* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 27, 2009

တန်ဆောင်မုန်းလဆန်း ၉ ရက် အလှူ

ဦးဇင်းကြီးတွေကို ကြာဆံချက်ကပ်မယ်


ဆေးအလှူခံတော်မူပါဘုရား

မထေရ်ကြီးတွေကို ဦးဇင်းငယ်တွေက ဆက်ကပ်

ကိုရင်လေးတွေ ဘုဉ်းပေးနေပြီ

ဆွမ်းကပ်နေတဲ့ သီလရှင် ဆရာကြီးနဲ့ ဒကာတွေ

အရုဏ်ဆွမ်း-ကြက်သားကြာဆံချက်
ဒေါက်တာဥာဏ်+မဝါဝါခိုင်မင်း၊ သမီးငယ် မေမြတ်နိုးခိုင် (မဝါဝါခိုင်မင်း မွေးနေ့အလှူ)
နေ့ဆွမ်း
ကြက်မြစ်ကြက်သည်း+ အစိမ်းကြော်
ဒေါက်တာမင်း၊ ဒေါ်လှလှဝင်း၊ သားသုတအောင် မိသားစု၊ အမှတ် (၁၃) မြေညီထပ်၊ ၁၉ လမ်း၊ ရန်ကုန်
ဝက်သား+ဂေါ်ရခါးသီး၊ သရက်ချဉ်၊ ငရုတ်သီးကြော်
မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင်များအဖွဲ့၊ (ဦးအောင်ဖေအား ရည်စူး၍) ဇနီး ဒေါ်နန်းသန္တာအောင်
ဆွမ်းထမင်း + ပဲနှပ်
ကိုဖြိုး+ကိုထက်

ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
သီလရှင် အပါး ၅၀ ခေါင်းရိတ်ဓားအလှူ
ဆရာလေး မစရဏမဉ္စရီ၊ ညီမ မဇင်မာထွေး

သီလရှင် အပါး ၅၀ ကြာဆံချက်+ သံဆုံ အစာချက်ဆေး (မထေရ်ကြီး အပါး ၂၀၊ သီလရှင် ဆရာကြီး ၅ ပါး)အလှူရှင် .....

ဝေယျာဝစ္စဒါန
ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးဣန္ဒြာစာရ (ဖျာပုံကျောင်း)၊ ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးကျောင်းတိုက်)၊ ဦးသုဇာတ (သာသနာ့ဝေပုလ္လကျောင်း)၊ ဦးပညာသာမိ (မင်္ဂလာသိဂီ င်္ကျောင်း)
ဆရာလေး မစရဏမဉ္စရီ၊ ဘွဲ့မည်မသိ ဆရာလေးများ
ကိုဂစ်တာ၊ ကိုဇော်၊ ကိုကျော်စိုးအောင်၊ မဇင်မာထွေး


အရုဏ်တက် ၅ နာရီ ၁၅ မိနစ်မှာ အရုဏ်ဆွမ်း စကပ်တယ်။ ဦးဇင်းတစ်ချို့နဲ့ ကိုရင်လေးတွေက အစောကြီး ထပြီး ကြွလာနှင့်ကြပါပြီ။ ကြာဆံချက်ကို တော်တော်လေး အားပါးတရ ဘုဉ်းကြတယ်။ တစ်ပါး နှစ်ပန်းကန် သုံးပန်းကန်ပါပဲ။

ခြောက်နာရီခွဲမှာ သံဃာ+သာမဏေ အပါး ၂၀၀ ဘုဉ်းပေးပြီးသွားပြီ။ နောက်အပါး ၁၀၀ ဆက်ဘုဉ်းပေးနေတယ်။
နေ့ဆွမ်းကို မနက် ၆ နာရီမှာ စလောင်းတယ်။ နာရီဝက်အတွင်း အပါး ၂၀၀ လောင်းပြီး၊ ဆွမ်းရပ်နေဆဲကိုယ်တော် အပါး ၂၀၀ ခန့်ပါ။

မထေရ်ကြီး အပါး ၂၀ ကို အစာချက်ဆေး ကပ်တယ်။ ဒီနေ့ နေ့ဆွမ်းက ပါနေကျ ဟင်းမယ်တွေအပြင် ဒေါက်တာမင်း မိသားစုက ကြက်မြစ်ကြက်သည်းနဲ့ အစိမ်းကြော် လှူတော့ ပိုမြိုင်ဆိုင်သွားတယ်။ အရုဏ် အပါး ၃၀၀ ကျော် ဘုဉ်းပေးတော်မူသလို နေ့ဆွမ်းက အပါး ၅၀၀ ကျော် ကပ်လှူရတယ်။ နေ့ဆွမ်းလောင်းပြီးတော့ မနားရသေးတဲ့ စီမံကြီးကြပ်သူ ဦးဇင်းတွေ အရုဏ်ဆွမ်း ဘုဉ်းတယ်။

သီလရှင် ဆရာကြီး ဆရာလေး အပါး ၅၀ က မနက် ၇ နာရီမှာ ကြွလာတယ်။ ကြာဆံချက် ဆက်ကပ်တယ်။ ဒကာကိုဇော်ဇော်အောင်နဲ့ အဖွဲ့က ဆွမ်းကပ်ပြီးတာနဲ့ ဆပ်ပြာမှုန့်နဲ့ ခေါင်းရိတ်ဓားတွေ ကပ်လှူဖို့ အသင့် စောင့်ပေးနေတယ်။

''ဘလိတ်ဓားက ပန်းကန်ပြားနဲ့ ထည့်လိုက် ဆရာလေး။ ... အသက်ကြီးဆရာကြီး ဘယ်နှစ်ပါးပါလဲ၊ ဆေးလှူမယ်''


သီလရှင်တွေ ကပ်လှူဖို့ ဆပ်ပြာမှုန့်ထုပ်များ စီမံပေးနေတဲ့ ဦးဇင်းနှစ်ပါး၊ ဦးအာဒိစ္စနဲ့ ဦးဣန္ဒာစာရ

ဆပ်ပြာမှုန့်နဲ့ ခေါင်းရိတ်ဓား လောင်းလှူနေတဲ့ ဒေါ်ကြည်ရွှေနဲ့ မဇင်မာထွေး



ဦးဇင်း ဦးကောဝိဒက စီမံပေးနေတယ်။ ဝေယျာဝစ္စဒါန လာပြုတဲ့ ဆရာလေးတစ်ချို့က စာဝါလိုက်ရဦးမှာမို့ ပြန်ရတော့မယ်။ သီလရှင်များ ဆွမ်းစားပြီးတာနဲ့ အသင့်စောင့်နေတဲ့ ဝေယျာဝစ္စ ဒကာဒကာမတွေက လှူဖွယ်တွေ ဆက်ကပ်ပါတယ်။

အရင်အပတ် ကထိန်ခင်းချိန်မှာ ပို့စ်တင်ရမယ့် ကပ္ပိယ လိုင်းပေါ် မရှိလို့ မတင်နိုင်ခဲ့တာ တောင်းပန်ပါတယ်။ ကထိန်အလှူကို http://warwarkhaingmin.blogspot.com/2009/10/blog-post_20.html နဲ့ http://www.yanaung.net/2009/10/blog-post_3518.html မှာ ဖတ်ရှုနိုင်ပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP