* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 19, 2009

လယ်တီဆရာတော်ဘုရားကြီး၏ ဆိုပိန့်မညှာ ဆုံးမစာ...

ဆိုပိန့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသဲမျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေတ်အခါဝယ်...
လူ့ရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် ယီးတီးယောင်တောင် ခုတိုင်အောင်တည့်။
သန်းခေါင်လကွယ် တောအုပ်နယ်၌ ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးသည့် မိုးလုံးတိမ်တိုက် လျှပ်မကြိုက်သား အမိုက်အပြား အင်လေးပါးထက် နင်ကားရာထောင် မကမှောင်၏။
လူ့ဘောင်လူ့ရွာ သာသနာ၌ ကြမ္မာတော်၍ ယခုတွေ့လည်း အလေ့မလွဲ အများနဲလျှင် မိုက်မြဲနှင်နှင် မိုက်စရွှင်၏ မျက်မြင်လောက ဤဘ၀ကား ဒုက္ခစင်းစင်း ချမ်းသာကင်း၏။
သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို နင့်ဉာဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုံပြီ အာရုံဝတ္ထု မီးစာစုကို မှုမှုရရ နင်အားကျလည်း ဓားပြသေမင်း သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး ဖြစ်လုနီးပြီ။
ယီးတီးယားတား သေ၍သွားလည်း တရားမကြွယ် အထုပ်ငယ်လျက် အပါယ်စခန်း သွားမြဲလမ်း၌ တပန်းဟိုက်ဟိုက် တရှိုက်ငင်ငင် တငြင်ငြိုငြို ဆင်းရဲပိုလျက် ထိုထိုဘ၀ အနန္တလျှင် အစမဆုံး အများထုံးတည့် အနှုန်းမပျက် အောက်နရက်ဝယ် တစ်သက်နွယ်နွယ် အမြစ်တွယ်သို့ အပါယ်ထိုထို ဥဒဟိုသည် နင်လိုလူမိုက် သွားလမ်းတည်း...


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP