* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 19, 2009

မုဒြာအကြောင်း သိကောင်းစရာ ( ၂ )

( ဒါန မုဒြာ - ပေးကမ်းစွန့်ကြဲ လှူဒါန်းနေတော်မူဟန် )

ဒါနမုဒြာ ရုပ်ပွားတော်ကို ကိုးကွယ် ဆည်းကပ်သူသည် ရွှေငွေ ဥစ္စာရတနာ ဆင်မြင်း စသော စီးစိမ်ရတနာများရရှိခြင်း၊ ကြွေးမြီတောင်းခံရာ၌ အလွယ်တကူ ရရှိခြင်း၊ သူတပါးအထံမှ လက်ဆောင်ပဏ္ဍာ အခွန်အတုပ်ဘဏ္ဍာများ ရနိုင်ခြင်း၊ တိုင်းပြည်နိုင်ငံအတွင်း ဆန်ရေ စပါး ပေါများပြည့်စုံခြင်း၊ စသော အကျိုးထူးများကို ခံစားရတတ်သည်၊ ဟု တန္တရယာန ကျမ်းဂန်းများက ဆိုကြပေသည်၊


ဒါကတော့ မြန်မာ တို့နဲ့ ရင်းနှီးနေပြီးသား ဖြစ်တဲ့ တရားဦး ဓမ္မစကြာ ဟောတော်မူဟန် မုဒြာ ဖြစ်ပါတယ်၊ အောက်ကပုံလေးလဲ ဓမ္မစက္က မုဒြာ ပါပဲ


(၀ရ - ကောင်းမြတ်သော ဆုလာဘ်ဟူသမျှကို ၊ ဒ - ပေးတော်မူဟန် )

ဝရဒမုဒြာ ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ပူဇော်သူများသည် ကောင်းချီးမင်္ဂလာ ဆုလာဘ်များကို ရရှိခြင်း၊ ဆုတောင်းပြည့်ဝခြင်း၊ အလိုဆန္ဒအတိုင်း တလုံးတ၀တည်း ပြည့်စုံစေခြင်း၊ သားဆုကို ပြုနိုင်ခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုရာအခါတိုင်း ထိရောက်ပြည့်ဝခြင်း၊ ဓာတ်သက်ဝင်ခြင်း ၊ ဓာတ်စီးခြင်း၊

ရာထူးဋ္ဌာနန္တရ တိုးခြင်း၊ စီးစိမ်တိုးပွားခြင်း ၊ ကုန်ရောင်းကုန်ဝယ် ပြုရာ၌ အမြတ်စွန်းရခြင်း၊ ကစားလောင်းကစားခြင်း၌ အောင်နိုင်ခြင်း၊ စစ်တိုက်ရာ၌ အောင်နိုင်ခြင်း၊ ပူဇော်သက္ကာရ ကို ရရှိခြင်း၊ လက်ဆောင်ပဏ္ဍာအများအပြား ရရှိခြင်း၊ ခြွေရံသင်းပင်း ပေါများပြည့်စုံခြင်း စသော လောကီအကျိုးကျေးဇူးအမြောက်အများ ရရှိနိုင်သည် ဟု တန္တရယာနကျမ်းများက ဆိုပါသည်၊



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP