* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 30, 2009

အလှူဒါနပြုလုပ်ရာတွင် မရိုမသေ ပေးလှူခြင်းနှင့် ရိုရိုသေသေ ပေးလှူခြင်း၏ အကျိုးပေးခြားနားချက်….

တစ်စုံတစ်ယောက်သည် (လှူဖွယ်ပစ္စည်းက) ယုတ်ညံ့သည် (တန်ဘိုးနည်းသည်)ဖြစ်စေ မြင့်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူသည့်အခါ ထိုအလှူကို မရိုမသေ လှူပါမူ၊ စိတ်မပါပဲ လှူပါမူ၊ မိမိလက်ဖြင့် ကိုယ်တိုင်မဟုတ်ဘဲ လှူပါမူ၊ လွှင့်ပစ်သကဲ့သို့ လှူပါမူ၊ ကံကံ၏ အကျိုးရှိ၏ဟု အယူမရှိဘဲ လှူပါမူ ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော အ၀တ်ကို သုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ယာဉ်ကိုသုံးဆောင်ရန် စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်မညွတ်၊ ထိုအလှူရှင်၏ သားမယား ကျွန်အစေခံ အလုပ်သမားတို့သည်လည်း (ပြောစကားကို) မနာခံကုန်၊ နားမထောင်ကုန်၊ သိရန်စိတ်ကို မထားကုန်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟုမူကား “မရိုမသေ ပြုမူအပ်သော (ကောင်းမှု)ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း”။

(အပြန်အားဖြင့်) တစ်စုံတစ်ယောက်သည် (လှူဖွယ်ပစ္စည်းက) ယုတ်ညံ့သည်ဖြစ်စေ မြင့်မြတ်သည်ဖြစ်စေ အလှူကို ပေးလှူသည့်အခါ ရိုရိုသေသေ လှူပါမူ၊ စိတ်ပါဝင်စားစွာ လှူပါမူ၊ မိမိလက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ လှူပါမူ၊ လွှင့်ပစ်သကဲ့သို့ မဟုတ်ဘဲ လှူပါမူ၊ ကံကံ၏အကျိုးရှိ၏ဟု အယူရှိ၍ လှူပါမူ ထိုအလှူ၏ အကျိုးဖြစ်လေရာတိုင်း၌ မွန်မြတ်သော အစာကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော အ၀တ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ရန် စိတ်ညွတ်၏၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ရန် စိတ်ညွတ်၏၊ ထိုအလှူရှင်၏ သားမယား ကျွန်အစေခံ အလုပ်သမားတို့သည်လည်း ပြောစကားကို နာခံကုန်၏၊ နားထောင်ကုန်၏၊ သိရန်စိတ်ကို ထားကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟုမူကား “ရိုရိုသေသေ ပြုအပ်သော (ကောင်းမှု)ကံတို့၏ အကျိုးသည် ဤသို့ ဖြစ်တတ်သောကြောင့်တည်း”..။ (အံ၊ ၉၊ ဝေလာမသုတ်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP