလက်နှစ်
လုံး ပခုံးလက်နှစ်သစ်လူဖြစ်အောင်မွေးကျွေးခဲ့တဲ့မွေးမိဖခင်ကျေးဇူးရှင်တို့၏မွေးကျေးဇူးကို
လောကီနည်းနဲ့လည်းဘယ်လိုနည်းနဲ့မှကျေအောင်မဆပ်နိုင်ပါဘူး။
ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင်ဟာ မယ်တော်မိနတ်သားနဲ့ မိထွေးတော်ဂေါတမီတို့ကို
တရားရေအေးအမြိုက်ဆေးကျွေးပြီးတော့ မိဘကျေးဇူးကိုကျေအောင်ဆပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်မိဘကျေးဇူးကိုကျေအောင်ဆပ်နိုင်တာကတော့ လောကုတ္တရာနည်းနဲ့ အယူလွဲမှား
နေသောမိဘကိုအယူမှန်ကန်လာအောင်၊တရားဘာဝနာများပွားများအားထုတ်နိုင်အောင်ပြု
လုပ်ခြင်းဖြင့်သာမိဘကျေးဇူးကိုဆပ်ရာအမှန်ရောက်မှာဖြစ်ပါတယ်။
မွေးနေ့ရှိသလိုမွေးပြီးရင်သေရမှာဆိုတော့သေနေ့ဆိုတာလည်းရှိပါတယ်။မွေးနေ့ဆိုတာကိုယ်
သေရမှာတစ်နှစ်နီးလာပြီဆိုတာကို ခေါင်းလောင်းတီးပြီးအချက်ပေးလိုက်တာဘဲဖြစ်ပါတယ်။
ဆရာတော်အရှင်ဇနကဘိဝံသရေးသားခဲ့သောကဗျာတစ်ပုဒ်ရှိပါတယ်။
ငါနှင့်ရွယ်တူငါ့အောက်လူ၊ကြီးသူသေကြများလှပြီ။
ခဏမစဲ၊အိုစမြဲ၊ငါလည်းသေဘက်နီးခဲ့ပြီ။
မသေရမီ၊ပါရမီ၊ငါသည်ဖြည့် မှ၊သင့်တော်မည်။
ဒါကြောင့်မသေမီကာလအတောအတွင်းလောကီအကျိုး၊လောကုတ္တရာအကျိုးကိုဆောင်ရွက်
ရင်းနဲ့မိဘကျေးဇူးကိုဆပ်နိုင်အောင်သားကောင်း သမီးကောင်းလေးများဖြစ်အောင်ကြိုးစားရ
မှာဖြစ်ပါတယ်။
မွေးနေ့ရောက်တိုင်းအဝေးရောက်နေသောညီအစ်ကို မောင်နှမများအားလုံးရဲ့ရင်ထဲမှာလည်း
ကျွန်တော်နဲ့ ထပ်တူမွေးနေ့ရောက်တိုင်းကိုယ်ရဲ့ မွေးမိဖခင်ကျေးဇူးရှင်တို့ကို ကိုယ်တိုင်ကိုယ်
ကျအနီးကပ် လက်စုံမိုး၍ ရှိခိုးကန်တော့ တောင်းပန်ချင် ကြပေမယ့် အခြေအနေ အရပ်ရပ်
ကြောင့်ဝေးတစ်နေရာမှနေကြရပေမယ့်နှလုံးသားမှာတော့အဖေ၊အမေဆိုတာကိုအမြဲထာဝ
ရတမ်းတ မှန်းဆလွမ်းနေရပါတယ်ဆိုတာတော့ကျွန်တော်ကိုယ်တိုင်ခံစားသိရှိရပါတယ်။
ကျွန်တော်ရဲ့မွေးနေ့မှာအဝေးရောက်နေသောသားတစ်ယောက်အနေနဲ့မိခင်၊ဖခင်တို့ကိုလက်
စုံမိုး၍ဒီပိုစ်လေးနဲ့အတူရှိခိုးကန်တော့လိုက်ပါတယ်။
အဖေနဲ့အမေကျန်းမာချမ်းသာပါစေလို့ဝေးတစ်နေရာမှသားဆုတောင်းလိုက်ပါတယ်။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
အားလုံးကျန်းမာချမ်းသာကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP