*ရွေဟင်္သာဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်*
စစ်ကိုင်းတောင်ရိုး၊ရွေဟင်္သာချောင်မှ ရွေဟင်္သာဆရာတော်ဘုရားကြီး ဘဒ္ဓန္တပဏ္ဍိတသည်သက်တော်
ရှည်တော်မူ၏။အသက်တော်တစ်ရာကျော်လာသောအခါဟိုက သည်က မေးလျှောက်ကြ၏၊“အသက်
ရှည်အောင်ဘာဆေးဘုဉ်းပေးပါသလဲဘုရား”တဲ့၊ထိုအခါဆရာတော်ဘုရားကြီးကဖြေတော်မူရသည်-
၁။ ဘာဆေးရယ်လို့ထူးထူးထွေဘုဉ်းပေးသည်တော့မဟုတ်ပါ၊အဲ...အရာရာတော့ သတိထားရတာ
ပေါ့၊ဥပမာနံပါတ်(၁)စိတ်ကိုချမ်းသာအောင်ထားတတ်ရမယ်။
၂။ ပြီးတော့နံပါတ်(၂)သင့်တော်တဲ့ ရာသီဥတုမှာမျှတအောင်နေရမယ်၊ဘုန်းကြီးဆိုလျှင်မြန်မာပြည်
အောက်ပိုင်းဒေသ သားဖြစ်ပေမယ့် အောက်ပြည် အောက်ရွာနဲ့မတည့်ဘူး၊ခဏ ခဏဖျားတယ်၊နာ
တယ်၊အောက်ပိုင်းညောင်တုန်းမှာနေတုန်းကဆိုရင်ကျန်းမာတယ်လို့မရှိဘူး။
တစ်ခါတော့ကိစ္စတစ်ခုနဲ့မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းကိုရောက်သွားတယ်၊နေလို့ကောင်းလိုက်
တာ၊တစ်လကျော်ကျော်အတွင်းမှာသိသိသာသာကြီးကျန်းမာရေးတွေကောင်းလာတယ်၊ဒါနဲ့စစ်ကိုင်း
တောင်ရိုးမှာအမြဲနေလိုက်တော့တယ်။
၃။ အဲဒီနောက်နံပါတ်(၃)အစာအဟာရကိုလဲလွန်လွန်ကဲကဲမစားရဘူး၊မျှတရုံစားရတယ်၊မတည့်တာ
ကိုလဲရှောင်ရတယ်။
၎။ အဲ...နောက်ဆုံးနံပါတ်(၄) စင်္ကြံသွားတဲ့အလေ့လဲရှိရတယ်၊ ဘုန်းကြီးကတော့နှစ်ကိစ္စပြီးအောင်
ဆွမ်းခံကြွလိုက်တယ်၊အဲဒီတော့ပိဏ္ဍစာရိက၀တ်လဲပြည့်၊စင်္ကြံကြွတဲ့ကိစ္စလဲပြီးသွားတယ်။
အဲဒီလိုမျှတအောင်နေလို့အသက်ရှည်တာပါ၊အခုဆိုရင်(၁၀၀)နဲ့(၂)လရှိလာပြီ”၊
ဤသို့မိန့်တော်မူပါသည်။
မှတ်ချက်*သက္ကရာဇ် ၁၃၃၅-ခုတပေါင်းလတွင်မိန့်တော်မူခြင်းဖြစ်ပါသည်။
ဆရာတော်ကြီး၏မိန့်ကြားချက်များအရကျွန်တော်တို့သည်ဘယ်နေရာ၊ဘယ်ဒေသရောက်ရောက်အ
ရာရာကိုသတိနဲ့ဆင်ခြင်ပြီးနေထိုင်ရမှာဖြစ်ပါတယ်။ကိုယ်နေတဲ့နေရပ်ဒေသရာသီဥတုလိုမျိုးမဟုတ်
တဲ့အတွက်ဖြစ်ပါတယ်။“ဥစ္စာကံစောင့်၊အသက်ဥာဏ်စောင့်”ဆိုတဲ့ဆောင်ပုဒ်လေးတောင်ရှိတာဘဲ။
လူတိုင်းကသေနေ့ရောက်လာရင်တော့ဘယ်လိုမှတားလို့မရပါဘူး။သေခြင်းတရားကိုမလွန်ဆန်နိုင်
ပါဘူး။ဒါပေမယ့်သေနေ့ မရောက်ခင် သေနေကြတာတွေကို ခုခေတ်မှာ တွေ့နေရပါတယ်။တစ်ချို့
တွေဆိုမူးယစ်ဆေးဝါးသုံးစွဲပြီး ကားတွေ၊ ဆိုင်ကယ်တွေကိုမဆင်မခြင်မောင်းလို့ငယ်ငယ်ရွယ်ရွယ်နဲ့
သေသွားကြတာတွေ၊ဒီနေ့ကမ္ဘာမှာ ကုရာနတ္တိဆေးမရှိတဲ့ HIV/AIDS ရောဂါတွေဖြစ်ပြီး သေသွား
ကြတာတွေကိုတွေ့ရတယ်။အဲဒါဆို မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းမှာလည်းနာမည်ပျက်ရတဲ့အပြင်မိဘ
တွေအတွက်လည်းဆုံးရှုံးရပါတယ်။အဲဒီလိုသေနေ့မရောက်ခင်သေသွားကြရတာတွေဟာကိုယ်ကိုယ်
တိုင်ကျန်းမာရေးကိုမဆင်မခြင်လို့၊ အရာရာကိုသတိမရှိဘဲရှေ့မှာ ဥပမာတွေရှိနေရဲ့သားနဲ့ မှားမှန်း
သိတာကိုမပြင်ဘဲလူငယ်ပီပီ လက်တည့်စမ်း စူးစမ်းချင်တဲ့ စိတ်တွေကြောင့်ဖြစ်ပါတယ်။“ပိုးဖလံမျိုး၊
မီးကိုတိုး” ဆိုသကဲ့သို့ပင်ဖြစ်ပါတယ်။ကောင်းတဲ့ ပညာရပ်တွေကိုသာ စူးစမ်း လေ့လာရမှာ ဖြစ်ပါ
တယ်။ဒါမှသာကိုယ်အတွက်ရော၊မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းတွေအတွက်ရောအဖိုးမဖြတ်နိုင်တဲ့သား
သမီးရတနာလေးတွေဖြစ်လာမှာဖြစ်ပါတယ်။ကျွန်တော်လည်း ဆရာတော်ကြီး အသက်ရှည်ရတဲ့အ
ကြောင်းဖတ်ရင်းနဲ့ကျွန်တော့်ပတ်ဝန်းကျင်မှာတွေ့နေရတာတွေကိုရောက်သွားတယ်ဗျာ။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်းအရာရာကိုသတိတရားလက်ကိုင်ထားပြီးဆင်ခြင်သုံး
သပ်နိုင်ကြပါစေ။

0 comments:
Post a Comment