ဒါယိကာမကြီး မြတ်မွန် http://decembermon0312.multiply.com ၏ ဒုတိယ အကြိမ် လှူဒါန်းမှု
ဒါယိကာမကြီး မြတ်မွန် မှ စစ်ကိုင်းသင်တန်းအောင်မြင်စွာ လည်ပတ်သင်ကြားနိုင်ရန် အတွက်အလှူငွေ တစ်သိန်းကျပ် တိတိအား kokonyinyi ဒုတိယအကြိမ်မြောက် မှတဆင့်လှူဒါန်းခဲ့ပါတယ်။
ဆက်လက်ပြီး ပညာပါရမီ ဖြည့်ဆည်းသူများကတော့ မန္တလေးမြို့မှ ဒါယိကာမကြီး မနီလာနှင့် မသင်းသင်ဦးတို့မှ ကိုရန်အောင်(အမေရိကား)မှ ဘလော့မှ တဆင့် ဖတ်ရှု၍ ငါးသောင်းကျပ် လှူဒါန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံမှ ကိုထွန်းထွန်းညိုမှလည်း ငါးသောင်းကျပ် လှူဒါန်းခဲ့ပါတယ်။ အခုလိုစစ်ကိုင်းသင်တန်း အမှတ်စဉ် (၄) သင်ကြားရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုခဲ့တဲ့အတွက် ဦးဇင်းနှင့် သင်တန်းသားများအားလုံးမှ ဆုတောင်းမေတ္တာများပို့သကြပါတယ်။
ဒါယိကာမကြီးမြတ်မွန်နှင့် အလှူရှင်များအားလုံးစိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းတို့နှင့် ပြည့်စုံ၍ ပညာပါရမီများ ဖြည့်ဆည်းနိုင်ပါစေလို့စေလို့ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်။
စစ်ကိုင်းသင်တန်းအတွက် လစဉ်ကုန်ကျမှုများ...
၁။ မီးစက်ဌားရမ်း ခ (၁)လ ၄၅၀၀၀
၂။ မီးစက်ဒီဇယ် (၁)လ ၅၀ ဂါလံ (မှတ်ချက်) ယခင်(၉၀) ဂါလံအထိကုန်ကျခဲ့ဖူးပါသည်။
၃။ သင်တန်းဆရာ လခ (၂)ဦး ၄၀၀၀၀
၎။ သင်တန်းဆရာများနေ့စဉ်စားသောက်စားရိတ် နေ့စဉ် ၃၀၀၀X၃၀ ၉၀၀၀၀
၅။ သောက်ရေ (၂)ဗူးX ၁၀၀၀ ၃၀၀၀၀
၆။ အထွေထွေ သုံးစားရိတ် (၁)လ ၅၀၀၀၀
ရ။ အင်တာနက် လစဉ်ကြေး 192 speed ၁၄၅၀၀၀ (ယခု) 192 speed နှင့်အသုံးပြုနေပါသည်။
512 speed ၂၈၀၀၀၀
မန္တလေးသင်တန်းနှင့်ပါက်သက်၍ တစ်ရက်ကုန်ကျစားရိတ်ကတော့
တစ်ရက်ကိုဒီဇယ် ဂါလံဝက်ခန့်ဖြစ်ပါတယ်။
အင်တာနက်အသုံးပြုနှုန်းထားကတော့ စက်တစ်လုံးကို တစ်နာရီ ၂၅၀ ကျပ်ဖြစ်ပါတယ်။
အခြားသင်တန်း အချိန် သင်တန်းသုံးပစ္စည်းများအသုံးပြုခြင်းများ အင်တာနက် အသုံးမြ့ပုခင် စက်အသုံးပြုမှုများကိုတော့ မန္တလေးမြို့ Pro-Tech ကွန်ပျူတာမှ ဦးရဲဝင်းနောင်မှ လှူဒါန်းထားပါတယ်။ ဦးရဲဝင်းနောင် အချိန်လှူဒါန်းထားတာ အခုဆိုလျှင် တစ်နှစ်ရှိသွားပါပြီ...။
ရန်ကုန်သင်တန်းအတွက် အမှတ်စဉ် (၁) အတွက်ကုန်ကျစားရိတ်များကို
အဖြူရောင်မေတ္တာ မှ ဒါယကာဖိုးသားတို့သူငယ်ချင်းတစ်စုမှ တစ်သိန်းတစ်သောင်းကျပ် လှူဒါန်းခဲ့ပြီး အာရုဏ်ဆွမ်းတစ်ပတ်စာ ၄၀၀၀၀ လေးသောင်း ကျပ်ခန့်လှူဒါန်းပြီး ပိုသောငွေ ခုနှစ်သောင်းကျပ်အား ရန်ကုန်သင်တန်းမှ သင်တန်းသားများ ဆွမ်းကပ်လှူရာတွင် လှူဒါန်းခဲ့ပါတယ်။ ရန်ကုန်သင်တန်းအတွက်ဆွမ်း ကပ်လှူမှု အတွက် သင်တန်းအမှတ်စဉ် (၁) တစ်လျှောက်လုံး အတွက် တစ်သိန်းနှစ်သောာင်းကျပ်ကုန်ကျခဲ့ရာ ကျန်သောငွေ ငါးသောင်းကျပ်အား ကိုကျော်ဇေယျ မှလှူဒါန်းခဲ့ပါတယ်။
ဆက်လက်ပြီး အောက်တိုဘာလထဲတွင် မကွေးမြို့တွင်သင်တန်း ဖွင့်လှစ်ရန်စီစဉ်နေပါတယ်။
သင်တန်းအတွက် လိုအပ်သောစက်ပစ္စည်းများအား မကွေးမြို့ရှိ ရွှေလမ်းငွေလမ်းဝင်းကြည် မှ သင်တန်းချိန်များကိုလှူဒါန်း မှာဖြစ်ပါတယ်။ ဦးဇင်းတို့အတွက်ခရီးသွားလာစားရိတ်ပဲ စီစဉ်ရမှာဖြစ်ပါတယ်။

0 comments:
Post a Comment