* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 27, 2009

မွေးနေ့ကို မင်္ဂလာ လို့ခေါ်ပါသလား

အမေး။ ။ အရှင်ဘုရား…….လူတွေဟာ မွေးနေ့ကို မင်္ဂလာလို့ ပြောနေကြပါတယ်။ မွေးနေ့မင်္ဂလာဆိုပြီး ကြားနေရတာလည်း ကြာပါပြီဘုရား။ တပည့်တော်ထင်တာက ဘုရားအလောင်း အရိယာသူတော်ကောင်းတွေ မွေးဖွားလာမှ မင်္ဂလာလို့ ယူဆပါ တယ်ဘုရား။ သာမာန် ပုထုဇဉ်တွေ မွေးလာတာတော့ မင်္ဂလာလို့ မယူဆပါဘုရား။ တပည့်တော်သိချင်တာက မွေးနေ့ဆိုတာ မင်္ဂလာဟုတ် - မဟုတ် သိချင်ပါတယ်ဘုရား။
Dr. တင့်ဇင်ဦး
Mensfield, England

အဖြေ။ ။မေးသင့်တဲ့မေးခွန်းမို့လို့ အားလုံးအတွက် အကျိုးရှိမှာပါ။ လောကမှာ မွေးနေ့မင်္ဂလာ၊ နားထွင်းမင်္ဂလာ၊ လက်ထပ်ထိမ်းမြားမင်္ဂလာ၊ ကင်ပွန်းတတ်မင်္ဂလာ၊ လယ်ထွန်မင်္ဂလာ၊ ဘိသိက်မင်္ဂလာစတာတွေ အများကြီးပါပဲ။ ဒါတွေဟာ မင်္ဂလာ လို့ မဆိုနိုင်ပါဘူး။
မင်္ဂလာဆိုတာ “မင်္ဂလံ ပါပံ ဆန္ဒတီတိ မင်္ဂလံ” အဓိပ္ပါယ်က မကောင်းမှု အကုသိုလ်အညစ်ကျေးတို့ကို ရိတ်ဖြတ် ပယ်ဖျောက်တတ်တဲ့အတွက်အကြောင့် မင်္ဂလာ လို့ခေါ်ပါတယ်။
လောကီမင်္ဂလာဆိုတာ အကုသိုလ်နဲ့ မကင်းသေးတဲ့အတွက် မင်္ဂလာ မခေါ်နိုင်ပါဘူး။ မကောင်းမှု ကုသိုလ်အညစ်အကြေးတွေကို နည်းအောင် ပါးအောင် ကုန်သွားအောင် ရိတ်ဖြတ်နေတာကမှ မင်္ဂလာ လို့ ခေါ်ပါတယ်။ ဥပမာ လူတစ်ယောက်အတွက် ဒါန ပြုလုပ်၊ သီလဆောက်တည်၊ ဘာဝနာတစ်ခုခုကို ပွားနေတဲ့ အချိန်ဟာ (သို့) ပုညကရိယာဝတ္တုဆယ်ပါးထဲက တစ်ပါးပါး ပြုလုပ်ပွားများနေတဲ့ အချိန်ဟာ မင်္ဂလာ ရှိသော အချိန် ဖြစ်ပါတယ်။
တဖန် ဘုရားရှင်က မင်္ဂလာသုတ် မှာ မင်္ဂလာ မည်တဲ့ မင်္ဂတရားများ (၃၈)ပါးရှိတယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။
ဒါကြောင့် မေးခွန်းရှင်က မင်္ဂလာ လို့ မှတ်ထင်မိတဲ့ အရာများကို မင်္ဂလာတရား(၃၈)ပါးထဲမှာ ပါဝင်မှု ရှိ/မရှိဆို တာ ကို စီစစ်ပြီး အဖြေရှာနိုင်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP