* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 19, 2009

*ပြန်လည်ဆန်းစစ်ကြည့်ကြပါရန်*

Nov 19, 2009

ကျွန်တော်သည် သီတင်းကျွတ်လပြည့်နေကဆရာတော် အရှင်သာဓိန(ဘုံဘေ)ဟောကြားတော်မူခဲ့
သောတရားတော်ကိုနာကြားပြီးဒီပို့စ်လေးကို ရေးချင်စိတ်ဖြစ်ပေါ်လာသဖြင့်ရေးသားလိုက်ရခြင်းဖြစ်
ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည်အမှန်တကယ် ထေရ၀ါဒဗုဒ္ဓဘာ
သာဝင်များဟုတ်ကြရဲ့လား။မိဘမျိုးရိုးစဉ်ဆက်က ကိုးကွယ်ခဲ့သောကြောင့်ကိုးကွယ်နေတာလားဆို
တာကိုပြန်လည်ဆန်းစစ်ကြည့်ကြရအောင်။ထေရ၀ါဒဗုဒ္ဓဘာသာ ၀င်တွေရဲ့ကိုးကွယ်ရာ အမှန်ကဘု
ရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးနဲ့ မိဘ၊ ဆရာသမားတွေကိုသာဖြစ်ပါတယ်။သရဏဂုံသုံးပါးကို
တည်မြဲရမှာဖြစ်ပါတယ်။
ယခုတော့ကျွန်တော်တို့တွေကပါးစပ်ကဗုဒ္ဓဘာသာဆိုပြီးအိမ်မှာကိုးကွယ်နေကြလိုက်တာစုံနေတာ
ဘဲဗျာ။ဘုရားကျောင်းဆောင်မှာဘိုးတော်တွေ၊မယ်တော်တွေ၊ပွဲတွေနဲ့။အိမ်တွင်းမှာလည်းငှက်ပျောပွဲ၊
အုန်းပွဲတွေနဲ့စုံနေတာဘဲ။မြန်မာနိုင်ငံ တောင်ပြုန်းပွဲဆိုလည်း လူတွေကိုကြိတ်ကြိတ်တိုးပြီးပူဇော်ပသ
နေလိုက်ကြတာ။မိမိတို့ကိုးကွယ်နေကြတဲ့နတ်တွေရဲ့နောက်ကြောင်းရာဇ၀င်တွေကိုလည်းလေ့လာ
ကြည့်လိုက်ကြပါအုံးဗျာ။
ဘုရားဒကာ၊ကျောင်းဒကာလို့ဆိုနေကြတဲ့ကိုကြီးကျော်ဆိုတာအရက်သောက်၊ဖဲရိုက်နေတာဘယ်လို
လုပ်ပြီးငါးပါးသီလလုံမလဲဗျာ။ဦးရှင်ကြီးဆိုတာလည်းသစ်ခုတ်သွားရင်းကျွန်းမှာအစိမ်းသေလို့နတ်ဖြစ်
နေတာ။ဒီနေ့တောင်ပြုံးပွဲတော်မှာသွားပြီးပူဇော်ပသနေကြတဲ့ရွေဖျင်းကြီး၊ရွေဖျင်းလေးညီနောင်တို့
ကလည်းဘုရားတည်ရာမှာ အမူးလွန်နေ၍ အုတ်နှစ်ချပ်လွတ်နေသောကြောင့် အပြစ်ဒဏ်ပေးခံရပြီး
သေဆုံး သွားရသူတွေဖြစ်ပါတယ်။အိမ်တွင်းနတ်ဖြစ်တဲ့ မောင်တင့်တယ် တို့ကိုလည်း သူတို့ကို ကိုး
ကွယ်ရင်မီးမလောင်ဘူးဆိုပြီးကိုးကွယ်နေလိုက်ကြတာသူတို့ကိုယ်တိုင်ရောမီးလောင်ပြီးသေသွားကြ
တာတွေဖြစ်ပါတယ်။ယခုမြန်မာမှာပိဋ္ဋိကတ်သုံးပုံကိုစောင့်တယ်နတ်သမီးလို့ပြောနေတဲ့သူရဿတီ
မယ်တော် အကြောင်းကိုရောသိကြရဲ့လား။ပိဋ္ဋကတ်သုံးပုံ ကိုစောင့်တာ သံဃာတော်တွေသာဖြစ်ပါ
တယ်။အမှန်တော့ သူရဿတီ မယ်တော်ဟာ အိန္ဒိယမှာ ဗေဒင်သုံးပုံကို စောင့်တာပါ။မြန်မာပြည်
ရောက်တော့ထေရ၀ါဒမှာ ဗေဒင်သုံးပုံမရှိတာနဲ့ ဗေဒင်စောင့်တဲ့ နတ်သမီးကပိဋ္ဋကတ်သုံးပုံစောင့်
တဲ့နတ်သမီးဖြစ်သွားရော။တကယ်တမ်းသာသနာကိုစောင့်ရှောက်နေတဲ့ရဟန်း၊သံဃာ၊ကိုရင်လေး
တွေကဘယ်ရောက်ကုန်တာလဲဗျာ။သူအိန္ဒိယမှလာတုန်းကဘဲရုပ်စီးတာ၊မြန်မာလည်းရောက်ရောမြန်
မာတွေကအလှအပကြိုက်တော့ဘဲကနေဟင်္သာစီးတာဖြစ်သွားပါတယ်။စာမေးပွဲအောင်ချင်ရင်၊စီးပွား
တိုးတက်ချင်ရင်သူတို့ကိုကိုးကွယ်ပူဇော်ရတယ်တဲ့။တကယ်တော့ကိုယ်လုပ်မှကိုယ်ရမှာဖြစ်ပါတယ်။
အဲဒီအယုံအကြည်တွေ တစ်ယူသန်စွဲပြီး ကိုးကွယ်နေကြရင် အချောင်သမားတွေအတွက်တော့စီးပွား
ဖြစ်သွားတာပေါ့။ဘယ်သူကိုမှ ထိခိုက် နစ်နာစေချင်လို့ ပြောတာမဟုတ်ပါဘူးဗျာ။အမှန်တွေကိုလေ့
လာပြီးကိုးကွယ်ပူဇော်နိုင်အောင်လို့ပါ။
ဘုရား၊တရား၊သံဃာတော် တွေကိုကိုးကွယ်ပါ၏လို့ဆိုနေပြီးဘိုးတော်၊နတ်၊၀ိဇ္ဇာ၊(၃၇)မင်းတွေကိုကိုး
ကွယ်နေရင်သရဏဂုံညှိုးနွမ်းသွားမည်ဖြစ်ပါတယ်။သရဏဂုံညှိုးပြီးရင်သေသွားမှာဖြစ်ပါတယ်။သရဏ
ဂုံသေသွားရင်ဗုဒ္ဓဘာသာဝင်မဟုတ်တော့ပါဘူး။
ကျွန်တော်တို့ကိုးကွယ်နေတဲ့ မြတ်စွာဘုရားရှင်ကလည်း ငါ့ကိုကိုးကွယ်ကြ၊ ပူဇော်ကြ၊ပသကြ၊မကိုး
ကွယ်၊မပူဇော်ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုပြီးကြောက်အောင်လည်းမခြောက်လှန်ခဲ့ပါဘူး။
သရဏဂုံသုံးပါးတည်မြဲပြီးငါးပါးသီလလုံခြုံနေတဲ့ ဗုဒ္ဓဘာသာဝင်တွေကအဲဒီလိုမလုံခြုံတဲ့သူတွေကိုရှိ
ခိုးနေကြတာမသင့်တော်ပါဘူး။ဝိပဿနာတရား ပွားများအားထုတ်နေသူများ၊သီလတရားနှင့်ပြည့်စုံ
သူများ၊မိဘဆွေမျိုး ဇနီးမယား သားသမီးတွေကိုကောင်းစွာပြုစု လုပ်ကျွေးနေသောသူများကိုသိကြား
မင်းတောင်ရှိခိုးရတယ်ဟု“သဂါဏ၀ဂ္ဂသံယုတ်ပါဋ္ဌိတော်”တွင်မာတလိနတ်သားကိုရှင်းပြခဲ့ပါသည်။
အမှန်တကယ်တော့ သိကြားမင်းကို စတုမဟာရာဇ်နတ်မင်းကြီး(၄)ပါးကကန်တော့ရပြီး ထိုနတ်မင်း
ကြီး(၄)ပါးအားအတွင်း၊အပြင်(၃၇)မင်းနတ်များကပူဇော်ကန်တော့ရပါသည်။ထို့ကြောင့်သိကြားမင်း
တောင်ရှိခိုးထိုက်သူများကိုထိုနတ်များကသာရှိခိုးပူဇော်ရမည်ဖြစ်ပါသည်။တကယ်တော့သူတို့ကိုကိုး
ကွယ်ရာမှာမဟုတ်ဘူး။သူတို့တွေကိုမေတ္တာပို့အမျှဝေပေးရမှာဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကိုးကွယ်ရာအမှန်ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်ပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP