* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 14, 2009

သူရိယ ၀စ္ဆသာ သို့

စိန်ချွှန်းတောင် ရန်ဟုန်ပ

ဆန်စုန်ကြွ အောင်မြင်။

မာန်ဟုန်ထ ပြောင်စင်ငယ်

ရှောင်မကြဉ် တွေ့တိုင်း

ငါ ဟဲ့လို့ မာန်ကွန့်ရှာသည် ၊

ပြန်ရွံ့ကာ ရွေးမျှ မဆိုင်း။

ကိုယ့်ဒဏ်ချက် ထိစရာကို

မသိရှာ ဝေမှိုင်း

သတိကွာ ပွေလှိုင်းလို့

မသွေနှိုင်း ပုံလို။

အာရုံတော် သစ်အဖူးရယ်ကြောင့်

အချစ်ရူး ရူးခဲ့ပြီ ကိုယ်

ကောင်းပဉ္စ စုံသူ့ကိုယ်ရယ်

ဂုဏ်နုပျို ပျိုလေးမို့

ကိုယ်အသွေး ဇောညွတ်ပွေအောင်

ချောမွတ် ရွှေပေါင်။

တင့်သနဲ့ မြင်လှဲ့ ဆောင်ဝယ် ။

ခင့်ရဲ့မောင် ပူခန်းကွဲ့လေး ။


ဒီတခါတော့ ပဉ္စသီခ အစား လွမ်းနိုင်အောင် အလွမ်းပြေ တေးထပ်လေး တင်ပေးလိုက်ပါတယ် ၊



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP