* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 27, 2009

သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်


သို့/
သက်ဆိုင်ရာ ဦးဇင်းများသို့
အိန္ဒိယနိုင်ငံ ရက်စွဲ၊ 27/10/2009


အကြောင်းအရာ၊ ၊ သီတဂူဆရာတော်၏အိန္ဒိယခရီးစဉ်

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ သီတဂူအဓိပတိဆရာတော်သည် အောက်ပါ ခရီးစဉ် အတိုင်း ကြွရောက်မည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။

ဒီဇင်ဘာ ၄ ရက်၊
Thai TG 8820 ဖြင့် နေ့လည် (၂း၀၀) နာရီတွင် ဂယာမြို့သို့ ဆိုက်ရောက် မည်ဖြစ်ပြီး၊ ညနေပိုင်း (၆) နာရီတွင် ဆရာတော်၏ တရားပွဲ အစီစဉ်ရှိပါသည်။
ဗုဒ္ဓဂယာရှိ Lotus Nikko (သို့မဟုတ်) Royal Residential Hotel ၌ တည်းခိုပါမည်။


ဒီဇင်ဘာ ၅ ရက်၊

ဗုဒ္ဓဂယာတွင် ဆရာတော် ရှိနေပါမည်။
ညနေပိုင်းတွင် ပညာသင်မြန်မာရဟန်းတော်များ၏ သြ၀ါဒခံယူပွဲကို ကြွ ရောက်၍ သြ၀ါဒကထာ မြွက်ကြားပါမည်။ ယင်းဟိုတယ်၌ တည်းခိုပါမည်။

ဒီဇင်ဘာ ၆ ရက်၊
နံနက်ပိုင်း Indian Airlines - 410 ဖြင့် လေယာဉ်ဖြင့် ပတ္တနားမှ ဒေလီသို့ ကြွရောက်မည်ဖြစ်ရာ နံနက် ၁၀း၃၀ နာရီတွင် ဒေလီ (IGI) လေဆိပ်သို့ ဆိုက်ရောက်ပါမည်။ ထိုလေဆိပ်မှတဆင့် Indigo-105 ဖြင့် 14:20 တွင် ပုနေးသို့ ဆက်လက်ကြွရောက်မည်ဖြစ်ပါသည်။

Patna to Delhi, Indian Airlines -410, Dep 09:05 – Arr 10:35
Delhi to Pune, Indigo-105, Dep:14:20 – Arr 16:30

မှတ်ချက်။ ပတ္တနားလေယာဉ် နောက်ကျလျှင် စိုးရိမ်ကြောင့်ကြမှု ကင်းဝေးရန်၊ ဒေလီ လေဆိပ်တွင် နေ့ဆွမ်း အေးအေးဆေးဆေး ဘုဉ်းပေးချိန် ရရန်၊ ပုနေးသို့ Business class ဖြင့် ဆရာတော် သက်တောင့်သက်သာ စီးနိုင်ရန်၊ Transit ဖြစ်၍ သေချာပေါက် နောက်ဆက်စီး လေယာဉ်မီရန် တို့ကို ရည်ရွယ်၍ 14:20 အချိန်ကို ရွေးလိုက်ပါသည်။ 12:40 အချိန် လေယာဉ်ရှိသော်လည်း Business class မပါ၍ မရွေးချယ်ပါ။
Seasons An Apartment Hotel ၌ တည်းခိုပါမည်။

ဒီဇင်ဘာ ၇ ရက်
နံနက်ပိုင်းတွင် ပုနေးမြို့ အနီးရှိ ရှေးဟောင်းဗုဒ္ဓဘာသာ လိုဏ်ဂူများသို့ ကြွရောက်လေ့လာပြီး ညနေပိုင်းတွင် ပုနေးတက္ကသိုလ်တွင် ဆရာတော် သင်တန်းတစ်ခု သင်ကြားပြသပေးမည်။ ညနေပိုင်း (၇) နာရီ တွင် Jet Airways-364 ဖြင့် ဒေလီသို့ ပြန်လည် ကြွရောက်မည်ဖြစ်ပါသည်။
Pune to Delhi, Jet Airways-364, Dep: 19:00 Arr 21:10
Ashok Hotel တွင် တည်းခိုပါမည်။

ဒီဇင်ဘာ ၈ ရက်၊
ညသန်းခေါင် Thai TG 316 (00:05/ 09-12-09) ဖြင့် ဒေလီ မှ ဘန်ကောက်သို့ ပြန်လည် ကြွရောက်မည် ဖြစ်ပါသည်။


မေတ္တာဖြင့် -
အရှင်ကုမာရ
ဒေလီတက္ကသိုလ်၊
ဖုန်း ၉၈၁၁၉၂၃၂၈၈


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP