* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 20, 2009

တရားကျင့်သူများအတွက် မှာတမ်း


တရားကျင့်လတ်၊ ယောဂီမြတ်တို့၊
သိမှတ်ဖို့ရာ ၊ အချက်မှာကား၊
မြတ်စွာဗုဒ္ဓ ၊ သုံးလူ့ဘ၏၊
ဓမ္မရသာ၊ ရတနာသည်၊
လွန်စွာမျိုးမှန် ၊ အဖိုးတန်၏။

မဂ်ဖိုလ် နိဗ္ဗာန်၊ အမြန် ရောက်လို၊ ယောဂီ ပျိုတို့၊
ဝန်တို နည်းပါး၊ သဒ္ဓါ များလျက်၊ စကား မပေါ၊ သဘော စဉ်ဖြူ၊
ငြူစူ ကင်းကွာ၊ အဘိဇ္ဈာဖြင့်၊ မ၀ါ မကြွား၊ မပါ့ လွှားပဲ၊
တရားသက်ဝင်၊ အပြစ် စင်အောင်၊ ဆင်ခြင် တိုင်းထွာ၊ နေကြရာ၏။
လေ့လာတရား၊ မထင်ရှားပဲ၊ လူများရှေ့မှာ၊ ပါပိစ္ဆာဖြင့်၊
ကြွားဝါ လေပင့်၊ ဘ၀င်မြင့်လျက်၊ လာဘ်ပွင့်စေကြောင်း၊ မပြောကောင်းရှင့်။

ကံကောင်းထောက်ပင့်၊ ပါရမီ ရင့်၍ ၊ ထိုက်သင့် သလောက်၊ အမြင်ပေါက်လည်း၊
စိန်ကျောက်ပမာ၊ လျှို့ဝှက်စွာဖြင့်၊ ပြောရာ ပြောသင့်၊ အခါခွင့်နှင့်၊
ပြောသင့်သူသာ၊ ပြောကြားရာ၏။

မြတ်စွာသေဋ္ဌ်နင်း၊ တရားမင်းက၊ သားရင်း တို့ကို၊ သနားပို၍၊
မဂ်ဖိုလ်အနီး၊ အထင်ကြီးအောင်၊ ရီးတီး ယားတား၊
ငါ့ချစ်သားတို့၊ ၀ါကြွား လစ်ခြွေ၊ မပြောလေနှင့်၊
အဖေဗုဒ္ဓ၊ စက်ဆုပ်လှဟု၊ ၀ိနယ ပညတ်၊ သတိချတ်ဖို့၊
သိမှတ်စေရန်၊ မိန့်တော် ပြန်သည်၊ ဝေဖန်အကျယ် သိလေတည်း။ ။

လင်္ကာရေးစပ်သူ - အမည်မသိ ရှေးပညာရှင်များ
ကျမ်းကိုး။ ကန္နီနည်း ၀ိပဿနာကျင့်စဉ်ကျမ်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP