* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 29, 2009

ကျွန်တော်မေးလို့  ဘုန်းဘုန်းဖြေသည်...

သာသနာတော်ကို စောင့်ရှောက်သူ


ဝိမုတ္တိသုခ: ဘုန်းဘုန်းဘုရား။ တကယ်လို့ များ ရဟန်းတော်တစ်ပါးဟာ လူသူမနီး တောထဲမှာဘဲ မိမိတစ်ပါးတည်း အသက်ထက်ဆုံး သီတင်းသုံးရင်း တရားနှင့်မွေ့ လျော်နေမယ်ဆိုရင် အဲဒီရဟန်းကို (၁) လောကလူသားတို့ ရဲ့ ကောင်းကျိုးကို မသယ်ပိုး မဆောင်ရွက် သူလို့ ပြောနိုင်ပါသလားဘုရား (၂) သာသနာတော်ကို မကာကွယ် မစောင့်ရှောက်သူလို့  ပြောနိုင်ပါသလားဘုရား (၃) တကယ်လို့များ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိခဲ့ရင် ဒီရဟန်းမျိုးကို ချီးကျူးတော်မူမှာလား ကဲ့ရဲ့ တော်မူမှာပါလားဘုရား။

ဦးလောကနာထ (www.lknt.org): ဒကာလေး ဝိမုတ္တိသုခ ရေ... မေးခွန်းက ကောင်းတယ် ၁-၂-၃-ဆိုပြီးတော့... ဘုန်းကြီးကတော့ လုံးချမှာ... ညာချမှာတော့ မဟုတ်ဖူးနော်... ရှင်းရှင်း လွယ်လွယ် ဖြေရရင်တော့ မြတ်ဗုဒ္ဓက သာဓုခေါ်တော်မူပါတယ်.... ကိလေသာချုပ်ငြိမ်းအောင် လုပ်နေသူကို သာဓု ခေါ်ပါတယ်... လောကမှာ စတင်ပြီး ကိလေသာခပ်သိမ်း ချုပ်ငြိမ်းလို့ မြတ်ဗုဒ္ဓ ပွင့်ပေါ်တယ် ခေါ်ရတာ... ဒီတော့ကာ မိမိ ကိလေသာ ချုပ်ငြိမ်းဖို့...၊ သတ္တဝါအများ ဆင်းရဲဒုက္ခချုပ်ငြိမ်းဖို့...၊ ဒီနှစ်မျိုးမှာ... မိမိ ကိလေသာချုပ်ငြိမ်းဖို့ ကျင့်တာကို ပဋိပတ္တိ အမည်တတ်ကြည့်မယ်... သူတစ်ပါးတွေ ကောင်းကျိုး (ကောင်းကျိုးဆိုတာထက် ဆင်းရဲဒုက္ခ(ကိလေသာခပ်သိမ်း) ချုပ်ငြိမ်းဖို့ အသုံးကို ပိုကြိုက်တယ်) အတွက် ဟောပြောပေး လုပ်ကိုင်ပေး သင်ကြားပေးတာကို ပရိယတ္တိ အမည်တတ်မယ်... ဒီလို အမည်တတ်လို့ ရပြီဆိုရင် မြတ်ဗုဒ္ဓက ဘယ်အလုပ် လုပ်တာကို နှစ်သက်သလဲ မနှစ်သက်သလဲ ဆိုခဲ့သော်... သာသနာနှစ်ရပ် ဖြစ်နေတဲ့အတွက် အထူးပြောဖွယ် မရှိလို့ မြင်ပါတယ်... ဒီတော့ ပဋိပတ္တိ ပရိယတ္တိ လုပ်နေသူများအား အပြစ်ပြောသူကိုသာ မဂ်ဖိုလ်မှ အချည်းနှီးသော ယောက်ျားဆိုပြီးတော့ မြတ်ဗုဒ္ဓက ကဲ့ရဲ့လိမ့်မယ် ထင်မိပါတယ်... ရဟန်းမှန်ရင် မြတ်ဗုဒ္ဓနှစ်သက်တဲ့ သာသနာနှစ်ရပ် တစ်ရပ်ရပ်တော့ လုပ်သင့်ပါတယ်... လုပ်ကြရမယ်... စွမ်းရည် ပြည့်စုံသူများကတော့ သာသနာနှစ်ရပ်လုံး ဆောင်ရွက်နေကြပါတယ်... ဒကာဒကာမအားလုံးပဲ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...

ဝက်-လော့ တွေမှာ သာသနာသုံးရပ် ရေးကြရင်...

(ပဋိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဓ၊ ဒီလို ရေးမဲ့အစား)

(ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊ ဒီလို ရေးသင့်ပါတယ်)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP