* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 30, 2009

သာသနာပြုခြင်း နှင့် လူသားအကျိုးပြုလုပ်ငန်း

Missionary - ဟူသည် ဘာသာရေးကို သင်ပြခြင်းဖြစ်၍
Ministry - ဟူသည် လူသားတို့ အကျိုးပြုလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်ခြင်းကြောင့် Missionary - နှင့် Ministry -တို့သည် ခွဲ၍ မရသော တွဲလျက် လုပ်ရမည့်အလုပ်မျိုး ဖြစ်သည်။
မြတ်ဗုဒ္ဓ၏ (၄၅) နှစ်တာ ကြာညောင်းသော ဘ၀ခရီး၌
Missionary - နှင့် Ministry ကို
အတွဲလိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ကောင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။
ဘုရားဖြစ်ပြီး ၂ - လ အကြာ တပည့်ဟောင်း (၅) ယောက်တို့အား ဟောကြားသော
တရားနှစ်ပုဒ်မှာ ဘာသာရေး သမိုင်း၌ အပြောင်မြောက်ဆုံးသော
Missionary - ဆိုတာကို
တွေ့မြင်ကြရမည်ဖြစ်သည်။
အမှန်တရား ငုတ်လျှိုးလွန်း၍ တွေဝေလွန်းလှသော သတ္တ၀ါ အပေါင်းတို့၏ လောက၀ယ်သစ္စာတရားကို ဖော်ထုတ်ပြခြင်း၊
အစွန်းရောက်လမ်းကို လျှောက်နေကြသော သတ္တ၀ါ
အပေါင်းတို့အား အစွန်းလွန်းသည့် အလယ်လမ်းကို ညွန်ပြခြင်း၊ အတ္တဆန်လွန်းသည့်ကမ္ဘာလောက၀ယ် အနတ္တ ကို ဟောဖော်ပြခြင်း၊ တစ်ကိုယ်ကောင်း တစ်ယောက်ကောင်းဆန်သောကမ္ဘာလောက၀ယ် အများအကျိုး သယ်ပိုးရန် လောကတ္ထစရိယ ကို ညွန်ပြတော်မူခြင်း
စသည်တို့သည် ဘာသာရေးသမိုင်း၌ အမြင့်မြတ်ဆုံးသော ဘာသာရေး သင်ပြမှု Missionary - ပင်ဖြစ်သည်။
မြတ်ဗုဒ္ဓ၏ (၄၅) နှစ်မျှသော Missionary - ခရီး၌ အထက်ဖော်ပြပါ လုပ်ငန်းများသည်
အဓိကကျ ဦးစားပေးလုပ်ငန်းများ ဖြစ်သည်ကို တွေ့ကြရမည်ဖြစ်သည်။
Missionary - လုပ်ငန်းကို ဆောင်ရွက်ရာ၌ Ministryဟူသော လူမှု အကျိုးပြု လုပ်ငန်းများကိုလည်း တွဲဖက် ဆောင်ရွက်ကြရန် လိုအပ်ပေသည်။
မြတ်ဗုဒ္ဓ၏ (၄၅) နှစ်ကြာညောင်းသော
Missionary - အလုပ်သည် Ministry နှင့်
တွဲဖက်၍ လုပ်ကိုင်ဆောင်ရွက်ကြောင်း ကောင်းစွာ သတိပြုရမည် ဖြစ်သည်။
ဥပမာ-
မစင်ကျုံးသမား သုနီတ ၏ ဘ၀ကို မြှင့်တင်ပေးခြင်း၊
အမ္ဗပါလီ ပြည့်တန်ဆာမ၏ ဘ၀ကို မြှင့်တင်ပေးခြင်း၊
ရာဇ၀တ်သားကြီး အဂုင်္လိမာလ ၏ ဘ၀ပြစ်မှုတို့ကို ဆေးကြောသုတ်သင် သန့်စင်ပေးခြင်း၊
ခိုးကိုးရာမယ့်နေသော ရာဓ ပုဏ္ဏားကို အားကိုးရာပေးခြင်း၊
သားသမီးတို့၏ စွန့်ပစ်ခြင်း ခံရသော သူအိုမ သောဏာကို ခိုကိုးရာပေးခြင်း၊
အမှိုက်ပုံးတွင် စားစရာရှာနေသော လောသကတိဿ ကလေးငယ်၊
သုဿာန်တွင် မိဘမဲ့ဖြစ်နေသော သောပါက ကလေးငယ်တို့ကို မွေးမြူစောင့်ရှောက်၍
အထက်တန်းကျကျ ဘ၀လှလှ ဖြစ်အောင် လုပ်ဆောင်ပေးခြင်း၊
ဘ၀ပျက်၍ သောကရောက်နေရှာသော ပဋာစာရီ ကို အားကိုးရာပေးခြင်း၊
ရောဂါနှိပ်စက်ခံရသည့် တိဿ ရဟန်း စသည်တို့ကို ဆေးပေးခြင်း၊ သူနာပြုပေးခြင်း.......
စသည်......စသည်တို့မှာ မြတ်ဗုဒ္ဓ၏ လူမှုရေး ဆောင်ရွက်ချက် Ministry လုပ်ငန်းများပင်
ဖြစ်ပေသည်။
ယနေ့ မျက်မှောက်ခေတ်၌ ဘာသာရေးခေါင်းဆောင် အားလုံးတို့၏ တာဝန်မှာဤ Missionary - နှင့် Ministry လုပ်ငန်းကြီး နှစ်ရပ်ကို ပူတွဲထမ်းဆောင်သွားကြဖို့
အထူးပင် လိုအပ်ပါသည်။
အဘယ်ကြောင့် ဆိုသော်
`ဦနော သဗ္ဗော လောကော- လောကကြီး တခုလုံးမှာ လိုနေသည်´ ဟု မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့ပါသည်။
ဘာတွေများ လိုအပ်နေပါသနည်း.........
ယနေ့ မျက်မှောက်ခေတ်၌ လူကြီး လူငယ် အများစု အတွက် ကိုယ်ကျင့်တရားများ
လိုအပ်နေပါပြီ၊ နိုင်ငံတိုင်း၏ လူငယ်တိုင်းတွင် ကိုယ်ကျင့်တရားမှာ ဗလာနီးနီး Morally bankrupt-
ဖြစ်နေပါပြီ။ စိတ်ဓာတ်ရေးရာမှာလည်း မကောင်းမှု နှင့် ကောင်းမှုကိုပင် မသိတတ်
အများအကျိုး ဆောင်ရွက်လိုသည့် စိတ်ဓာတ်လည်း ခေါင်းပါး၊
ဒုက္ခရောက်လိုသူကို စောက်ရှောက်လိုသည့် စိတ်ဓာတ်လည်း ကင်းမဲ့ နေကြပေပြီ။
ဒါတွေကို ဘယ်လိုပြုပြင်ကြမည်နည်း.........
မြန်မာပြည်နေရာ အနှံ့အပြားမှာ ဆင်းရဲငတ်မွတ်နေကြသော ဗုဒ္ဓဘာသာဝင်များ
မြောက်မြားစွာသော အကူညီတွေကို လိုအပ်နေသော အစွန့်ပယ်ခံ လူသားများ ရှိနေကြပါသည်။
ဒါတွေကို ပြုပြင်ပေးရန် ကြွယ်ဝချမ်းသာသော ဘာသာရေးခေါင်းဆောင်များ၊
ကြွယ်ဝချမ်းသာကြသော ဗုဒ္ဓဘာသာဝင် ကြေးရေတက် လူချမ်းသာများ အနည်းငယ်မျှငဲ့ကြည့်၍ အကူညီပေးဖို့ သင့်နေပါပြီ။
လိုအပ်နေသော လူမှုရေး လုပ်ငန်းများ အတိုးချ၍
လုပ်ဆောင်ပေးကြဖို့ သင့်ပါပြီ။
အဘယ်ကြောင့် တိုက်တွန်းနေရသနည်း ဟူမူ တကယ်လိုနေသော နေရာ၊
အစွန့်ပယ်ခံ လူသားများကို ကိုယ်တိုင်ကိုယ်ကျ ဆုံတွေ့ခဲ့ရသောကြောင့်ဖြစ်ပေ၏။
11.12.2009 ရက်နေ့က စကာင်္ပူမှ ကိုကြီး ရဲ့ ရေတွင်းအလှူကို လိုက်ပါသွားရင်း
စစ်ကိုင်းက ရွာကလေးတရွာ သို့ရောက်ရှိခဲ့ပါ၏။
ရေရှားပါးတဲ့ ရွာကလေးဖြစ်တဲ့ အပြင်၊ ကျေးရွာ လူသားများဟာလည်း
အပယ်ခံဘ၀ ရောက်နေကြရတာ တွေ့ရတော့ လွန်စွာပဲ စိတ်မကောင်း ဖြစ်ခဲ့ရပါသည်
ရွာရဲ့ နာမည်လေးက မြရတနာ လို့ဆိုပါတယ်။ ရပ်ကွက်လို့လဲ ခေါ်ပါတယ်။ ဒါပေမဲ့ အဆိုပါရွာကလေးဟာ အခြားသော ရွာများနဲ့ မတူပါဘူး။
ကိုယ်အရေပြားရောဂါသည်များ စုပေါင်းနေထိုင် ကြတဲ့ ရွာကလေးပါ။
ပတ်ဝန်း ကျင် ရွာများ ရှိလင့်ကစား ထိုရွာကလေးဟာ ချောင်ကျပြီး ခေါင်တယ်လို့ ဆိုရမလိုပါပဲ။ အပစ်ပယ်ခံလူတွေရဲ့ ဘ၀ ၊ အနိမ်ခံသက်သက် လူတန်းစားများပမာ သိမ်ငယ်စွာနဲ့ ဖြတ်သန်းနေရတဲ့ ရွာကလေးပါ.။
အထက်ပါရွာကလေးသည် ရေအခတ်အခဲနှင့် ကြုံတွေ့ နေရသည်မှာ ဆယ်စုနှစ်တစ်စု ပြည့်တော့မည်ဖြစ်သည်ဆို၏။
ရန်ကုန်မြို့ပြ၏ အထပ်တိုက်များ ရှိရာနေရာများတွင် ပေလေးဆယ်ကို ၁လုံးရှိသော ရေစက်များသည် ထိုရွာတစ်ရွာလုံးပေါင်းလို့ မရှိရှာ၊
ရေတွင်းဆိုသည်မှာဝေးစွ၊ ထို့ကြောင့် အတန်ငယ်ဝေးသော အရပ်သို့ ရေသွားခပ်ရသည်။ ရေခပ်ရာတွင်လည်း ကိုယ်အရေပြားရောဂါသည်များရပ်ကွက် က ဟု ဆိုကာ
ဟိုလူကျင် ဒီလူဖယ်နှင့် ထို့ကြောင့် သောက်ရေ နှင့် ထမင်းချက်ဖို့ရလျှင် ကျေနပ်ကြသည်။ချိုးတဲ့ရေကတော့ မနေနိုင်မှ ချိုးကြသည်ဟုဆိုသည်။ ထိုသူတို့နေထိုင်သော အိမ်များထဲတွင်လည်း ချွေးစော် သေးစော်တို့ နံဟောင်နေပေသည်။
ရေရှားပါးတဲ့ ရွာကလေး အစွန့်ပယ်ခံ ရွာသားများ နေစဉ် ကြုံတွေ့နေရသော ဒုက္ခတို့ပင်တည်း။




ယခုတော့ ထိုဒုက္ခတွေ အားလုံး ရပ်တန့်သွားလိုက်နိုင်ပါပြီ။
တကယ်လိုအပ်နေသော နေရာလေးကို ဖြည့်ဆည်းပေးလိုက်သူတို့က
ဒီရွာကလေး ကို စတင် သတိပြုမိသူဆရာတော် ဦးကောဝိဒ၊
အလှူရှင် ပေါ်ပေါက်လာအောင် ဖော်ပြပေးသူ ကိုကိုညီညီ( ကိုညီ ) ၊
ရေတွင်း လှုဒါန်းသူက ကိုရီး (စကာင်္ပူ) တို့ ကောင်းမူဖြင့်
ရွာကလေးရဲ့ တကယ်လိုအပ်နေသော အရာတို့ကို မြတ်ဗုဒ္ဓ အလိုကျ
Missionary - အလုပ်နှင့် Ministry
တွဲဖက်၍ လုပ်ကိုင်ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ကြပါသည်။
ထိုကဲ့သို့သော အစွန့်ပယ်ခံရွာများ၊ ဆင်းရဲ ငတ်မွတ်နေကြသော နေရာများ
မြန်မာပြည်၌ မြောက်မြားစွာ ရှိပါသည်။
မလိုအပ်တော့သော နေရာများတွင် သိန်းပေါင်း ထောင်သောင်းချီ အကုန်ကျခံကာကျောင်းဆောက် လှူဒါန်းနေမည့် အစား
တကယ်လိုအပ်နေသော
တကယ်ချို့တဲ့နေသော နေရာများကို တတ်စွမ်းသမျှ ကူညီထောက်ပံ့မူတွေ
ပေးကြမည်ဆိုလျှင်....................

`ဦနော သဗ္ဗော လောကော- လောကကြီး တခုလုံးမှာ လိုနေသည်´ ဟု မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့သည့် အတိုင်း လိုအပ်နေသော နေရာလေးကို ဖြည့်ဆည်းပေးကာ Missionary - အလုပ်နှင့် Ministry အလုပ်ကို တွဲဖက်လုပ်ကိုင်ကာ သာသနာပြု လှူဒါန်းခဲ့သော ကိုကြီး (စကာင်္ပူ) ကဲ့သို့
တန်ဖိုးရှိလူသားများ၊ အများအကျိုး သယ်ပိုးပေးကြမည့် ပုဂ္ဂိုလ်များ
များစွာ ပေါ်ပေါက်ပါစေဟု ဆုတောင်းမေတ္တာပို့သလျက်
ကိုယ်တိုင် လိုက်ပါခွင့်ရခဲ့ကာ မြင်တွေ့ခွင့် ရခဲ့သော ကိုကြီး ရဲ့ အလှူကို
ယခု ဒီစာကို ရေးနေစဉ်ပင် ကြည်နူးစွာပေါ်ပေါက်လာသော ပီတီအဟုန်ဖြင့် သာဓုခေါ်ကာ
အဆုံးသတ်လိုက်ရပါတော့သည်..........

သာသနာပြုကာ လူသားတို့ အကျိုးကို ဆောင်ရွက်နိုင်ကြသော
အမျိုးကောင်းသား အမျိုးသမီးများ မြောက်များစွာ ပေါ်ပေါက်ပါစေ......


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP