မျှော်လင့်ခြင်းသစ္စာ
ဘ၀ ကံ ၀ဋ်ကြွေးက
အပြစ်ဒဏ်ခတ်လေသလား
နက်ဖြန် ခါများအတွက်
အိမ်မက်တွေမက်ရင်း
စုံဖက်ခဲ့တဲ့ တို့ နှစ်ယောက်ကြားမှာ
မှုန်တိုင်းတွေက
အလုံးအရင်းနဲ့  တိုက်ခတ်
ပြိုလဲ ပျက်ဆီးသွားတဲ့
တို့ နှစ်ယောက်ရဲ့ ပျော်ရွင်မှုတွေ က
ဟင်းလင်းပြင်မှာ အတုံးအရုန်း
ဆုံးရှုံးခဲ့တဲ့ နေရက်တွေကို
မျက်ရည်စတွေနဲ့ ဆေးကြောရင်း
အသက်ပင်သေစေတော့ချစ်သူရေ
တို့ နှစ်ယောက်ရဲ့ ရုပ်ခန္ဓာ
ဝိညာဉ်တွေ ကင်းလွတ်မသွားခင်
သစ္စာတရားကို ရင်ဝယ်ပိုက်
သောကမှုန်တိုင်း တွေကြားမှာ
ဟားတိုက် ရယ် လိုက်ကြရအောင်
အပြစ်ဒဏ်ခတ်လေသလား
နက်ဖြန် ခါများအတွက်
အိမ်မက်တွေမက်ရင်း
စုံဖက်ခဲ့တဲ့ တို့ နှစ်ယောက်ကြားမှာ
မှုန်တိုင်းတွေက
အလုံးအရင်းနဲ့  တိုက်ခတ်
ပြိုလဲ ပျက်ဆီးသွားတဲ့
တို့ နှစ်ယောက်ရဲ့ ပျော်ရွင်မှုတွေ က
ဟင်းလင်းပြင်မှာ အတုံးအရုန်း
ဆုံးရှုံးခဲ့တဲ့ နေရက်တွေကို
မျက်ရည်စတွေနဲ့ ဆေးကြောရင်း
အသက်ပင်သေစေတော့ချစ်သူရေ
တို့ နှစ်ယောက်ရဲ့ ရုပ်ခန္ဓာ
ဝိညာဉ်တွေ ကင်းလွတ်မသွားခင်
သစ္စာတရားကို ရင်ဝယ်ပိုက်
သောကမှုန်တိုင်း တွေကြားမှာ
ဟားတိုက် ရယ် လိုက်ကြရအောင်

0 comments:
Post a Comment