* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 29, 2009

တတိယအကြိမ်မြောက် ဆမ်ဘားဝမ်း( ဓမ္မဥယျာဉ်မြန်မာဘုန်းတော်ကြီးကျောင်း) တန်ဆောင်တိုင် ကထိန်အလှူတော်

ပီးခဲ့တဲ့ တနင်္ဂနွေနေ့ ( 25 Oct 2009 ) ရက်နေ့က နှင်း ရဲ့ ဆရာများက ဆမ်ဘားဝမ်း ဆရာတော်ဘုရားထံ ကထိန်သင်္ကန်း သွားရောက် လှူဒါန်းကြမည်ဟု အကြောင်းကြားလာသဖြင့် အိပ်ယာထ အလွန်ပျင်းသော နှင်း တစ်ယောက် နံနက်စောစော အိပ်ယာမှထကာ နှင်း တို့ အိမ်နှင့် မလှမ်းမကမ်း၌ တည်ရှိသော ဓမ္မဥယျာဉ် မြန်မာဘုန်းတော်ကြီးကျောင်း သို့ သွားရောက်ဖြစ်ခဲ့ပါတယ်....။

အဲဒီ့နေ့က စကာင်္ပူနိုင်ငံ စင်္ကာပူမြို့ Sembawang ဓမ္မဥယျာဉ် မြန်မာ ဘုန်းကြီးကျောင်း၌ ဆရာတော်ဘုရား နှင့် သံဃာတော် အရှင်သူမြတ်တို့အား စင်္ကာပူရောက် ဗုဒ္ဓဘာသာ မြန်မာမိသားစု တို့ ပေါင်းစု၍ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းဆက်ကပ်ကြပြီးနောက် ၊ ကထိန်အလှူတော် အောင်ပွဲအခမ်းအနားကိုလည်း ဓမ္မဥယျာဉ်ကျောင်း အနီးရှိ Sembawang ကမ်းခြေ ၌ စည်ကားသိုက်မြိုက်စွာကျင်းပ ခဲ့ကြပါတယ်..။
ဓမ္မဥယျာဉ်ကျောင်း ဆရာတော်ဘုရားအား အမှူးပြု၍ အလှူရှင်မိသားစု များမှ စတုဒီသာ မြန်မာ့ရိုးရာ မုန့်ဟင်းခါး ၊ အုန်းနိုးခေါက်ဆွဲ ၊ ဆီချက်ခေါက်ဆွဲ ၊ သာကူ ၊ လုံးစေ့ကျောက်ကျောဖျော်ရည် ၊ ခေါက်ဆွဲသုတ် ၊ ကြာဇံဟင်းခါး စသည့် စတုဒီသာ အစုံအလင်တို့ဖြင့် ရောက်လာသူအားလုံးတို့ကို တစ်နေကုန် ဒါနပြုကြပါတယ်...။











ဆမ်ဘားဝမ်း ကမ်းခြေကို ဘတ်စ်ကားရပ်လိုက်ပြီဆိုရင်ပဲ မြန်မာ့ဆိုင်းဝိုင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်တီးလုံးသံကိုကြားလိုက်ရတော့ ချက်ချင်းပဲ မြန်မာပြည်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရပါတယ် ...။
အနီးနားရောက်တဲ့အခါမှာတော့ ပင်လယ်ကမ်းစပ်အနီး ဇာတ်စင်ထိုးပြီး စင်ပေါ်မှာလည်း
မြန်မာ့ဆိုင်းဝိုင်းကြီးကို တွေ့လိုက်ရတဲ့အခါ ရင်ထဲမှာ အရမ်းကို ပျော်သွားမိတယ် ...။
ဆိုနေကြတဲ့ သီချင်းတွေကလည်း ချမ်းမြေ့ပါစေ ၊ ဇေယျာကမ်းအလှပန်းချီ ၊ ငယ်ကျွမ်းဆွေ ၊ အရဟံဂုဏ်တော် စတဲ့ မြန်မာတေးသီချင်းကြီး တွေနဲ့ အားပါးတရ ဖျော်ဖြေကြပါတယ် ...။
နားထောင်လို့လဲ အရမ်းကောင်းသလို စင်္ကာပူရောက်မြန်မာတွေရဲ့ အနုပညာအရည်အချင်းတွေကိုပါ သိခွင့်ရခဲ့ပါတယ်...။
ပရိတ်သတ်တွေ ရိုးအီမသွားရအောင် ကြားဖြတ် ကံစမ်းမဲအစီအစဉ်လေးတွေပါ ထည့်ထားပါတယ် ...။
ဆရာတော်ဘုရားက ကထိန်အလှူရှင်တွေအတွက် ပထမဆု Laptop Computer ၊ ဒုတိယဆု LCD TV ၊ တတိယဆု DVD Player နဲ့ စတုတ္ထဆု Digital Camrea ၊ ပဉ္စမဆု လန်ကာဝီ ခရီးစဉ် ၂ ညအိပ် ၃ရက် နဲ့ နှစ်သိမ့်ဆုများအဖြစ် တစ်နှစ်စာ စင်္ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်း စာအုပ်များ ၊ မသီရိ ( သီရိ အလှပြင်ဆိုင် ၊ Peninsula Plaza ) ကလဲ Hair Cut Free လက်မှတ်မြောက်များကို စပွန်စာ ပေးခဲ့ပါတယ်...။ကိုယ်ကိုယ်တိုင် ဘာမဲမှ မပေါက်ခဲ့ပေမယ့် သူများတွေ မဲတွေပေါက်တာကိုကြည့်ရတာလဲ အရမ်းပျော်စရာကောင်းနေခဲ့ပါတယ် ....။
အစီအစဉ်တွေအားလုံးထဲမှာတော့ အထူးခြားဆုံးက အငြိမ့်ကဏ္ဍလေးပါပဲ လူရွှင်တော်တွေ ၊ အငြိမ့်မင်းသမီးတွေနဲ့ ဆိုင်းဆရာ စိန်မြစန်း အဖွဲ့ လိုက်ဖက်ညီညီ ကတာတွေကို ကြည့်ရတာ တစ်ကယ့် မြန်မာပြည်က အငြိမ့်တွေလိုပါပဲ ....။ အငြိမ့်မစခင်မှာ ကတဲ့ ရွှေအိုးစည်အကလေးကိုတော့ နှင်း တော်တော်လေး သဘောကျမိတယ်...။ရှမ်းတိုင်းရင်းသားလေး နှစ်ယောက်ကပြဖျော်ဖြေကြတာဖြစ်ပါတယ်...။
အားလုံးကြည့်လို့ရအောင် Video ရိုက်လိုက် ချက်ချင်း Youtube မှာလှမ်းတင်လိုက်နဲ့ နှင်း လဲ တော်တော်အလုပ်ရှုပ်သွားပါတယ် .. ပါးစပ်ကပြောတော့ အချိန်မရှိလို့ဆိုပြီး အဲဒီ့နေ့က ပြန်ရအောင်လို့ခေါ်တာကို မရလို့ နှင်းကို လက်လျှော့ပြီး နှင်းတို့ တစ်ဖွဲ့လုံး တစ်နေကုန်အောင် ထိုင်ကြည့်ခဲ့ကြပါတယ်...။

ကိုဖိုးစိုင်း နဲ့ မနန်းမေသက်အေး တို့ရဲ့ ရွှေအိုးစည် အက


မနှင်းဝေေ၀ ရဲ့ တစ်ပင်တိုင်အကအလှ


ဒေ၀စ္ဆရာ နှစ်ပါးအက








အဲဒီ့နေ့က အလှူရှင်တွေလဲ ဒါနမြောက်သွားရအောင် အုန်းနို့ခေါက်ဆွဲက ၂ ပွဲ ၊ ခေါက်ဆွဲသုတ် ၁ပွဲ ၊ မုန့်ဟင်းခါး ၁ပွဲ၊ ဆီချက် ၁ပွဲ ၊ အအေး ၂ ခွက် ၊ ရေသန့်၂ ပုလင်း ၊ တစ်နေကုန် မပြန်မချင်း အားပေးလာခဲ့ပါတယ်...။ ဗိုက်အရမ်းတင်းနေတာနဲ့ သာကူ မစားခဲ့ရဘူး .. အိမ်ပြန်ရောက်လို့ ဗိုက်ချောင်သွားတော့မှပဲ ဓါတ်ပုံလေးတွေ ပြန်ကြည့်ပြီး သာကူမစားခဲ့ရလေခြင်းဆိုပြီး နောင်တတွေတစ်လှေကြီး ရနေသေးတာ ..ဟီး ...း) ။အလှူလုပ်တဲ့အခါ လန့်ပြီးမဖိတ်ပဲ မနေကြနဲ့ဦးနော်...။ အုန်းနို့ခေါက်ဆွဲက အရမ်းကောင်းလို့ နှစ်ပန်းကန်စားပစ်လိုက်တာ နောက်တစ်နေ့ရောက်တော့ ကောင်းကောင်းမထနိုင်တဲ့အပြင် ခေါင်းတစ်ခြမ်းကလဲ အကြောညှပ်သွားပါတယ် ...။ နောက်ဆုံးတော့ နှင်းဟေမာ တစ်ယောက် လုံးဝမထနိုင်တော့လို့ ရုံးတစ်ရက် နားလိုက်ရပါတော့သတည်း .....းp

အားလုံးကို ချစ်ခင်လေးစားလျှက်
နှင်းဟေမာ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP