* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 27, 2009

*မွေးနေ့ဆုတောင်း - အရှင်သုနန္ဒာလင်္ကာရ*

အရှင်သုနန္ဒာလင်္ကာရ


*မွေးနေ့ဆုတောင်း*

မွေးနေ့မွေးရက် ကုသိုလ်ဆက်
ဘုန်းဘုန်းအတွက် ဖြစ်ပါစေ။

မွေးနေ့မှသည် ရှေ့သို့ချီ
များကျိုးပီပီ ထမ်းနိုင်စေ။

မွေးနေ့မှာပင် ပြန်ဆင်ခြင်
မကောင်းမှုတွေ ကြဉ်နိုင်စေ။

သာသနာ့အကျိုး မိမိကျိုး
ရှေ့ဆက်၍လည်း ကြိုးနိုင်စေ။

ပန်းတစ်ပွင့်အသွင် တင်စားချင်
နမ်းရှိုက်လျှင် သင်းပါစေ။

ပင်ယံပင်မြင့် စွယ်စုံတင့်
ရင်နင့်အောင်လည်း မွှေးပါစေ။

ပန်းကမ္ဘာမှာ လန်းဖြာစွာ
ချမ်းချမ်းသာသာ ရေးနိုင်စေ။

လွယ်ကူကျန်းမာ လျှင်မြန်စွာ
မဂ်ဖိုလ်ချမ်းသာ ရပါစေ။

မွေးနေ့ကဗျာ ရေး၍သာ
စိတ်မှာပူဇော် ဦးတင်ပေ။

ဖိုးသားပြုသမျှ ကုသလ
လက်ဆောင်အဖြစ် အမျှဝေ။
ဘုန်းဘုန်း ကျန်းမာချမ်းသာစေ။
သက်ကျော်ရာကျော် ရှည်ပါစေ။

( ၂၇ . ၁၀ . ၀၉ ) နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးသုနန္ဒာလင်္ကာရ ၏ ၃၁ နှစ်ပြည့် မွေးနေ့အား ရည်မှန်း၍ ပူဇော်ရေးသားလိုက်ပါတယ် ဘုရား။


ရိုသေလေးစားစွာ ဦးတင်လျက်
ဖိုးသား

10/27/2009 6:20:16 PM


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP