* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 12, 2009

မဆုံးရှုံးစေချင်လို့ပါ

ဒီပို့ဒ်လေးကိုရေးဖို့ အချိန်တော်တော်ကြာအောင် စဉ်းစားခဲ့ရပါတယ်။သို့သော် အနည်းငယ်သော

ဝေဖန်သူအတွက်နဲ့ တကယ်ကိုယ့်လို တရားလုပ်စ လူတွေကိုအားတက်စေချင်လို့ပါနော်။လူတော်

တော်များများက တရားဆိုရင် လူငယ်တွေအလုပ်မဟုတ်ဘူးလို့ ခေတ်လူငယ်အသိုင်းအ၀ိုင်းမှာ

လက်ခံထားတဲ့အယူလေးကို ဖြုတ်စေချင်တဲ့ စေတနာပါ။ကျွန်တော်ကိုယ်တိုင်လည်း အရင်က

ဂုဏ်တော်ကိုပဲ အားထားပွားခဲ့သူပါ။ဒါပေမဲ့ တကယ့်တကယ် လောကဓံတွေနဲ့ နဖူးတွေ့ ဒူးတွေ့

တွေ့တော့ ဘာမှမကယ်နိုင်ဘူး ၀ိပဿနာ နှလုံးသွင်းမှန်မှုကပဲ စိတ်ကိုအေးငြိမ်းစေတယ်ဆိုတာ

လုံးဝကိုလက်ခံသွားပါတယ်။ဒီလိုလက်ခံတာလည်း တစ်ခါနဲ့တော့ မဟုတ်ပါဘူးနော်။ဘာဖြစ်

လာလာ တရားကိုပဲအားကိုးတက်တဲ့အကျင့်လေးကြောင့် ပိုပြီး သဘောပေါက်ခဲ့တာပါ။အခု

ခေတ်က မယုံတာလဲမဟုတ်ပါဘူး ယုံတော့ယုံတယ်။ဒါပေမဲ့ အဲဒီယုံတယ်ဆိုတဲ့ သဘောက

လည်း အပြင်မှာမျက်မြင်ကိုယ်တွေ့ မြင်လိုက်ရမှ တနည်း ဒွါရ ၆ ခုနဲ့ယုံတဲ့ယုံကြည့်မှုအညံ့

စားဖြစ်နေလို့ပါ။နားလည်အောင်ပြောရရင် မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ တကယ်

မရှိတဲ့ သတ်မှတ်ချက်သက်သက်သာဖြစ်တဲ့ ပညတ်နဲ့ယုံတဲ့ ယုံကြည့်မှုမျိုးဖြစ်နေတော့ မခိုင်

မာပါဘူး။ပရမတ်ကိုသိတဲ့ သူတော်ကောင်းကြီးတွေရဲ့ ယုံကြည့်မှုမျိုးကိုလဲ ဆိုလိုတာမဟုတ်

ပါဘူး။ဆရာတော်ဦးဇောတိက ဟောခဲ့တဲ့ အကြောင်းအရာလေးရှိပါတယ်။ကျွန်တော်တို့

ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကိုသင်ခဲ့တယ်။ဘွဲ့ရတဲ့အထိဆိုပါတော့ ဒီလောက်နှစ်တွေ

များစွာသင်လာတာ နင်လားငါလားပြောဟဲ့ဆိုရင် ဆွံ့အနေသူလိုဖြစ်နေတက်ပါတယ်နော်။ ဆက်လက်ဖတ်ရှုရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP