အခါမှီ နောင်တ
မာယာဝတ်ရုံနက်ကို လွှမ်းခြုံလို့ 
အသံလုံတဲ့ ခြေသံတွေနဲ့ ဝင်လာပြီး
အသွားထက်ထက် ဓါးတစ်ချောင်းကို
မျှော်လင့်ချက်တွေ လိမ်းကျံလို့ 
မောင့်ရဲ့ ရက်စက်မှုသွေးတွေ စွန်းထင်နေတဲ့ လက်နဲ့ 
ကျွန်မ နှလုံးသားထဲ စိုက်ချခဲ့တယ်…
အချစ်တစ်ခုကို မြဲမြံစွာ ကိုင်တွယ်ထားမိလို့ 
ပြန်လည်ပြီးလဲ မနှုတ်ရက်ပါဘူး…
မျှော်လင့်ချက်တွေ ကျွန်မ နှလုံးသားထဲ
စိမ့်ဝင်သွားတဲ့ ထိပေါ့…
ငြိုးဆိပ်သင့် ၀ိုင်တစ်ခွက်က..
ခါးသီးပြင်းရှပေမဲ့…
ချိုသက်တဲ့ ပျားရည်စက်လို
ကျွန်မ မျိုချခဲ့ဖူးတယ် မောင်…
အရံသင့် ခင်းထားတဲ့ လမ်းမဟုတ်လို့ 
ကြမ်းမယ်ဆိုရင်လဲ
မောင့်လက်ကို မြဲမြဲတွဲလို့ 
ခပ်ရဲရဲ ကျွန်မ လျှောက်မှာပါပဲ…
နွေနေ့ ခင်းလို ပူပြင်းတဲ့
လောင်မြိုက်မှုတွေကြောင့်
မောင့်ရဲ့ လောင်းရိပ်အောက်ကို
ကျွန်မ ခိုဝင် နားနေခဲ့တာ
တံလျှပ်ကို ရေပဲ မြင်နေမိလို့ ပါ…
သို့ ပေမဲ့..
သစ္စာအခင်းကို
မောင့် ခြေအဆင်းမှာ ချနင်းပြီး
ခပ်ပြင်းပြင်းခြေသံတွေနဲ့ 
ပြန်ထွက်သွားတဲ့ အထိတော့
ကျွန်မ မမိုက်မဲချင်တော့ပါဘူး မောင်….
အသံလုံတဲ့ ခြေသံတွေနဲ့ ဝင်လာပြီး
အသွားထက်ထက် ဓါးတစ်ချောင်းကို
မျှော်လင့်ချက်တွေ လိမ်းကျံလို့ 
မောင့်ရဲ့ ရက်စက်မှုသွေးတွေ စွန်းထင်နေတဲ့ လက်နဲ့ 
ကျွန်မ နှလုံးသားထဲ စိုက်ချခဲ့တယ်…
အချစ်တစ်ခုကို မြဲမြံစွာ ကိုင်တွယ်ထားမိလို့ 
ပြန်လည်ပြီးလဲ မနှုတ်ရက်ပါဘူး…
မျှော်လင့်ချက်တွေ ကျွန်မ နှလုံးသားထဲ
စိမ့်ဝင်သွားတဲ့ ထိပေါ့…
ငြိုးဆိပ်သင့် ၀ိုင်တစ်ခွက်က..
ခါးသီးပြင်းရှပေမဲ့…
ချိုသက်တဲ့ ပျားရည်စက်လို
ကျွန်မ မျိုချခဲ့ဖူးတယ် မောင်…
အရံသင့် ခင်းထားတဲ့ လမ်းမဟုတ်လို့ 
ကြမ်းမယ်ဆိုရင်လဲ
မောင့်လက်ကို မြဲမြဲတွဲလို့ 
ခပ်ရဲရဲ ကျွန်မ လျှောက်မှာပါပဲ…
နွေနေ့ ခင်းလို ပူပြင်းတဲ့
လောင်မြိုက်မှုတွေကြောင့်
မောင့်ရဲ့ လောင်းရိပ်အောက်ကို
ကျွန်မ ခိုဝင် နားနေခဲ့တာ
တံလျှပ်ကို ရေပဲ မြင်နေမိလို့ ပါ…
သို့ ပေမဲ့..
သစ္စာအခင်းကို
မောင့် ခြေအဆင်းမှာ ချနင်းပြီး
ခပ်ပြင်းပြင်းခြေသံတွေနဲ့ 
ပြန်ထွက်သွားတဲ့ အထိတော့
ကျွန်မ မမိုက်မဲချင်တော့ပါဘူး မောင်….


0 comments:
Post a Comment