သီတဂူစတားလေ့လာရေးမှတ်တမ်း (၆)


ဆယ်ကြီးနား
ပန်းခြံနှင့်စက်ရုံတို့ကိုလေ့လာပြီး မြင်းဇောင်းဆီသို့သွားကြရသည်၊ ပြိုင်ပွဲမြင်းများဖြစ်သည်၊ အလွန်လှပါသည့်မြင်းတွေဖြစ်သည်၊ သြစတေးလျစသည့်ပြည်ပမှ မှားယူးထားသည်ဟုသိရပါသည်။ ထိုနှင်းဆီကုန်းပိုင်ရှင်သည်၊ ကိုယ်ပိုင်ဆယ်ကြီးပါ ပိုင်ဆိုင်သည်၊ သုံးရေနှင့် သစ်ပင်များအတွက် ရေကို ထိုဆယ်ကန်ကြီးမှ မော်တာဖြင့်စုပ်ယူပါသည်။
ဓာတ်ပုံရိုက်ကြ
အစုလိုက်အစုလိုက် ဓာတ်ပုံရိုက်ကြည်သည်၊ ကိုယ်ခင်ရာ မင်ရာခေါ်ကြပြီးဓာတ်ပုံရိုက်ကြသည်၊ အဲဒီအထဲမှာ သီရိလင်္ကာသူလေးတစ်ယောက်ပါသည်၊ သူလဲ တော်တော် ရေးပန်းစားသည်၊ အသားရေက သီတဂူစတားလောက်တော့ မဲသည်၊ ဒါပေမဲ့ မျက်နှာပန်းလှတော့ လူချစ်လူခင်ပေါသည်၊ သူနှင့်ဓာတ်ပုံရိုက်ချင်သူတွေပေါမှပေါပဲ၊ ထိုင်းဘန္တေကြီးကတော့ အမိအရ တွဲရိုက်လိုက်သေးသည်၊ သီတဂူစတားတော့ ရှက်တာနဲ့ ဟန်လုပ်လိုက်ရသည်။ နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေ အခုလို တွဲပြီးဓာတ်ပုံရိုက်ကြခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးစေသည်။ နေကလဲအရမ်းပူနေပါသည် သို့သော် အားလုံးရဲ့မျက်နှာမှာ ပျော်နေကြသည်။ သီတဂူစတားနှင့် အခန်းခြင်းကပ် အခန်းနံပါတ် ၉၀ က အီရန်က သီတဂူစတားကို ဓာတ်ပုံရိုက်ဖို့လာခေါ်သဖြင့် ရိုက်ဖြစ်သွားသည်၊ အဲနောက် အခြားနိုင်ငံက ကျောင်းသားတွေလဲ ရိုက်ချင်ပါတယ်ဆိုပြီး ပြေးလာကြသည်၊ ပြီးတော့ အီရန်ကျောင်းသားက သီတဂူစတားကို အာဖရိက ၊ကညာ၊ မွန်ဂိုနှင့် အာဖကန်နစ္စတန် ကျောင်းသားတွေနှင့်မိတ်ဆက်ပေးသည်၊ သူပြောပုံက- he is my good friend who live in room number 95 and he is a good monk. သူဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းပါ၊ အခန်းနံပါတ် ၉၅ ကပါ၊ သဘောကောင်းတဲ့ ရဟန်းတစ်ပါးပါ၊ ဟု သီတဂူစတားအကြောင်းကို ပြောပြကာ မိတ်ဆက်ပေးသည်၊ သီတဂူစတားက သူ့အတွက် ကောင်းမှာပေါ့၊ သီတဂူစတားထံမှ ဆီလိုလျင် ဆီယူလို့ရသည်၊ ဆားလိုလျင် ဆားယူလို့ရသည်၊ ပရင့်ထုတ်ချင်ရင် ပရင့်ထုတ်လို့ရသည်။ သီတဂူစတားတို့ရဲ့ ထူးဆန်းသော အ၀တ်သည် သူတို့အတွက် ပိုပြီး ထူးဆန်းသစ်လွင်ပြီး အမှတ်ရစေပါသည်။
သီတဂူစတားလေ့လာရေးမှတ်တမ်း (၇)လာပါဦးမည်

0 comments:
Post a Comment