* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 19, 2009

ကျမ်းပြုရခြင်းအကြောင်းရင်း

ဤသမထယာနိက ၀ိပဿနာဖြတ်လမ်း အာနာပါနသရုပ်ပြဋီကာ လက်စွဲကျမ်းကို ခမ်းခမ်းနားနား ရုပ်ပုံ အမြောက်အမြားနှင့် ရေးသားရခြင်းအကြောင်းမှာ ကျေးဇူးရှင်၊ ကန္နီမြို့၊ ရွှေသိမ်တော် တောရ ဆရာတော် ဘုရား ရေးသားတော်မူအပ်သော ယောဂိပါရဂူကျမ်း၊ သစ္စပါရဂူကျမ်း၊ ၀ဋ္ဋပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်း၊ ရွှေဘိုမြို့၊ ပုသိမ်တောကျောင်းဆရာတော် အရှင်ဗုဒ္ဓ၀ံသထေရ်ရေးသားသော ယောဂိပါရဂူကျင့်စဉ်ကျမ်းတို့တွင် ဖော်ပြ ထားချက်များကို ယောဂီအပေါင်းတို့ ခဲရာခဲဆစ် အဖုအထစ်မရှိဘဲ ကောင်းစွာ လိုက်နာကျင့်ကြံနိုင်ကြစေရန် ရေး သားရခြင်း ဖြစ်ပါသည်။


ခဲရာခဲဆစ် အဖုအထစ်ဟူသည်မှာ သံသရာဝဋ်မှာ ကျွတ်လွတ်လိုကြသဖြင့် အာနာပါနစသော သမထ၊ ၀ိပဿနာတရား များကို ကျင့်ကြံကြရာတွင် အားထုတ်သူယောဂီတို့က တရားကိုယ်တရားကွက် လိုအပ်သည် ထက် ပိုသောကြောင့်လည်းကောင်း၊ လိုနေသောကြောင့်လည်းကောင်း ခရီးမပေါက်ဖြစ်တတ်ကြရပေသည်။ ထိုသို့မဖြစ်ဘဲ အာရုံသဘောမှန်ကန်မှသာ မဂ်ဖိုလ်နိဗ္ဓာန်ကို မျက်မှောက်ပြုရပေမည်။


ဘုရားရှင်လက်ထက်တော်က ကြီးခါမှ ရဟန်းပြုရသော တောထွက်အရှင်တစ်ပါးကို မြတ်စွာဘုရားက ဥဒယဗ္ဗယ-ဖြစ်ပျက်တရားကို ပေးသနားတော်မူလတ်သော် ထိုရဟန်းသည် ဂင်္ဂါမြစ်ကမ်းမှ အေးချမ်းသော ကျောက်ဖြာထက်တွင် ရေပြင်ကိုကြည့်ရင်း ငါးလာရှာသော ဗျိုင်းအပေါ်တွင် စိတ်ရောက်လျှက် ဥဒယဗ္ဗယ(ဖြစ်-ပျက်)မှ ဥဒကဗက (ရေ-ဗျိုင်း)ဟု အာရုံရောက်သွားတော့သည်။ ထိုသို့ အာရုံလွဲသွားသောကြောင့် တရားမရ ဖြစ်ခဲ့လေသည်။ မမှားမယွင်း ဖြောင့်စင်းတော်မူကြပါစေ။
အမှန်တကယ်လိုချင်လှသဖြင့် ဤနည်းများအတိုင်း အားထုတ်ကြပါသော်လည်း တရားမတွေ့ဖြစ်ခဲ့ပါလျှင် ဆရာ ၏အထံသို့ အမြန်ဆုံး လာရောက်၍ စုံစမ်းမေးမြန်းတော်မူကြပါ။ ၉-ရက်နှင့်အပြီး အားထုတ်နည်းကို ပေးအပ် ပါမည်။ ဤနေရာ၌ အထူးမှာလိုသည်မှာ စာကိုဖတ်၍ အားထုတ်ရခြင်းထက် ဆရာနှင့်အားထုတ်ခြင်းက ပို ကောင်းပါသည်။


ထိုအကြောင်းနှင့်စပ်၍ ဘုရားရှင်လက်ထက်တော်က ဇာတ်ကြောင်းတစ်ခုကို တင်ပြလိုပါသည်။ ဘုရားရှင် လက်ထက်တော်အခါက သံဃာ့ဂိုဏ်းကြီးများကို ပရိယတ်စာပေများကို ပို့ချနေသော မဟာသီဝမထေရ်ကြီးသည် မိမိပို့ချလိုက်သော တရားများဖြင့် ရဟန္တာဖြစ်သွားကြသူများရှိသော်လည်း မိမိကိုယ်တိုင်မူကား တရားမရ ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် `မိမိသည် စာတတ်ပေတတ်ပုဂ္ဂိုလ်ဖြစ်သောကြောင့် အားထုတ်လိုက် လျှင် ခဏချင်း တရားထူးရလိမ့်မည်´ဟု အထင်ကြီးနေသောကြောင့် ဖြစ်ပေသည်။ တပည့်ရဟန္တာများချည်း သုံးသောင်းကျော်ရှိသည်ဟု ဆိုပါသည်။


နောင်သောအခါ မိမိကိုယ်တိုင် အားထုတ်ကြည့်သောအခါ တစ်နေ့ရလိမ့်နိုးနိုး၊ တစ်ညရလိမ့်နိုးနိုး အားထုတ် ပါသော်လည်း တစ်နှစ်မရ၊ နှစ်နှစ်မရ၊ နှစ်ပေါင်း ၃၀-တိုင်တိုင် အားထုတ်ပြီး သုံးခါငိုပြီးနောက်မှ တရားရခဲ့ သကဲ့သို့ ဖြစ်တတ်ပါသည်။ သတိပြုသင့်ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP