အရှင် ဂုဏိန္ဒ ဆရာတော်ကြီး သြ၀ါဒ ကိုဥာဏ်ကွန့် ထားတာပါ
နေရက် သေရက် ရေကာတွတ်သော်
ဘ၀အသက်ကို ခဏ ခဏ ရေတွတ်ကြည့်လိုက်တော့
နေရက်ကနည်းသွားပြီ.............
သေရက်က နီးကပ်နေပြီ ၊
ဒီတော့ လောဘ ဒေါသ မောဟ မာန တွေဖြစ်ဖို့ 
အချန်မပေးသင့်တော့ပါဘူး ။
ဒီလိုတွေးမိတယ်..........
လူကို ဒုက္ခပေးတာ လောဘ ၊
လူကို ဒုက္ခပေးတာ ဒေါသ ၊
လူကို ဒုက္ခပေးတာ မောဟ ၊
လူကို ဒုက္ခပေးတာ မာန ။
ကိုယ့်ကို ကိုမေး မေးခွန်းလေး
သေခါလဲ နီးပြီ .............
* လောဘတွေနဲ့  လော တုန်းပဲလား ?
* ဒေါသတွေနဲ့  သ တုန်းပဲလား ?
* မောဟတွေနဲ့  မော တုန်းပဲလား ?
မောဟတွေနဲ့  ဟ တုန်းပဲလား ?
* မာနတွေနဲ့  မာ တုန်းပဲလား ?
မာနတွေနဲ့  န တုန်းပဲလား ?
* သောကတွေနဲ့  သော တုန်းပဲလား ?
သောကတွေနဲ့  က တုန်းပဲလား ?
-------------။ ။------------
ဆရာတော် ကြီးရဲ့  ဂုဏ်ကျေးဇူး ကိုအောင့်မေ့သတိရလျက်

0 comments:
Post a Comment