* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 20, 2009

ကျွန်တော်မေးလို့  ဘုန်းဘုန်းဖြေသည်...

သံဃာတော်များနှင့် Pirate Softwares

ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ သံဃာတော်များ ကွန်ပျူတာသုံးစွဲရာတွင် တရားဝင် လိုင်စင်ဖြင့်ဝယ်ထားတာမဟုတ်တဲ့ ဆော့ဖ်ဝဲများ (Pirate Softwares) ကို အသုံးပြုပါက ၀ိနည်းတော်နှင့် ညီ၊ မညီ သိလိုပါတယ်ဘုရား။

ဦးလောကနာထ (www.lknt.org): ဒကာလေး ဝိမုတ္တိရေ... ဘုန်းကြီးတို့ စည်းရိုးနားတော့ ရောက်လာပြီ... ပိုင်ရှင်က ရောင်းစားတဲ့ ဆော့ဖ်ဝဲများကို တရားမဝင် အသုံးပြုရင် ဘုရားဝိနည်းတော်အရ အပြစ်ရှိပါတယ်... အပြစ် အကြီး အသေးကတော့ အခြေအနေအားလုံးအပေါ်မှာ မူတည်ပါလိမ့်မယ်... လေးနက် သိမ်မွေ့မှုတော့ အများကြီး ရှိပါတယ်... ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ...

ဒုတိယပါရာဇိက ခိုးမှုကို ဆုံးဖြတ်နိုင်ဖို့ အချက် ၅-ချက်ကို ထည့်သွင်းစဉ်းစားဖို့ ပြထားပါတယ်...

၁... ပိုင်ရှင်၏ သဘောထား...

၂... ခိုးယူသည့် အချိန်ကာလ...

၃... ခိုးယူရာ အရပ်ဒေသ...

၎... ခိုရာပါပစ္စည်း တန်ဖိုး...

၅... ခိုရာပါပစ္စည်း သုံးစွဲမှုတို့ ဖြစ်ပါတယ်...

အကျယ်ကိုတော့ ဒုတိယပါရာဇိကအခန်းမှာ အတော်စုံပါတယ်... ဆက်လက်လေ့လာပါ... စိတ်ချမ်းသာပါစေ...



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP