* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 29, 2009

လူ့ဘ၀ရခဲခြင်း နှင့် သံသရာရှည်လှပုံ

လူ့ဘ၀ရခဲခြင်းနဲ့ သံသရာရှည်လှပုံကို အကျဉ်းရုံးတင်ပြရမယ် ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
သုတ္တန်နှစ်ခု နဲ့ ဆုံးမတော် မူခဲ့ပါတယ် ။
တနေ့သောအခါမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ လက်သည်းခွံပေါ် မြေမှုန့် အနည်းငယ်တင်ပြီး ဤလက်သည်းခွံပေါ်က
မြေမှုန့်နှင့် မဟာပထ၀ီမြေကြီး အပြည့် မြေမှုန့်တို့သည် ဘယ်မြေမှုန့်က နည်းပါသလဲလို့ မေးပါတယ်တဲ့ ။
လက်သည်းခွံပေါ်က မြေမှုန့်ဟာ တုနိုင်းလို့ မရအောင် နည်းပါးလွန်းလှပါတယ်လို့ နောက်လိုက်ရဟန်းတွေက ဖြေပါတယ်တဲ့ ။
အဲ့ခါမှာ ဘုရားရှင်က ကောင်းပြီ အသင်တို့ ပြောသော ဤနည်းပါးလှသော မြေမှုန့် ပမာဏလောက်သာလျှင် လူနတ် ဗြဟ္မာတို့ သေလျှင် လူနတ် ဗြဟ္မာ ပြန်ဖြစ်တယ် ။ ကျန်တဲ့ ဤ မဟာပထ၀ီမြေကြီး ပမာဏရှိ လူနတ်ဗြဟ္မာတို့ဟာ သေလွန်တဲ့အခါမှာ အကုန် အပါယ်ကို ဆင်းပါတယ်တဲ့ ။

ဒါကြောင့် ယနေ့ စာဖတ်သူဟာ အပါယ်က လွတ်ပါပြီလို့ ကိုယ့်ကိုယ်ကို ပြောရဲပါ့မလား ။ ကြောက်စရာကောင်းလွန်းလှပါတယ် ။
ဒါကြောင့် ၀ိပဿနာ မကျင့်သေးတဲ့ ပုဂ္ဂိုလ်ဟာ ဆင်းမှာပဲ ဆိုတာကိုတော့ စဉ်းစားစရာမလိုပဲ ဗေဒင်မေးစရာမလိုပဲ သိနိုင်ပါပြီ ။
အဲ့ တစ်ချို့က ဒီလောက်နဲ့ မသိကြသေးပဲ အပါယ်ကို သွားလည်ချင်ကြသေးတယ် ။
ဒါကြောင့် ဘုရားရှင်ဟာ အပါယ်တစ်ခေါက် သွားလည်ချင်ကြသူများအတွက် ဒုတိယ သုတ္တန်ကို ဟောပြီး ထပ်မံ ဆုံးမပါတယ် ။

အင်မတန်မှ အပြောကျယ်လှတဲ့ သမုဒ္ဒရာကြီးရဲ့ ကြမ်းခင်းပေါ်မှာ မျက်လုံး စုံကန်းနေတဲ့ လိပ်ကြီးတစ်ကောင်ဟာ
တွားသွားနေပါတယ်တဲ့ ။ သမုဒ္ဒရာအထက် ရေပြင်ပေါ်မှာလည်းပဲ သွားချင်ရာသွား မျှောချင်ရာမျှောနေတဲ့ လှည်းထမ်းပိုးတုံးလေး တစ်တုန်းရှိပါတယ်တဲ့ ။ အဲ့ ထမ်းပိုးတုံးမှာ လိပ်ခေါင်းနဲ့ စွပ်ရုံ အပေါက်လေး တစ်ပေါက် ပါပါတယ် ။
လိပ်ကန်းဟာ အနှစ် ၁၀၀ ကြာမှ ရေမျက်နှာပြင်ကို တစ်ကြိမ်ပေါ်တယ်တဲ့ ။ မျက်လုံးကန်းနေပြီး နှစ် ၁၀၀ ကြာမှ တစ်ချိန်ပေါ်တဲ့ လိပ်ကန်းနဲ့ မျှောချင်ရာ မျှောနေတဲ့ ထမ်းပိုးတုန်းက အပေါက်လေးဟာ စွပ်ဖို့ ရာ လွယ်ပါ့မလားလို့ ဘုရားရှင်က မေးပါတယ်တဲ့ ။ အဲ့ခါမှာ ရဟန်းတွေက ဘယ်လိုမှကို မဖြစ်နိုင်ပါ ဘုရား ထမ်းပိုးတုံးကို ကိုင်ပြီး ကန်းနေတဲ့ လိပ်ကန်းခေါင်းကို
လိုက်စွပ်ရင်တောင်မှာ စွပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘုရားတဲ့ ။

အဲ့အခါမှာ ဘုရားရှင်က ရဟန်းတို့ အသင်တို့ မဖြစ်နိုင်ဘူးလို့ ပြောတဲ့ လိပ်ကြီးရဲ့ ဦးခေါင်းနှင့် ထမ်းပိုးတုံးတို့သည်
အခြေအနေ တစ်ခု ကြောင့် စွပ်ကောင်းစွပ်သွားနိုင်တယ် ။ လိပ်ကန်းကလည်း ကမ္ဘာကြီးတည်သ၍ အသက်ရှည်မယ် ၊ ထမ်းပိုးတုံးကလည်း လိပ်ကြီး အသက်ရှင်သ၍ မျှောနေဦးမယ်ဆိုရင် အလွန်အင်မတန့် အင်မတန် ကံကောင်းရင်ဖြင့် စွပ်သွားနိုင်ပါတယ်တဲ့ ။ ဒါတောင် စွပ်ပါမယ်လို့ သေချာမပြောနိုင်ဘူးနော ။ စွပ်ကောင်း စွပ်သွားနိုင်ပါတယ်တဲ့ ။
အပါယ်ကို ဆင်းသွားတဲ့ လူနတ်ဗြဟ္မာတို့ကတော့ တစ်ကြိမ်ပြန်လည်ပြီး လူနတ်ဗြဟ္မာဖြစ်ဖို့ဆိုတာ အလွန်အင်မတန်မှ ရာထောင် မက ခဲယဉ်းလှပါတယ်တဲ့ ဗျာ ။

ကဲ စာရှုသူတို့ရေ အလည်သွားချင်တဲ့ ပုဂ္ဂိုလ်များ စဉ်းစားဖို့ ကောင်းပါပြီ ။ သားသမီးအတွက်များ ဆင်းချင်သေးလား မိဘအတွက်ဆိုပြီးများ ဆင်းချင်သေးလား ချစ်သူ လင်သားအတွက် ဆိုပြီးများ ဆင်းချင်သေးလားဗျာ ။
တစ်ဘ၀စာ ဂုဏ်တွေအတွက် ရာထူးအာဏာအတွက် ငွေကြေးဥစ္စာတွေ အတွက်ရော ဆင်းချင်ကြသေးလားဗျာ ။ ဘာနဲ့မှ မလဲကြပါနဲ့ဗျာ ။ အပါယ်ကို ဘယ်လိုနည်းနဲ့မှ မသွားကြပါနဲ့ ။ မတော်တဆများ အပါယ်ကျသွားခဲ့ရင်တော့ ဘယ်လိုမှ မမှီတော့ပါဘူး ကုရာနတ္ထဆေးမရှိပါပဲဗျာ ။

ယနေ့ ကျနော်တို့ဟာ လူသားအဖြစ်ကို ရရှိနေပါပြီ ၊ အင်မတန်ကံကောင်းလှတဲ့ လူသားတွေ ဖြစ်နေပါတယ် ၊
မြန်မာနိုင်ငံဟာ ထေရ၀ါဒ ထွန်းကားတဲ့ နိုင်ငံတွေထဲမှာ အထွဋ်အထိပ်နိုင်ငံ ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာ မိသားစုမှာ မွေးဖွားလာရပြီးတော့ ဗုဒ္ဓရဲ့တရားတွေနဲ့လည်း အလှမ်းမဝေးပါဘူး ။ ပြီးတော့ အာရုံခြောက်ပါးလုံး ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်နေကြတယ် ။ ဒါကြောင့် အပါယ်မဆင်းချင်ရင်ဖြင့် ရခဲလှတဲ့ လူ့ဘ၀ ရနေတုန်းမှာ ၀ိပဿနာ ကျင့်ကြံအားထုတ်ဖို့ သတိပြုကြပါ ။

ဆက်လက်ပြီး ရှည်လျှားလှတဲ့ သံသရာကြီး အကြောင်းကို ဗဟုသုတ အနေဖြင့် ကြည့်မယ်ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
တစ်ကမ္ဘာလေးကပဲ စပြီး ဟောခဲ့ပါတယ် ။
တစ်ကမ္ဘာကို ရေတွက်ရာမှာ ကပ်ကြီး လေးကပ် ရှိပါတယ် ။

၁ ။ အာယုကပ် ။
ဟိုး မရေတွက်နိုင်အောင် အသက်ရှည်လှတဲ့ infinity ထိ အသက်ရှည်လှတဲ့ သက်တမ်းကနေပြီး
အနှစ် ၁၀၀ ကြာတိုင်း ၁ နှစ် လျော့လျော့လာပါတယ် ။ ယနေ့ သက်တမ်းဟာ ၇၀ ကျော်သက်တမ်း ဖြစ်ပါတယ် ။
အနှစ် ၁၀၀ ကြာတိုင်း ကျဆင်းလာတာ အနိမ့်ဆုံးသည် ၁၀ နှစ်တန်းထိ ကျဆင်းပါတယ် ။
အဲ့ဒါကို ဆုတ်ကပ် လို့ ခေါ်ပါတယ် ။ တဖန် ဆယ်နှစ်ကနေပြီး အနှစ် ၁၀၀ ကြာတိုင်း နှစ်ဆ နှစ်ဆ ပြန်ပြန်တက်ပါတယ် ။
အဲ့လိုတက်လာတာဟာ ရေတွက်လို့ မရတဲ့ infinity ထိကို အသက်ရှည်ပါတယ် ။
အဲ့ဒီလို တက်လာတာကို တက်ကပ်လို့ ခေါ်ပါတယ် ။ အဲ့လို ကပ် တစ်ကပ်ချင်းကို အာယု ကပ် လို့ ခေါ်ပါတယ် ။

၂ ။ အန္တရကပ် ။
အာယုကပ် အတက်အဆင်း တကြိမ်လှည့်တာကို အန္တရကပ်လို့ ခေါ်ပါတယ်တဲ့ ။

၃ ။ အသင်္ချေယျကပ် ။
အန္တရကပ် ( ၆၄ ) ကပ်ပေါင်း၏ ကာလ ဖြစ်ပါတယ် ။

၎ ။ မဟာကပ် ။
အသေင်္ချေယျကပ် ( ၄) ကပ်ပေါင်း၏ ကာလ ( တစ်ကမ္ဘာ) ဖြစ်ပါတယ် ။

နောက်တစ်နည်းနဲ့ တစ်ကမ္ဘာကို ကြည့်မယ်ဆိုရင်
သံဝဋကပ် ကမ္ဘာပျက်ဆဲ ကာလ ဖြစ်ပါတယ် ။
သံဝဋဌာယီကပ် ကမ္ဘာပျက်ပြီး တည်နေဆဲ ( Void ) ဖြစ်ပါတယ် ။
ဝိ၀ဋကပ် တဖန်ပြန်ပြီး ကမ္ဘာကြီး ဖြစ်နေဆဲ ကာလဖြစ်ပါတယ် ။
ဝိ၀ဋဌာယီကပ် ကမ္ဘာဖြစ်ပြီး တည်နေဆဲ ဖြစ်ပါတယ် ။
အဲ့လေးခုပေါင်းကိုလည်း မဟာကပ် တစ်ခု တစ်ကမ္ဘာလို့ ခေါ်ပါတယ်တဲ့ ။

ဒီလိုဆိုရင် ကမ္ဘာ တစ်ခု တစ်ခုကို ဘယ်လောက်ကြာတယ် ဆိုတာ ကျနော်တို့ သတိပြုမိဖို့ ကောင်းပါပြီ ။ ကွန်ပျူတာပေါ်မှာ ဖော်ပြလို့ မနိုင်အောင် နှိပ်ကြည့်လို့ မနိုင်အောင် ကြာမြင့်လှပါတယ် ။ ကမ္ဘာနဲ့ ချီပြီး ငရဲခံနေရတဲ့ သူတွေအကြောင်း ဘုရားတစ်ဆူကနေ နောက်တစ်ဆူ ပွင့်တဲ့ ကာလအထိ ၀ဋ်ခံရတဲ့ ပြိတ္တာတွေ အပါယ်ဘုံသားတွေအကြောင်းဟာ ကျနော့်တို့ ဗုဒ္ဓဘာသာ နားတွေနဲ့ မစိမ်းလှပါဘူးဗျာ ။ မတော်တဆ အပါယ်များ ရောက်သွားခဲ့ရင် ဒါမှမဟုတ် ရပ်ပြစ်ရှစ်ပါးတွေ ရောက်သွားခဲ့ရင် ကျနော်တို့တတွေ စဉ်းစားလို့ မရအောင်ကို ကြာမြင့်လိမ့်မယ်ဆိုတာ သတိပြုပါ ။

တမော့တမောကို ကြာမြင့်လှမယ့် အချိန်တွေကို အပါယ်မှာ ဖြုန်းချင်သေးတယ်ဆိုရင်ဖြင့် ၀ိပဿနာကို မကျင့်ပဲ နေလို့ ရပါတယ် ။
တစ်ကယ်လို့ အပါယ်မှာ မခံချင်တော့ဘူးဆိုတဲ့ မိတ်ဆွေတို့သည် နောင်လာမယ့် ဘုံစဉ်စံပဲ ဖြစ်ဖြစ် ယခု တစ်ဘ၀တည်းပဲ ဖြစ်ဖြစ် သွားချင်တဲ့ ပုဂ္ဂိုလ်တို့သည် ၀ိပဿနာကို မကျင့်လို့ မဖြစ် မသုံးလို့ မဖြစ်အောင်ကို လိုအပ်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်းနဲ့ လူ့ဘ၀ ရခဲခြင်းနဲ့ သံသရာရှည်လှပုံ အကျဉ်းကို နိဂုံးချုပ်ပါတယ်ခင်ဗျာ ။

မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါသည် ။
နောက်ရက်တွေမှာ ၀ိပဿနာ အဓိပ္ပာယ်နှင့် ဘာကြောင့် အားထုတ်သင့်သလဲ ဆိုတာ ကို ဆက်လက်တင်ပြပါ့မယ်ခင်ဗျ ။
အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP