မေးစရာ
ကျွန်တော်က ဘာသာရေးဘက်မှာ စိတ်နည်းနည်းပါတော့ မေးခွန်းလေးတွေ မေးပြီး သင်ယူရတာဝါသနာပါပါတယ်
ကျွန်တော့်လိုပဲ ၀ါသနာပါတဲ့သူတွေလေ့လာနိုင်အောင် ပုစ္စာလေးတွေနဲ့ တင်ပြပါ့မယ်
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တစ်စုံတစ်ရာသောအတွေးလေးတွေ ၀င်သွားမယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်
မေးခွန်းလေးက တော်တော်လွယ်ပါတယ်
ဒါပေမယ့်ဖြေတဲ့သူရဲ့ ဘာသာရေးအတွေးလေးကိုအဖြေကနေတဆင့် လေ့လာဆန်းစစ်လို့ တစ်စိတ်တစ်ဒေသရနိုင်ပါလိပ်မယ်
ဒီလိုပါဗျာ
ကျွန်တော်ငယ်ငယ်ကကြုံရတဲ့ကိစ္စလေးပါ
တနေ့ ကျောင်းကအပြန်လမ်းလျှောက်လာရင်း အမှတ်မထင်တွေ့ လိုက်ရတာပါ
မြွေလေးတစ်ကောင်က ဖားလေးကိုမြိုဖို့ ကြိုးစားနေတာပါ
ကျွန်တော်ဖားလေးရဲ့ အသက်ကိုကယ်တင်လိုပါတယ်
သူတစ်ပါးရဲ့ အသက်ကို ကယ်တာဟာ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ရဲ့ အလေ့ကောင်းတစ်ခုမဟုတ်လား
ကျွန်တော် ဖားလေးကိုကယ်ဖို့ ကြိုးစားလိုက်ပါတယ်
နီးရာတုတ်တစ်ချောင်းကိုကောက်ပြီးမြွေလေးကိုချောက်ဖို့ လုပ်တဲ့အခါ မော့လာတဲ့မြွေလေးရဲ့ မျက်နှာမှာ တစ်စုံတစ်ရာ တွေ့.လိုက်မိသလိုခံစားရပါတယ်
ဖားဆိုတာသူ့ ရဲ့ အစာပါတဲ့
ကျွန်တော်မှာများသွားတာလား
သူတစ်ပါးရဲ့ အစားအစာကိုနှောက်ယှက်တဲ့သူလည်းကျွန်တော်မဖြစ်ချင်ပါဘူး
မြွေလေးရဲ့ စကားသံကိုကျွန်တော်ကြားနေမိသလိုပါပဲ
ဖားလေးကလဲကယ်ပါယူပါလို့ အော်နေမှာ
သူတို့ ရဲ့ အသံကိုကျွန်တော်နားမလည်ပါဘူး
ဒါပေမယ့် ကျွန်တော်ထင်ပါတယ် ဒီလိုပဲပြောမှာပါပဲ
ကျွန်တော်ဘာလုပ်ရမှန်းမသိအောင်တွေဝေနေခဲ့မိပါတယ်ဗျာ
ကဲ....မိတ်ဆွေ.................
သင်ရော ဘယ်လိုဆုံးဖြတ်မှာလဲဆိုတာပြောပြပေးပါလား
(aungkha09@gmail.com)

0 comments:
Post a Comment