9
စက်တင်ဘာ ၁၄ ဆွမ်းလောင်းကုသိုလ်
မခွန်သဒ္ဒါ (ဂျပန်)
နေ့ဆွမ်း
ဝက်သား+ ရွှေဖရုံသီးဟင်း၊ သရက်ချဉ်၊ ငါးဖောင်ရိုးငရုတ်သီးကြော်
ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့ ဦးဆောင်သော နေ့ဆွမ်း အလှူရှင်များ
ဒေါ်နန်းသန္တာအောင် (စင်ကာပူ)
ပဲနှပ် - ကိုဖြိုး+ ကိုထက်
ဆွမ်းထမင်း - ထွန်းဦးစာပေ
ဝေယျာဝစ္စ ကုသိုလ်ရှင်
ဦးပညာဝံသ၊ ဦးပညောဘာသ (သုံးခွကျောင်းတိုက်)၊ ဦးသုဇာတ၊ ဦးဥာဏဝရ
သီလရှင် ဆရာလေး ၈ ပါး
မောင်ဇော်ထွေးဦး
ဆရာလေး စရဏမဉ္စရီ၏ အစ်မ
မနက် ၅ နာရီ ၄ မိနစ်မှာ စလောင်းပါတယ်။ မနက် ၅ နာရီ ၄၀ မှာ အပါး ၁၀၀ ကျော် မုန့်ဟင်းခါး ဘုဉ်းပေးပြီးပါပြီ။ နောက်ရောက်လာတဲ့ ကိုယ်တော်တွေက နောက်မှာ စောင့်ပေးနေကြပါတယ်။
''ကိုရင်လေးတွေ မုန့်ဖတ်ထည့်ပါဦး''
''အရှင်ဘုရား။ မုန့်ဟင်းခါး ဘုဉ်းပေးပြီပြီလား။ မဘုဉ်းရသေးရင် ဒီဘက် ကြွပါ''
''ဒီဘက်ကကိုယ်တော် ဘာလိုသေးလဲ''
''ဆရာလေးတွေ ပဲတစ်ဇလုံ ပေးပါဦး''
အရှင်ဘုရားတို့၊ ဗုဒ္ဒဟူးနေ့လဲ ကြွပါနော်။
ဗုဒ္ဒဟူးနေ့ကျရင် အမေရိကန် ပြည်ထောင်စု အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်းဆရာတော် အရှင်လောကနာထက ကပ္ပိယ ကာရကမှတစ်ဆင့် အပ်စပ်အောင် စီမံမှုဖြင့် အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း (ငါးဟင်း ခရမ်းချဉ်သီးချက်) ကပ်လျူပါမယ်။

0 comments:
Post a Comment