* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 19, 2009

မိခင်မေတ္တာ ရွှေထုပ်တဲ့မြပ၀ါ….





ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

အခန်း(၁)

“သမီးလေး မစံပယ်ကို သူတို့လက်ထဲ မအပ်ပါရစေနဲ့ ကိုထွန်းကြိုင်ရယ်..ကျမ…သေရင် သေ ပါစေတော့..”
““ခက်တာပဲ မိတင်ရယ်..မင်းကျန်းးမာရေးအတွက်ဆေးကုဖို့က ဒီတစ်လမ်းပဲ ရှိတော့တာ ကိုကွာ..””

အမေကြီးရဲ့နားထဲမှာ ဒီအသံတွေကိုပဲ ထပ်ခါတလဲလဲ ပြန်လည်ကြားယောင် နေပါ တယ်.. လူကလေး ရယ်..။အမေကြီးတို့မှာ ဒို့လင်မယားနှစ်ယောက်နဲ့ မစံပယ်ဆိုတဲ့ သမီးလေးရှိပါတယ်..။ မစံပယ်လေးက အမေကြီးတို့ အိမ်ဘေးမှာနေသွားတဲ့ ကရင်မ လင်မယားက မွေးစားဖို့ နီတာရဲ ပေါက်စနကလေးအရွယ်က ပေးခဲ့တာပါ။ မစံပယ်လေး အမေက သူ့ကိုမွေးပြီးပြီးခြင်း မီးတွင်းထဲမှာတင် သေဆုံးသွားခဲ့တာပါ..။ ကရင်မ လင်မယားလည်း မစံပယ်လေးကိုပေးပြီး သူတို့ကရင်ပြည်နယ် ကိုပြောင်းသွားကြတယ် လေ။ ကလေးမရလို့ ကလေးရူးထနေကြတဲ့ ဒို့လင်မယားကတော့ သိပ်ကို ၀မ်းသာ ပျော်ရွင်သွားတာပေါ့ကွယ်။ မင်းတို့အဘ ကိုထွန်းကြိုင်ကဆို ဆိုက်ကားနင်းနေရင်း နံနက် စောစောတစ်ခေါက်၊ နေ့လည်ထမင်းစားပြန်ချိန်တစ်ခေါက်၊ ညဆိုက်ကား သိမ်းပြန် လာရင်တစ်ခေါက်၊ တစ်နေ့ကိုသုံးခေါက် ဆိတ်ခြံကိုသွားပြီး ဆိတ်နို့တွေညှစ်ညှစ်ယူလာရ တယ်။ မစံပယ်လေး က ဆိတ်နို့နဲ့အသက်ရှင်လာရတာပါကွယ်..။ သူငယ်ငယ်ကတော့ ချစ်စနိုးနာမည် “ဆိတ်မ”လို့ခေါ်ကြ ပါတယ်။ အမေကတော့ သူအရွယ်လေးရောက်လာ တော့ရှက်မှာစိုးလို့“မစံပယ်”ဆိုတဲ့ နာမည် လှလှ ကလေးကို ပေးခဲ့တာပါ။ မစံပယ်လေးအိမ်ကိုရောက်လာကထဲက အမေဈေးရောင်းမထွက်ဖြစ် တော့ဘူး။ အချိန်ရှိသရွေ မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ မစံပယ်လေးရဲ့ဝေယျာဝစ္စကိစ္စတွေနဲ့ ညမိုးချုပ်ခဲ့ရတာပါ။ သူ့ကို အမေ့မျက်နှာသုပ်ပ၀ါတဘက်ကလေးနဲ့ခြုံထားပြီး ဆိတ်နို့ကို နို့ဗူးနဲ့တိုက်ခဲ့ရ တာပါ ကွယ်။ သူကလေး မကျန်းမမာဖြစ်ရင် ဒို့လင်မယားပြာပြာသလဲဖြစ်နေရပါတယ်။ ကိုထွန်းကြိုင် ဆိုရင် ဆိုက်ကားကိုမထွက်နိုင်ခဲ့ပါဘူးကွယ်..။ နေ့မအိပ်ရ၊ ညမအိပ်ရပါ။ ဆရာဝန်သွားပြ ဖို့နေနေသာသာ စားဖို့တောင် တစ်နေ့လုပ်မှစားရတဲ့ အမေတို့ဘ၀ပါ။ အိမ်နီးချင်း တွေကဆိုရင် စားစရာမရှိရတဲ့အထဲ ကလေးရူးထ နေကြတယ်..။ မွေးနိုင် ကြွေးနိုင်မဲ့သူကို ပေးခိုင်းကြတာကွဲ့။ အမေကြီးက လုံးဝလက်မခံပါဘူး၊ မစံပယ်လေး အရွယ်ရောက်လာ အောင် ကိုထွန်းကြိုင်ရဲ့ဝင်ငွေနဲ့ မလောက်ခဲ့ရင် မရှိ ရှိတာကို ရောင်းချ ပေါင်နှံ မွေးလာ ခဲ့တာပါ..။“မိသိန်းတင်တို့က မရှိလို့ မွဲလို့သာ ငတ်ချင်ငတ်သေသွား ပါစေ..၊ မိခင်မေတ္တာကိုတော့ လုံးဝ မပျက်ကွက်စေရဘူးမှတ်ထားကြပါ၊ နောက်ကို မစံပယ်လေးကို တစ်ခြားသူပေးဖို့ လာမပြောကြပါနဲ့ဟေ့..” လို့ရန်တွေ့လွတ်ရပါတယ်။

အခန်း(၂)

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ထားခဲ့ကြလို့လား မပြောတတ်တော့ ပါဘူးကွယ်..။ မေတ္တာဆိုတာ တကယ်ရောင်ပြန်ဟပ်ပါတယ်။အမေကြီးနဲ့ အဘထွန်းကြိုင်တို့ အသက်(၆၀)တန်း တွေကိုရောက်နေကြပါပြီ..။ ဘ၀ ဘ၀အဆက်ဆက်က ပဌာန်းဆက် ဆိုတာကိုလဲ မယုံမရှိကြပါနဲ့…။ ဟော..ယခုကြည့်စမ်းပါ..သမီးလေး မစံပယ်က အရွယ်ရောက်လာခဲ့ပါပြီ..။ သူက အမေကြီးတို့ လင်မယားကို တစ်လှည့်လုပ်ကြွေးနေ ပါပြီ..။ မစံပယ်တစ်ဦးထဲမဟုတ်တော့ပါဘူး။သူ့သား နှစ်ကောင် က တစ်နှစ်ကြီး တစ်နှစ်ငယ် ဆိုတော့ ရွယ်တူတွေပဲ ထင်မှတ်ရပါတယ်။ သူတို့ညီအကိုရဲ့ တစ်မနက် ၀င်ငွေ ကိုက (၅၀၀၀ိ)ရနေပါပြီကွယ်။ သူတို့ညီအကို ငယ်ငယ် လေးက ဖေဖော်ဝါရီလ ကလေးများနေ့ ပြိုင်ပွဲတွေမှာ နှစ်တိုင်းအလှပြတာ ပထမဆု အမြဲရခဲ့ကြပါတယ်။ ဟိုလူက ဆုတွေချ ၊ ဒီလူကဆုတွေချနဲ့ အဖိုးကြီးကဆိုရင် ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျရှာတယ်. တဲ့။ ပြီးတော့ သူကပြောနေ သေးတယ်…။
““မိတင်ရေ..မင်းစကားသာ ငါနားမထောင်ခဲ့မိပဲ..မစံပယ်လေးကိုသာ မင်းအသဲ အသန် ဖြစ်နေတုံး က ရောင်းခဲ့ မိရင် ဒို့မှားသွားတာ သေချာပေါ့။ဒို့ဘ၀မှာ အတိတ်က ကုသိုလ်ကံမကောင်းခဲ့လို့ ဆင်းရဲ ခဲ့တယ်..။ အတိတ်က ကုသိုလ်ကောင်းမှု အလှူဒါန နည်းခဲ့လို့ ယခုဘ၀မှာ သားသမီးရတနာနဲ့ အခြွေရံသင်းပင်းနည်းခဲ့၊ မရခဲ့ကြတာလို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရဘူးတယ်..။အင်း..ခုတော့လဲ ဘ၀ ဘ၀က ပဌာန်းဆက် ကြောင့်ပဲထင်ပါရဲ့ကွယ်.. ဆင်းရဲမွဲတေနေတဲ့ သားထောက်သမီးခံမရှိတဲ့ ငါတို့ လင်မယားကို… သမီး မစံပယ်တို့ နွားသားအမိသုံးကောင်က လူတွေထက်တောင်မှ မယုံကြည်နိုင် လောက်အောင် တာဝန်ကျေပွန်စွာနဲ့ အလုပ်အကျွေးပြုနေ ပါပြီပကော လား…ကွယ်…””

“သြော်..ရှင်က ယခုမှ ဒီစကားကိုလာပြောနေတာ..ကျမ အမြဲပုခုံးမှာတင်ပြီး ဘုရားရှစ်ခိုးနေတဲ့ ပ၀ါတဘက် အစွန်းထဲက အထုပ်ကလေးကိုဖြည်ကြည့်စမ်း ..ဒီမှာ..ရွှေတို၊ ရွှေစကလေးတွေ လေ..။ အဲဒါ သမီးမစံပယ်ရဲ့ သားနှစ်ကောင်နဲ့ ယာခင်းတွေသွားပြီးတစ်မနက် ထွန်ယှဉ်းဌါးလိုက်လို့ ရတဲ့(၅၀၀၀ိ)ငွေတွေကို ရှင်ပေးသမျှ ရွှေတိုရွှေစတွေဝယ်စုထားတာပါ..။ ဒီသားနှစ်ကောင်ကို ရှင်ပြုရမဲ့ အရွယ် ရောက်လာရင် သမီးကြီးမစံပယ်နဲ့ အတူ ရွာဦးကျောင်းဆရာတော် ထံ ရေစက်ချ အလှူ တော်ပေးရအောင်လို့ပေါ့တော်..၊ နောက်ဘ၀မှာ ဒီနွားသားအမိတွေ လူပြန်ဖြစ်ကြပါစေ..။ ကျမတို့ လင်မယားကလဲ နိဗ္ဗာန်ကိုမရမီစပ်ကြား လူဘ၀မှာ လူပြန်ဖြစ်လာကြမဲ့ သမီးမစံပယ်တို့သားအမိ သုံးယောက်ရဲ့ အမိ၊အဖ တွေဖြစ်ရပါလို၏လို့ အဲဒီအလှူမှာ ဆုတောင်းပြီးရေစက်ချလိုက်မယ် ..ကိုထွန်းကြိုင်ရေ”။

မှတ်ချက်။ ။ အဘဦးထွန်းမြိုင်+အမေကြီးဒေါ်တင်သိန်းတို့၏ပြောပြသော အဖြစ်မှန်အား ရေးသားပါ၏။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၁၉)ရက်၊ညနေ(၄)နာရီ ရေးတင်၏

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP