* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 14, 2009

ဥပုသ်နဲ့ အွန်လိုင်း သုံးချင်တယ်

အမေး။ ။ အရှင်ဘုရား.....ဥပုသ်ယူပြီး online သုံးလို့ရ - မရ သိချင်ပါတယ်ဘုရား။ ပြီးတော့ ဥပုသ်သီလဆောက်တည်ထားတဲ့ လူစ်ယောက်ဟာလူနာတစ်ယောက်ကိုလည်း သွားမေးချင်တယ်၊ မကောင်းတဲ့စိတ်လည်း ဖြစ်မိမယ်ဆိုရင် ဥပုသ်သီလ ပျက်နိုင်ပါသလားဘုရား။ မရှင်းလင်းတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။ ။
စုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီးသီလအကြောင်းကို သိဖို့လိုလိမ့်မယ်။ ကိုယ်ကျင့်သီလရဲ့သဘောက ကိုယ်နဲ့ နှုတ်မှာ မကောင်းတာတွေ မပြုမိ၊ မပြောမိအောင် စောင့်ထိန်းဖို့ပါ။ ခန္ဓာကိုယ်နဲ့ မကောင်းတာမှန်သမျှ မလုပ်ဘဲ ရှောင်ကြဉ်ရပါမယ်။ နှုတ်ကလည်း မကောင်းတာမှန်သမျှ မပြောမိပါစေနဲ့။ မုသာဝါဒရဲ့ နောက်ကွယ်မှာ ၀စီဒုရိုက်လေးပါး ရှိတယ်။ လိမ်ပြောခြင်း၊ ကြမ်းတမ်းတဲ့စကားပြောဆိုခြင်း၊ အနှစ်မရှိတဲ့ စကားပြောဆိုခြင်း၊ ရန်တိုက်ခြင်း စတာတွေပါ။ ဒါတွေကို မလွန်ကျူးမိဖို့ပဲ လိုတာပါ။ အရေးကြီးတာက ဥပုသ်သီလစောင့်ထိန်းတဲ့နေရာမှာ မေ့ပြီးမလုပ်မိ၊မပြောမိဖို့ပါ။ သတိထားပြီး ပြောမယ် ပြုမယ်ဆိုရင် သီလမကျိုးနိုင်ပါဘူး။ဥပုသ်စောင့်နေတဲ့သူရဲ့ online သုံးတာနဲပတ်သက်ပြီး ပြောရရင် သူရဲ့ online သုံးတဲ့အပေါ်မှာ မူတည်ပါတယ်။ တရားနဲ့ပတ်သက်တဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်၊ ကုသိုလ်ရတဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်ဆိုရင် ဥပုသ်သီလ မပျက်ပါဘူး။ ဒီလိုမှ မဟုတ်ဘဲ လမ်းကြောင်းပြောင်းနေမယ်ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။နောက်တစ်ခုမှာ လူနာကို မေးရုံလောက်ကတော့ မေးသင့်ပါတယ်။ လူနာမေးတယ်ဆိုပြီး လူနာအနီးသွားကာ အရပ်အကြောင်း ရွာအကြောင်းပြောနေမယ် ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။
နောက်တစ်ခုက စိတ်မှာ မကောင်းတဲ့ စိတ်ဖြစ်ရုံနဲ့ သီလမပျက်သေးပါဘူး၊ ထိုမကောင်းတဲ့စိတ်ကြောင့် ကိုယ်နဲ့နှုတ်က လွန်ကျူးမိပြီဆိုမှ သီလပျက်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

အပြည့်အစုံသို့ »



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP