* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 19, 2009

ယနေ့လူသားများရဲ့ နက်ဖန်ကမ္ဘာ နိဂုံးပိုင်း

Image and video hosting by TinyPic

ဤနိဂုံးပိုင်းမှာ ဆရာတော်က လူတွေချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုလား.. သူတစ်ပါးကိုလား စသည်ဖြင့် ချစ်ခြင်းသဘာဝတရားနှင့် ပတ်သက်လို့ ရှင်းပြထားသလို လူ့လောကကြီးဟာ ဘယ်တရားလွှမ်းမိုးမှုကြောင့် ပျက်စီးသွားမှာလဲ.. အနုမြူဗုံးကြောင့်လား စသည်ဖြင့် စသည်ဖြင့် အမေး အဖြေများနှင့် လင်းထားသလို၊ နောက်ဆုံး တရားအားထုတ်လိုသူတို့အတွက် ဗုဒ္ဓမြတ်စွာ၏ အလိုတော်အတိုင်း တရားအားထုတ်နည်း အကျဉ်းကိုဟောပြပြီး နိဂုံးချုပ်ထားတာကို တွေ့ရှိခံစားရမှာ ဖြစ်ပါတယ်။

တကယ်က သားသမီးကို သူချစ်တာ မဟုတ်ဘူး။ ပရမတ္ထအားဖြင့် ပြောမယ်ဆိုရင်၊ တကယ်စဉ်းစားကြည့်။ ကိုယ်ချစ်တာ ကိုယ့်ရဲ့ပျော်ရွှင် ချမ်းမြေ့မှုလေးကို ချစ်တာ။ ဘာဖြစ်လို့ ဒါသိနိုင်တုန်းဆိုရင်- “““ဒီသားသမီးသည် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မပေးနိုင်-တော့ဘူးဆိုရင် သတင်းစာထဲက ထည့်ပြီးတော အမွေပြတ် ကြေငြာကြတယ်။ ဒီသားသမီးက ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်ပြီဆိုလို့ရှိရင် ကိုယ်က ဘာဆုံးရှုံးတုန်းဆိုရင် ပျော်ရွှင်မှု (happiness)တွေ ဆုံးရှုံးကုန်တယ်။ ပျော်ရွှင်မှု(happiness) တွေဆုံးရှုံးတဲ့ အတွက်ကြောင့် ဒီသားသမီးကို လက်မခံတော့ဘူး။ အမွေပြတ်ကြေငြာတော့တာ။
တလောတုန်းကများ မြန်မာပြည်သတင်းစာထဲ တွေ့လိုက်တယ်၊ ဒကာကြီးတစ်ယောက်က အမွေ ပြတ်ကြေငြာတာ သားသမီးတစ်ယောက် ထဲတင်မကဘူး၊ လေးငါးယောက်ပဲ၊ တစ်ခါတည်းကို တမ်းကြေငြာလိုက်တာ။ သူ့ရှိတဲ့ သားသမီးတွေ အကုန်လုံး ထင်တယ် သတင်းစာထဲမှာ တွေ့လိုက်တယ်။ နာမည်တွေနဲ့ တန်းပြီးတော့ကို ထုတ်တာ။ ခါတိုင်းတော့ တစ်ယောက်တစ်လေပဲ တွေ့ဘူးတာ၊ အခုတော့ အုပ်စုလိုက် ကြေငြာပြစ်တာ။ ဘာဖြစ်လို့တုန်းဆိုရင် လူဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးဆိုတာ ဟုတ်တယ်၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို တစ်စုံတစ်ယောက်က ဖျက်ဆီးလာပြီဆိုရင် လက်မခံတော့ဘူး။
ကဲ-သားသမီးချစ်တယ်ဆိုလို့ ရှိရင် ကိုယ်ဆင်းရဲချင်ရင် ဆင်းရဲ့ပါစေ၊ သားသမီးကို ဘယ်အမွေပြတ်ကြေငြာမှာတုန်း။ ကိုယ့်ရဲ့ စိတ်ချမ်းမြေ့မှုကို ဖျက်ဆီးလာတဲ့ သားသမီးကို လက်မခံတော့ဘူး၊ သွားတော့ပဲ။ “အဲဒီတော့ လူတွေ ချစ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်ချစ်တာပါ အမှန်ကတော့”။ သို့သော်လည်း ဂျမဏီက အမျိုးသမီး တစ်ယောက်ကနေ ဆရာတော်တဲ့ ဒီကလူတွေက ကိုယ့်ကိုကိုယ် မချစ်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့? ငယ်ငယ်ကလေး ကတည်းက မိဘတွေက သူတို့ကလေးပေါက်စကလေးတွေကို အခန်းတစ်ခန်း သီးသန့်ထားပြီးတော့ ငိုနေလည်း ဒီအတိုင်း ပြစ်ထားလိုက်တာပဲ၊
အဲဒီတော့ ကလေးလေးကို တစ်ယောက်ထဲ lonely-ဖြစ်ပြီးတော့ စိတ်ထဲမှာ မကျေမနပ် ဒေါသတွေဖြစ်တာ။ အဲဒီစိတ်ကနေပြီးတော့ သားသမီးတွေဟာ ဒီမကျေမနပ်စိတ်တွေ အများကြီးဖြစ်လာတယ်။ Westener-တွေမှာလည်း ဒီအတိုင်းဖြစ်တာ များတယ်။ ဒါကြောင့်မို့လို့ မကျေမနပ်တာတွေဟာ စိတ်ထဲမှာ attention-တွေ များလာတယ်။ မိဘရဲ့ မေတ္တာကို မရရှိသည့်အတွက်ကြောင့် သားသမီးတွေဟာ သူတို့ကိုယ် သူတို့ မကျေမနပ်ဖြစ်တယ်၊ ဘယ်သူ့ကို မကျေမနပ်ရမှန်း မသိဘူး။ အားလုံးအပေါ်မှာ မကျေမနပ်လို့ သေနတ်လက်ထဲမှာ ရောက်လာရင် တောင်ပစ်မြောက်ပစ် ပစ်ကုန်တာ။
အဲဒီတော့ မြတ်စွာဘုရား ဟောထားတာ ဆယ်နှစ်တမ်းရောက်လို့ရှိရင် မုန်းတီးကြလိမ့်မယ်။ အမေ-ကလည်း သားသမီးကို မုန်းမယ်၊ သားသမီးကလည်း အမေကို မုန်းမယ်။ မောင်နှမအချင်းချင်းလည်း မချစ်ကြတော့ပဲ မုန်းကြလိမ့်မယ်။ သတ်ချင် ဖြတ်ချင်စိတ်တွေ တအားများလာလိမ့်မယ်၊ အခုကြည့်လေ- introduce- လုပ်နေပြီ၊ ဘာမှ အပြစ်မရှိတဲ့ လူတွေကို သက်သက်အမြင်ကတ်လို့ ပြစ်သတ်တာ။ ဒါကို တိဗ္ဗအာဃာတ-လို့ခေါ်တယ်၊ တိဗ္ဗအာဃာတ-အလွန်ပြင်းထန်တဲ့မုန်းတီးမှု၊ ရွံရှာမှု၊ ဘာရယ်လို့ သူတို့အကြောင်း မပြနိုင်ဘူး၊ သိပ္ပံဆရာတွေကတော့ ပြောတယ် အစာတွေ ဆေးဆိုးလို့၊ ကလေးတွေ စိတ်ထန်ပြီး ဒေါသတွေထွက်လာတယ်။ အစာတွေက ဆေးဆိုးတဲ့ အစာတွေစားလို့ ကယ်မီကယ်တွေကနေ changes-ဖြစ်စေတယ်ဆိုပြီးတော့ medical science-ဖက်ကနေ ဒီလိုပြောတယ်။ တကယ်ကတော့ လူတွေရဲ့ ဒီအကျင့်ပိုင်းဆိုင်ရာတွေက ပျက်စီးလာပြီ။ အများကြီး ပျက်စီးလာပြီ၊ အကြောင်း-ကတော့ ဒီတစ်ခုတည်းတင် မဖြစ်နိုင်ဘူး။ လူတွေရဲ့ စိတ်ထဲမှာ မေတ္တာစိတ်တွေ တစ်ဖြေးဖြေး ခေါင်းပါးလာပြီးတော့ မုန်းတီးမှုတွေ များလာကြပြီ၊
အဲဒီတော့ ဆယ်နှစ်တမ်းရောက်တဲ့ အခါကျတော့ လူတွေရဲ့ နှလုံးသားထဲမှာ လုံးဝအမုန်းတရားတွေချည်းပဲ ထားကြတော့မယ်။ ချစ်ခင်မှုဆိုတာ ဆိတ်သုန်း သွားလိမ့်မယ် အဲဒီခေတ်ကြရင်။ ဒါမဖြစ်လာဘူးလို့ မပြောဘူး၊ အမုန်းတရားက အခုကို များများလာပြီးတော့ မေတ္တာတရားတွေဟာ ခေါင်းပါးလာတယ်၊ မဟုတ်လား?။ နောက်ဆုံးကျတော့ လုံးဝပြောင်တလင်း ခါသွားမှာပဲ အဲဒီ မေတ္တာတရားက၊ နှလုံးသားထဲမှာ နေရာကို မရှိတော့ဘူး။ ကုန်းကောက်စရာ မရှိလောက်အောင်ကို ပြောင်းသွားမယ်၊ အဲဒီကျတော့ ဘာတွေဖြစ်မယ်-တုန်းဆိုလို့ရှိရင်- လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်သတ်ချင်တဲ့ စိတ်တွေ၊ ဖြတ်ချင်တဲ့ စိတ်တွေ ဖြစ်ပြီးတော့ အဲဒီမှာ ကောက်ကိုင်းလိုက်တဲ့ လက်နက်တွေက အစွမ်းထက်တဲ့ လက်နက်တွေဖြစ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် သတ်ကြ၊ ဖြတ်ကြနဲ့ စိတ်ရိုင်းတွေ ၀င်ကြမယ်၊
အခုကြည့်လေ- စိတ်ရိုင်းဝင်လို့ ကိုရီးယားကျောင်းသားကနေ ပစ်လိုက်တာ သုံးဆယ့်နှစ်ယောက်သေသွားပြီလေ ကျောင်းစာသင်ခန်းထဲမှာ။ ကျောင်း သားတွေ သုံးဆယ့်နှစ်ယောက် ဆရာတွေ အပါအ၀င်ပေါ့။ ပစ်တာ သုံးဆယ့်နှစ်ယောက် တံခါပိတ်ပြီးတော့ ပစ်သတ်တာ အကုန်လုံး၊ အဲဒီ ဟာမျိုးတွေ နောက်ကျတော့ အများကြီး ပေါ်လာပြီးတော့ တစ်ယောက် တစ်ယောက်သတ်ကြ၊ ဖြတ်ကြတာနဲ့ လူလောကလူတွေဟာ အများကြီးသေဆုံး သွားကြလိမ့်မယ်။ အစွမ်းထက်တဲ့ လက်နက်တွေ လက်ထဲမှာ ရောက်လာ-ပြီးတော့ ခုနရက်လောက်ပဲ ကြာမယ်ဆိုတော့ အနုမြူစစ်ပွဲကြီး ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဗုံးဆိုရင်တော ခဏလေးနဲ့ ပြောင်းသွားမယ်၊ ခုနရက်တောင် မတိုက်ရလောက်ဘူး ထင်ပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက ဒါတွေကို အကုန် ကြိုတင်ဟောကိန်း (predict)-လုပ်ထားခဲ့တာ။
ဆယ်နှစ်ကျလို့ရှိရင် အဲဒီလို လူတွေဟာ အချင်းချင်းသတ်ကြ ဖြတ်ကြတာနဲ့ ဘယ်လိုလူတွေ ကျန်မယ်တုန်းဆိုလို့ရှိရင်- သူများကို သတ်ချင်ဖြတ်ချင်တဲ့ စိတ်မရှိဘူး၊ သူများသတ်မှာကိုလည်း ကြောက်တဲ့ လူဟာ တောထဲတောင်ထဲသွားပြီးတော့ လုံခြုံရာကို ပုန်းနေတဲ့ လူတွေပဲ ကျန်မယ်၊ ကျန်တဲ့လူတွေ အကုန်သေကုန်မယ်။ အဲဒီပုန်းနေတဲ့ လူတွေက ပုန်းရာကနေထွက်လာတဲ့အခါ တိုင်းပြည်မှာ သတ်မှု ဖြတ်မှုတွေ ပြီးသွားလို့ ငြိမ်းအေးသွားတဲ့အခါ ထွက်လာကြပြီး အဲဒီကြတော့ တစ်ယောက် တစ်ယောက်ဖတ်ကြပြီးတော့ အကျင်နာတရားတွေ ပွားကြလိမ့်မယ်။ ဖက်ပြီးတော့ ငိုကြတယ်ပေါ့။ ဒို့ဟာ အချင်းချင်းသတ်ကြလို့ လူလောက လူမျိုးနွယ်တွေ ကုန်ပြီပေါ့။ ဒီနေ့ကစပြီး ဒို့တစ်ယောက်နဲ့ တစ်ယောက် မသတ်ကြနဲ့စို့၊ ဘယ်သူမှ ဘယ်သူ့ကို ဒုက္ခမပေးဘူးစသည်ဖြင့် စိတ် ကောင်းလေးတွေ စ၀င်လာတာ။
ဝင်လာတာနဲ့တစ်ပြိုင်နက်တည်း ပါဏာတိပါတ-သူများအသက်ကို သတ်ခြင်းမှရှောင်ကြဉ်ပါတယ်ဆိုတဲ့ ဒီသီလတရားလေး ဆောက်တည်လိုက်တာနဲ့ ဆယ်နှစ်တမ်းမိဘတွေရဲ့ သားသမီးတွေဟာ အနှစ်-နှစ်ဆယ်တမ်းထိအောင် အသက်ရှည်လာကြတယ်။ အသက်တမ်းပြန်တက်လာတယ်။ အဲဒီကနေ တစ်ဖြေးဖြေး အဒိန္နာဒါန-ကို ရှောင်ကြဉ်လိုက်တယ်၊ အနှစ်-နှစ်ဆယ်ကနေ လေးဆယ်အထိ အသက် ရှည်သွားတယ်၊ နောက် အနှစ်လေးဆယ်ကနေ အနှစ်ရှစ်ဆယ်အထိ အသက်ရှင်သွားတယ်။ အနှစ် ရှစ်ဆယ်ကနေ အနှစ်တစ်ရာ့ခြောက်ဆယ်အထိ ရှည်သွားတယ်၊ အဲဒီလို ကုသိုလ်တွေကို ပြန်ပြီးတော့ ဆောက်တည်လိုက်တာ လူတွေရဲ့ အသက်တမ်းဟာ ပြန်ပြီးတော့ တက်လာတယ်။ တက်လာပြီး နောက်ဆုံးမှာ အသက်အသင်္ချေအထိအောင် ရောက်သွားပြီး တစ်ဖြေးဖြေးလူတွေရဲ့ သက်တမ်း ပြန်ပြီးတော့ လျော့လာတဲ့အခါ အနှစ်ရှစ်သောင်းတမ်း ရောက်ပြီဆိုရင် ဒီကနေ့ ပြောနေကြတဲ့ “အရိမေတ္တေယျမြတ်စွာဘုရား”ဆိုတာ ပွင့်လာမယ်။ အနှစ် ရှစ်သောင်းတမ်း ရောက်လာလို့ရှိရင် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်လာမယ်။ အဲဒီအနှစ်ရှစ်သောင်းတမ်း မြတ်စွာဘုရားပွင့်တဲ့ အချိန်ကြလို့ရှိရင် လူ့လောကမှာ ရောဂါသုံးမျိုးပဲ ရှိမယ်။
နံပါတ်တစ်က-ဣစ္ဆာ၊လောဘဆိုတဲ့ ရောဂါတစ်ခုရှိမယ်၊ အဲဒီလောဘဟာ ရောဂါလို့ခေါ်မယ်၊ အဲဒီခေတ်ကြရင်။ လိုချင်ဆန္ဒတစ်ခုရှိမယ်၊ အဲဒါတစ်ခုဟာ ရောဂါတစ်မျိုးပဲ။
နံပါတ်နှစ်က-အနသန-တစ်ခါတစ်လေ မစားချင် မသောက်ချင် ဖြစ်မယ်၊ အဲဒါရောဂါ တစ်မျိုး။
နောက်နံပါတ်သုံးက- တစ်ဖြေးဖြေး အိုလာတာ၊ အဲဒါရောဂါ။ အဲဒီသုံးမျိုးပဲ ရှိမယ် အဲဒီခေတ်ကျရင်၊
အေးအိုင်ဒီအက်စ်(AIDS)တွေ ကြောက်စရာ မလိုဘူး၊ (H5N1)တွေ ကြောက်စရာ မလိုဘူး အဲဒီခေတ်ကြီးမှာ။ ရောဂါတွေ အင်မတန်ကင်းစင်တယ်၊ ဒီသုံးမျိုးပဲ ရောဂါလို့သတ်မှတ်တယ် အဲဒီခေတ်ကြရင်။ တစ်ခြားရောဂါ မရှိဘူး။ အဲဒီလိုနဲ့ လူ့တို့ရဲ့ခေတ်ကြီးဟာ နောက်ဆုံးရွှေခေတ်ကို ပြန်ရောက်လာမယ်တဲ့။ အဲဒီတော့ ဒီနေရမှာ မြတ်စွာဘုရားက တရားဟောလိုရင်းက ဒီသဘာဝတွေ ဖြစ်လာတာဟာ ဘာ့ကြောင့်တုန်း? ဘာတွေ လုပ်ရမတုန်းဆိုတာ မြတ်စွာ ဘုရားက-

“ဓမ္မဒီပါ ဘိက္ခဝေ ၀ိဟရထ၊ ဓမ္မသရဏာ အနညသရဏာ၊
အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ၊ အတ္တသရဏာ အနညသရဏာ။
ကိုယ့်ကိုကိုယ် အားကိုးကြ၊ ကိုယ့်ကိုကိုယ် တည်ဆောက်ထားကြ၊ ကိုယ့်ကိုကိုယ် အားကို၊ ကိုယ့်ကိုကိုယ် တည်ဆောက်ဆိုတာ ဘာတုန်းဆိုတော့ ဓမ္မကိုကျင့်ကြလို့ဆိုလိုတာ။
ကောင်းတဲ့ ကုသိုလ်ကမ္မပထတရားတွေကို ကျိုးစားပြီး လုပ်ကြပါ။ မြတ်စွားဘုရားကဟောထားတာ၊ အဲဒီတော့ ဓမ္မဆိုတဲ့ တရားကို မြတ်စွာဘုရားက အားကိုးရမယ်ဆိုတယ်၊ ဘယ်ဓမ္မကို အားကိုးရမှာလဲဆိုရင် သတိပဋ္ဌာန်တရားကို အားကိုးပါဆိုပြီးတော့ မြတ်စွာဘုရားက ဟောခဲ့တယ်၊
““““ကိုယ့်ကိုကိုယ် အာရုံစိုက်ပြီးတော့ “ကာယေ ကာယာနုပဿီ ၀ိဟရတိ၊ ကိုယ့်ခန္ဓာကိုယ်ကို ဒီထွက်လေ၀င်လေဖြစ်စေ၊ အာရုံစိုက်ထားပြီးတော့ ထိုထွက်လေ ၀င်လေကို ရှုမှတ်ရင်းကနေပြီးတော့ အဘိဇ္ဈာ-တရားတွေ မဖြစ်အောင်၊ ၀မ်းနည်းမှုဆိုတဲ့ ဒေါမနဿတရားတွေ မဖြစ်အောင် ကြိုးစားအားထုတ်ပါ။ ကိုယ့်ရဲ့ feeling-ဆိုတဲ့ ဝေဒနာကို စူးစိုက်ပြီးတော့ ထိုဝေဒနာနဲ့ပတ်သက်ပြီးတော့ လောဘတွေ မဖြစ်အောင်၊ ၀မ်းနည်းမှုတွေ မဖြစ်အောင် ကြိုးစားပြီးတော့ အားထုတ်ပါလို့ မှာတယ်။ ကိုယ့်စိတ်လေးကို ကိုယ်အာရုံစိုက်ပြီးတော့ မကောင်းစိတ်တွေ မ၀င်ရအောင်၊ ကောင်းတဲ့ စိတ်တွေပဲ ဖြစ်ရအောင် အာရုံစိုက်ပြီး သတိပဋ္ဌာန် တရားကို ပွားများပါ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကိုယ့်ရဲ့သန္တာန်မှာ ဖြစ်တဲ့ တစ်ခြားတရားဓမ္မတွေကို စူးစိုက်ပြီးတဲ့ အခါမှာ ဒေါမဿမဖြစ်အောင်၊ အဘိဇ္ဈာ-မဖြစ်အောင် ထိန်းသိမ်းပြီးတော့ သတိပဋ္ဌာန်တရား ပွားများ အားထုတ်ခြင်းဖြင့် ဓမ္မတည်းဟူသော တရားကို၊ ဓမ္မတည်းဟူသော ကျွန်ကြီးကို မိမိတို့ရဲ့ သန္တာန်မှာ အခိုင်အမာတည်ဆောက်ပါ၊ အဲဒီလို တည်ဆောက်ခြင်းဖြင့်သာလျှင် လူ့လောက ဆင်းရဲ့ဒုက္ခတွေက လွတ်ပြီးတော့ ချမ်းသားသုခကို ရနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ မြတ်စွာဘုရားက “ဓမ္မော သုစိန္နော သုခမာဝဟတိ”။ သုစိန္နော= ကောင်းစွာ ကျင့်သုံးအပ်သော၊ ဓမ္မော= ဓမ္မသည်၊ သုခံ=ချမ်းသာ သုခကို၊ အာဝဟတိ= မိမိထံသို့ ယူဆောင်လာ၏။ Well practice Dhamma brings happiness. “ဓမ္မော သုစိန္နော သုခမာဝဟတိ”။

ချမ်းသာသုခကို ရချင်ရင် ဓမ္မကိုကျင့်ပါလို့ ဒီလို မြတ်စွာဘုရားက စက္က၀တ္တိသုတ္တန်မှာ ဆုံးမသြ၀ါဒ ဟောကြားထားတာဖြစ်ပါတယ်။””””

အားလုံးသော တရားချစ်ခင် သူတော်စင်တွေ မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်း ဓမ္မတည်းဟူသော အခိုင်အမာကျွန်းကြီးကို တည်ဆောက်ပြီးတော့ ထိုဓမ္မကို ကျင့်သုန်းခြင်းဖြင့် ချမ်းသာသုခရအောင် ကျင့်သုံးအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
သာဓု သာဓု သာဓု

ပြီးပါပြီ

ပါချုပ်ဆရာတော်ဟောကြားတဲ့ “ယနေ့လူသားများရဲ့ နက်ဖန်ကမ္ဘာ”တရားတော်ကို နာယူနိုင်ပါတယ်။ အခုတင်ပေးလိုက်တဲ့ “ယနေ့လူသားများရဲ့ နက်ဖန်ကမ္ဘာ”တရားတော်က မေမေ့လပြည့်ဝန်းလေး စာဖိုင်အဖြစ်ပြောင်းတဲ့ တရားနဲ့ ဟောကြားတဲ့ နေရာမတူသဖြင့် နဲနဲကွာခြားမှုတော့ ရှိပါတယ်။ ဒါပေမယ့် ဆရာတော်ရဲ့ ဆိုလိုရင်းကတော့ အတူတူပါပဲ။








0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP