* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 30, 2009

သဲသဲကွဲကွဲ နဲ့ မသဲမကွဲ

Tuesday, 29 December 2009 03:20 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Dhamma_barisayadaw" ထိမ်းမြားလက်ထပ်တယ်" ဆိုတာ လူလားမြောက်ပြီ လို့ ကြွေးကြော်ပြီး၊ လောကဓံကို စိန်ခေါ်လိုက်တာ ဖြစ်လို့ တစ်ယောက်မျက်မှာ တစ်ယေက်ကြည့်နေဖို့ /မဟုတ်တော့ဘူး"
ဒီနှစ် ၁၃၆၄-ခုနှစ်ဆန်း(၁)ရက်နေ့က တပည့်ဇနီးမောင်နှံတို့က နှစ်ဦးမှာ မင်္ဂလာဦးဆွမ်းကပ်ပွဲ ကုသိုလ်ပြုကြလို့ သြ၀ါဒ ပေးပါဆိုတာနဲ့ ပြောပေးလိုက်ရတယ်။
ပရိတ်သတ်ကလည်း သတိုးသားရဲ့ သူငယ်ချင်းတစ်စုပဲဖြစ်လို့ တပည့်ရင်းချာများချည်း ဖြစ်တဲ့အတွက် ရင်းရင်းနှီးနှီး ရယ်ရယ်မောမောပဲ ပြောခဲ့ဖြစ်တာပါ။ မထေရ်မြတ်တို့ စကားဝိုင်း ကြားထဲမှာ မထေရ်လတ် စကားတစ်ခုကို ထည့်လိုက်ရတာကတော့ ဖတ်ရှုသူအတွက် အကျိုးမဲ့ မဖြစ်တန်ကောင်းဘူး ထင်လို့ပါ။ မူရင်းအတိုင်းပဲ မှတ်တမ်းပြု လိုက်ပါတယ်။

ထိမ်းမြား လက်ထပ်ပြီးကြတဲ့ ဇနီးမောင်နှံကို သြ၀ါဒပေး ရမယ် ဆိုတော့ ဖတ်ပြီး အမှတ် တရ ဖြစ်ခဲ့တဲ့ ဘာသာပြန် ကဗျာတစ်ပုဒ်ထဲက စကားကို သတိရမိတယ်၊ တိတိကျကျ တော့ မဟုတ်ဘူး၊ ဆိုလိုရင်းကတော့ " သင်ဟာ အသိပညာ များလည်း ပြည့်စုံကောင်း ပြည့်စုံ နေမယ်။ ရားထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ်။ အရွယ်ကြီးလို့ ဆံပင်များလည်း ဖြူကောင်းဖြူနေမယ်။ သို့သော် ထမ်းမြား လက်ထပ်ခြင်း မပြုရသေးသမျှ လူ လားမမြောက်သေး" တဲ့။

သူစာအလိုအရဆိုရင် အခုပြောမယ့် စကားဟာ လူလား မမြေက်သေးသူက လူလား မြောက်သူတို့ကို ဆုံးမတဲ့ သြ၀ါဒ စကားလို့တောင် ဆိုရတော့မလိုဘဲ။

မင်္ဂလာဆောင်တယ် ဆိုတဲ့အကြောင်း မပြောခင် ပတ်ဝန်းကျင်မှာ သတိထားမိခဲ့တဲ့ ဇနီးမောင်နှံနှစ်မျိုး အကြောင်းကို အရင်းပြောချင်တယ်(၁) သဲသဲကွဲကွဲ ဇနီးမောင်နှံနဲ့(၂) မသဲမကွဲ ဇနီးမောင်နှံတို့ အကြောင်းပါပဲ။ သဲသဲကွဲကွဲ ဇနီးမောင်းနှံဆိုတာ" မျက်စိအောက်က ပျောက်မှာပင် အလွန်စိုးတယ်"ဆိုတဲ့ စိတ်ကူးယဉ် စကားကို ဘ၀လမ်းညွန်ထင်ပြီး အဖြစ်သဲ လိုက်နာကြတဲ့ ဇနီးမောင်နှံ မျိုးကိုပြောတာ။ အလုပ်သွားတာ၊ ဈေးသွားတာမျိုးကိုတောင် စိတ် မချနိုင်ကြတာတို့၊ သူငယ်ချင်း အပေါင်းအသင်းဟောင်းတွေ့လို့ တရင်းတနီးနှုတ်ဆက်တာ ကိုတောင် မနာလို မရှုစိမ့်နိုင်ကြတာတို့၊ မကျေမနပ် ပူကြ ဆူကြတာတို့ လုပ်နေကြတဲ့ ငြူငြူ စူစူ အူတူတူဆိုတဲ့ စုံတွဲမျိုးပေါ့။
" စိတ်မချနိုင်ဘူး"ဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျ ကောက်ချက်ချ ကြည့်ရင် အချင်းချင်း ယုံကြည်မှု မရှိတဲ့ သဘောပါပဲ။ နောက်ဆက်တွဲ အနေနဲ့ ဣဿာ မစ္ဆရိယ ဒေါသစတဲ့ ကိလေ သာ စိတ်ရိုင်း စိတ်ပူတွေ တသီကြီး ဖြစ်တတ်တာမို့ ဒီလို စုံတွဲမျိုးဟာ မေတ္တာ ဗြဟ္မစိုရ် တရား ကင်းမဲ့တဲ့ ကိလေသာစိတ် သက်သက်နဲ့ စုံတွဲ မျိုးလို့ပဲ ဆိုရမှာပါ။
ကိလေသာဆိုတဲ့ သဘောက ပထမတော့ လိုလားတောင့်တ မျှော်လင့်တယ်၊ မျှော်လင့် သလို ဖြစ်မလာတော့ ဒေါသတွေ သောကတွေ မနာလို ၀န်တိုဆိုတဲ့ ဣဿာ မစ္ဆရိယတွေ ဖြစိ လာတာ ဓမ္မတာပဲ။

ကြာတော့ တဖြည်းဖြည်း စိတ်ဝမ်းတွေ ကွဲလွဲလာ ကြရင်း နောက်ဆုံး ဇနီးမောင်နှံ ကွဲကြတဲ့အထိ ရောက်ကုန်ကြရော။ မျှော်လင့်ချက် တစ်ခုတည်းနဲ့ လက်တွဲကြသူ မှန်သမျှ ဒီလိုပဲ။ အစမှာတော့ သည်းကြတယ်။ နောက်တော့ ကွဲကြတာပဲ။ မြတ်စွာဘုရား ဟောကြား တာက "မေတ္တာသိနေဟ" မေတ္တာဆိုတာ ခိုင်မြဲအောင် တွဲကပ်ပေးတဲ့ အစေးဓာတ်တဲ့။ ဒီ အစေးဓာတ်မပါရင် ကြာကြာမတွဲနိုင်ဘူး။ ကွဲတတ်ကြတာပဲ။ ခုကာလစကားနဲ့ဆိုရင် ဒီလို စုံတွဲ မျိုးကို ရွှေရည်စိမ်စုံတွဲ၊ ဆေးဆိုးပန်းရိုက်စုံတွဲ၊ ဒါမှမဟုတ်"အင်တွဲ" တွေလို့များ ပြောရမလား ဘဲ။ ဘယ်သူ့ကိုလို့ ပုဂ္ဂလဓိဋ္ဌာန် ပြောတာ မဟုတ်ဘူးနော်၊ ပတ်ဝန်းကျင်မှာ မြင်ရ ကြားရ တွေ့ရ တတ်တဲ့ လောက ဓိဋ္ဌာန်သဘော ဓမ္မဓိဋ္ဌာန်သဘောကို ပြောရတာ။

ထိမ်းမြားတယ်ဆိုတာ လူလားမြောက်ပါပြိလို့ ကြွေးကြော်ပြီး လောကဓံကို စိန်ခေါ် လိုကတာဖြစ်လို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေဖို့ အချိန်မဟုတ်တော့ဘူးနော်။
ဘ၀တစ်သက်တာကို ရည်မှန်းပြီး နှစ်ကိုယ့်တစ်စိတ်နဲ့ အတူလက်တွဲရင်း လောကဓံ တိုက်ပွဲ ကို ရင်ဆိုင်ဖို့ ခြေလှမ်းစကြတာ။ ၀မ်းသမုဒ္ဒရာ မခန်းခြောက်ရအောင် အူသိမ် အူမဆိုတဲ့ မြစ် ချောင်းတွေ မှန်မှန်စီးဆင်းနိုင်ရေးအတွက် ရုန်းကန်လှုပ်ရှား ခြင်းဆိုတဲ့ မိုးလေ၀သ မှန်ကန်ဖို့ အဓိကထားရမယ့် အချိန်ရောက်ပြီ။

ဒီလို ခံယူချက်မျိုး ရှိကြတဲ့ ဇနီးမောင်နှံ ဆိုတာ မူလကတည်းက ဘ၀တစ်သက်တာ အတွက် တူညီတဲ့ ခံယူချက်၊ တူညီတဲ့ ယုံကြည်ချက်တွေနဲ့ လက်တွဲခဲ့ကြတာ ဖြစ်လို့ အဖြစ် မသည်းကြတော့ဘူး။ နာလည်နိုင်စွမ်း၊ ခွင့်လွတ်နိုင်စွမ်း ရှိကြတယ်။ ဘ၀ တစ်သက်တာအထိ အပြန်အလှန် အကျိုးလိုလားတဲ့ မေတ္တာအစေးဓာတ်နဲ့ တွယ်ကပ်ထားတာ ဖြစ်လို့၊ စိတ်မချတာတို့၊ မနာလို ၀န်တိုတာ တို့ဆိုတဲ့ ကိလေသာ အပူဓာတ်လည်း မပြင်းထန် ကြတော့ဘူး။
တစ်ချို့ ငယ်ပေါင်း အကြောင်းသိ ဇနီးမောင်နှံတွေ ဆိုရင် ပြောသံ ဆိုသံမှာ နင်- ငါ- ဟေ့- ဟဲ့ ဆိုတဲ့ အသံတွေ လွှမ်းနေတတ်ကြလို့ နဘေးက ကြားရတဲ့သူတွေက ဟုတ်မှ ဟုတ်ပါ့မလား လို့တောင် ထင်ရတယ်။ ဟန်ဆောင်တာ အဖြစ်သည်းတာတွေ မပါတော့ ပြောသံ ဆိုသံ ကလည်း မပြစ်ချွဲတော့ဘူးပေါ့။ သူတို့ အဖြစ်သည်းတာကိုကြည့်ုပြီး အချစ် နည်းတယ်လို့ မထင်လိုက်လေနဲ့၊ ယုံကြည် စိတ်ချလို့ အနည်ထိုင်ပြီး အချစ်မြဲသွားကြတာ။
အနည်ထိုင်တယ်ဆိုလို့ အသားသေပြီး အေးစက်မာခဲ သွားတယ်လိုလည်း မထင်လေနဲ့ ၊ မဟုတ်ဘူး။
ရှင်သန်နေတဲ့ သစ်ပင်ဟာ အနှစ်လိုပဲ။ မာပေမယ့် မခဲဘူး။ အမြဲကြီးထွားနေတာ။ ပင်စည်နဲ့ လိုက်ဖက်အောင် အနှစ်က ကြီးထွားလိုက်နေကြတာ။ ဒါကြောင့်လည်း သားသမီး တွေကနေ မြေးတွေ မြစ်တွေအထိ အသိုက်အအုံ ကြီးလာလေ သူတို့ မေတ္တာဓာတ်က ကြီးမား ကျယ်ပြန့်လေ ဖြစ်နေကြတာပေါ့။

ဒီနေ့ ဇနီးမောင်နှံစုံတွဲကော ဘယ်အမျိုးအစားထဲ ပါချင်ကြသလဲ။ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရွေးချယ် သတ်မှတ်ပြီး ရောက်နိုင်တဲ့ လမ်းမှန်အတိုင်း စည်းကမ်းကျကျ လျှောက် လှမ်းကြ။ ဘ၀နောင်ရေးနဲ့ ပတ်သက်လို့ ဘယ်ဗေဒင်ကိုမှ မမေးနဲ့၊ ကိုယ်လျှောက်တဲ့ လမ်းပေါ် က မှတ်တိုင်များက ကိုယ့်ဘ၀မှတ်တိုင်ပဲ၊ လမ်းဆုံးမှာရှိတဲ့ ပန်းတိုင်ဟာလည်း ကိုယ်ဆိုက် ရောက်ရမယ့် ပန်းတိုင်ပဲ။ လျှောက်တဲ့လမ်းကတစ်မျိုး၊ ရောက်တဲ့ ပန်းတိုင်းကတစ်မျိုးဆိုတာ မရှိဘူး။ ဒါဟာ ဖောက်ပြန် ပြောင်းလဲခြင်း မရှိတဲ့ ကမ္မနိယာမ သဘောပါပဲ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

မှတ်ချက်။ ဓမ္မဘေရီဆရာတော် စာအုပ်တွေမရှိဘူးလား တပည့်တော်တို့ အရမ်းကို နှစ်သက် တာဘဲ၊ ဆရာတော်စာတွေ တရားတွေ ဖတ်လို့ကို အားမရနိုင် ၊ နာကြားလို့ကို မတင်းတိမ်းပါဘူးဆိုတဲ့ စာဖတ် ၀ါသနာရှင် လူငယ်လေးများ တောင်းဆိုချက်အရ စေတနာ မေတ္တာများဖြင့် ဒီနေ့မှ ဆန်ဖရန်စစ်စကိုက ဓမ္မမိတ်ဆွေတစ်ဦး ပေးပို့လှုဒါန်းလိုက်သော ခိုင်ခိုင် မြဲမြဲ မင်္ဂလာ စာအုပ်သေးလေးထဲမှ ပြန်လည် တင်ပြလိုက်ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP