* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 30, 2009

မဝေ ပြောပြသော ဥစ္စာစောင့် ကမ္ဘာ အပိုင်း ၅

စာရေးသူ တို့မှာတော့ ဒဏ္ဍာရီ ဆန်ဆန် ဇာတ်လမ်းကို နားထောင်နေရသလို ယုံရ ခက်ခက် မယုံရခက်ခက် အခြေအနေပေါ့၊ သို့ပေမယ့်လဲ ကာယကံရှင်က ပြောနေတာ ဆိုတော့လဲ မယုံလို့ မရ ဖြစ်နေမိတယ်၊
ကဲ - ထားပါတော့လေ - ဒါဆိုရင် မဝေတို့က ဒီဘ၀မှာ နှစ်ယောက်လုံး သိုက်ကြိုးမဖြတ်ကြတော့ဘူးပေါ့၊ ဟုတ်လား - ဆိုတော့ -
တင်ပါ အခုမှ တော့ မလွယ်တော့ဘူးလေ ဘုရား တဲ့ ၊

အဲဒီ အစောင့်အရှောက် တွေ အကြောင်းကို စကားစပ်မိလို့ ပြောရအုံးမယ် ၊ တနေ့မှာပေါ့ မဝေက သူ့ ကောင်လေး နဲ့ လျောက်လည်ပြိး ပြန်လာတာ မကြာသေးဘူး၊ ကျောင်းလဲ ရောက်ရော ၀င်ပူးပါလေရော -
ဟာ လာပြန်ပြီ ဟေ့ သူငယ်ချင်းတို့ရေ - အခု လာတာက ဘယ်သူလဲ မသိဘူး သေချာ ဂရုစိုက်နေကြအုံးစို့
လို့ ဦးဇင်းတွေ အချင်းချင်း နှိုးဆော်ကြတယ်၊
ထင်တဲ့ အတိုင်းပါပဲ - ဒီတခါလာတာ သိုက်က မဝေရဲ့ အဖွား ဆိုပဲ ၊ အင်း အတွေ့အကြုံရတာပေါ့လေ၊ စောင့်ကြည့်ကြမယ် ဆိုပြီး အသာငြိမ်နေလိုက်ကြတယ်၊

မကြာပါဘူး အဖွားကြီးအသံ နဲ့ အနားမှာ ရှိနေတဲ့ ခင်မောင်ထွန်း ဆိုတဲ့ မဝေ ကောင်လေးကို စိုက်ကြည့်ပြီး ပြောတယ်၊
ဟေ့ သားလေး ဖိုးခွား၊ လို့ ဆိုတော့ ကောင်လေးက တုန်တုန်ယင်ယင်နဲ့ ဟုတ်ကဲ့ အဖွား တဲ့ ၊
အေး အဖွား မြေးမလေးကို ဖိုးခွားက အတည်အတံ့ တကယ်ပေါင်းသင်းမှာ ဟုတ်ရဲ့လား လို့မေးတော့ ဟိုကောင်လေးကလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဟုတ် ပေါင်းသင်းမှာပါ အတည်ချစ်တာပါ လို့ ပြန်ဖြေရှာတယ်၊

တကယ် မယုံနိုင်စရာပဲ ၊ မဝေက အဖွားကြီး အသံနဲ့ ပြောနေတာ၊ ဟန်လုပ်ပြောနေတယ် ဆိုရင်လဲ ရိပ်မိစရာ အကြောင်းရှိတယ် အခုတော့ ကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြားနေရတာဆိုတော့ မယုံလို့ မရပြန်ဘူး။
ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် အကြောင်း မေးရင်းနဲ့ ထူးခြားတာ သိပ်မရှိလိုက်ဘူး ၊ တစ်ခါ ပြီးသွားပြန်တယ်၊ သူတို့ နှစ်ယောက်ကတော့ ဆက်လက် တွဲဖြစ်နေကြတယ်၊ အခုချိန်မှာ ဘယ်လို ဖြစ်နေကြပြီလဲ ဆိုတာ အဆက်အသွယ်မရှိတော့တဲ့ အတွက် မသိရတော့ပါဘူး၊

တနေ့မှာပေါ့ - - -
အဲဒီတနေ့က တော့ မိမိတို့အတွက် မှတ်မှတ်ရရ ရှိနေမယ့် နေ့ပါ၊ လွန်ခဲ့တဲ့ ၇ နှစ်ကျော်၂၀၀၃ ခုနှစ်က အဖြစ်အပျက်ဆိုတော့ ရက်စွဲကို မမှတ်မိတော့ပါဘူး၊ ညနေပိုင်း ၃ နာရီလောက်မှာ မောင်ခင်မောင်ထွန်း နဲ့ မဝေ က ရွှေတိဂုံဘုရားပေါ် ဘုရားဖူး တက်ကြမယ် ၊ ဦးဇင်းတို့ရော လိုက်ပို့ပေးပါ တဲ့၊ တကယ်တော့ သူတို့က ရောက်ဖူးပြီးသားပါ၊ ဘုရားနဲ့ နီးနေတဲ့ အတွက် ခဏ တိုင်း လမ်းလျောက်ရင်း တက်ဖြစ်ခဲ့ကြတယ်။အဖွဲ့လိုက် ဘုရားပေါ် ကို အေးအေးဆေးဆေး စကားပြောရင်း သူတို့ ၂ ယောက်က ရှေ့ဆုံးကပေါ၊့ စာရေးသူတို့က နောက်ကနေ တဖွဲ့လိုက်ကြတယ်၊

အဲဒီမှာ ပြဿနာ စတာပါပဲ ၊ မဝေ ရဲ့နောက်ကို အခါတိုင်း နောက်က လိုက်နေကျ သိုက်က အကို ကြီးတင် မကပဲ ကြေးသွန်းဘုရားကြီးမှာ ရှိနေတဲ့ ဥစ္စာစောင့် ညီမ ငါးယောက်ထဲက အငယ်ဆုံးလို့ ဆိုရမယ့် ညီမငယ်တယောက်က သူ့ကို စကားလိုက်ပြောနေတယ် လို့ ဆိုပါတယ်၊ ( စကားချပ် = ဒါကတော့ ပြန်လာပြီး ကျောင်းမှာ ကိုယ့်နေရာ ကိုယ်ရောက်မှ ၀င်ပူးပြီး ပြောပြတဲ့ စကားအရ သိရပါတယ်)
ဒါကြောင့်လဲ သူ့ ကောင်လေးနဲ့ စကားပြောနေချိန်မှာ ကောင်လေးကိုလဲ စကားပြန်ပြောရ နောက်ပြီး မလှမ်းမကမ်းကနေ ပါလာတဲ့ ဥစ္စာစောင့် ကောင်မလေးကိုလဲ ပြန်ပြီး ပြောနေရမို့ သူ့မှာ အာရုံ နှစ်ခု ဖြစ်နေပါတယ်၊ သူ့စကားအရ အဲဒီကောင်မလေးက ဘုရားပေါ် အထိ လိုက်လာပြီး နောက်ကနေ တကောက်ကောက် လိုက်စကားပြောနေပါ တယ် တဲ့။

ထားလိုက်ပါတော့ - ကျောင်းကို ပြန်ရောက်တာ နားလို့ မကြာသေးဘူး၊ နာရီဝက်လောက်ပဲ ရှိမယ် ထင်တယ်၊ ၀ိုင်းစုပြီး စကားထိုင်ပြောနေချိန် မောင်ခင်မောင်ထွန်းက စိတ်ကောက်ပါလေရော - ဘာဖြစ်လို့လဲ ဆိုတော့ မဝေက သူ့ကို အရေးတယူ စကားမပြောဘူး ဂရုမစိုက်တော့ဘူးပေါ့ ၊ ဒါကြောင့် သူက စိတ်ကောက်တယ် ဆိုပဲ၊ အဲဒီမှာ သူ့ကို တကယ် သံယောဇဉ် ရှိရှာတဲ့ မဝေ က ၀မ်းနည်းနေတယ်၊ အပေါ်ယံက စကားပြောနေပေမယ့် သူ့ စိတ်ထဲမှာတော့ ကြိတ်ပြီး ငိုနေမယ် ထင်တယ်၊
မှတ်ချက် ။ မဝေ ၀မ်းနည်းနေဆဲဖြစ်တဲ့အတွက် ၀င်ပူးလိုသူက စိတ်ရှည်ရှည် စောင့်ဆိုင်းနေပါတယ်။ အဲဒီအချိန်မှာပဲ မဝေက မျက်နှာသုတ်ပ၀ါ တောင်းပြန်တယ်၊

ဘာ ဖြစ်ပြန်ပြီလဲ မဝေ - -
တင်ပါ့ ဦးဇင်းတို့ ထဲက ဦးသောဘန ဆိုတဲ့ ဒီဦးဇင်းကို ကောင်မလေး တစ်ယောက်က စကားပြောချင်လို့ ပြောခွင့်ပြုဖို့ ခွင့်တောင်းနေတယ် - အဲဒါ ခွင့်ပြုမလား တဲ့၊
ဟဲ့ ကြံကြံ ဖန်ဖန် ဘယ်ကကောင်မလေးမှ တို့မှာ မရှိဘူး၊ မတွေ့ချင်ပါဘူး၊ အဲလိုပြောလိုက် -ဆိုတော့
ကျန်တဲ့ ဦးဇင်းလေး တပါးက စပ်စပ်စုစု ၀င်မေးတယ် -
ဘယ်က ကောင်မလေး တဲ့လဲ မဝေ -
သိုက်က ပါပဲ ဘုရား၊ သူက ကြေးသွန်းဘုရားကြီးမှာ နေနေတဲ့ ညီမ ငါးယောက် ထဲက အငယ် ဆုံးလေးပါ၊ သူက တပည့်တော်အပေါ် မှာကျေးဇူးရှိခဲ့ ဖူးတယ်ဘုရား ၊ ဒါကြောင့် တပည့်တော်ကလဲ သူ့ကို ကူညီပေးချင်လို့ပါ - -
ဟင် - - - -
ဆိုပြီး စာရေးသူ တို့ ပြိုင်တူ မျက်နှာချင်းဆိုင် ကြည့်မိလိုက်ကြတယ် -
ဒါနဲ့ နေစမ်းပါအုံး မဝေ - မေးပါရစေအုံး - သူတို့က မဝေ နဲ့ ဘ၀မှ မတူတာကြီးကို ဘယ်လို နားလည်သလဲ -

တင်ပါ - တပည့်တော်က သူတို့ကို မြင်ရတယ်ဘုရား၊ နောက်ပြီး သူတို့ ပြောနေတာကိုလဲ ကြားရတယ် သိနေတယ် အဲဒီလိုပဲ တပည့်တော်ပြောတာကို သူတို့လဲ နားလည်နိုင်တယ်ဘုရား၊
အခု သူက ဦးဇင်းတို့ ကျောင်းတိုက်မုဒ်ပေါက်ဝမှာ စောင့်နေတယ်၊ ဒါပေမယ့် ကျောင်းထဲကို ၀င်လို့ မရသေးဘူး၊ ဦးဇင်းတို့က ၀င်ခွင့်ပြုမှ ကျောင်းစောင့်နတ်ကလဲ ခွင့်ပေးပြီး ၀င်လာလို့ရမှာပါ၊ အန္တ၇ာယ်လဲ မပေးပါဘူး၊ သူ ပြောလိုတာ ပြောပြီးရင် ထွက်သွားမှာပါ တဲ့ ၊

ဆက်ပါအုံးမည် --
| |

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP