* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 12, 2009

ဓမ္မမိတ်ဆွေများ အတွက် သတင်းကောင်း

ကျွန်တော်တို့ UAE နိုင်ငံရောက် မြန်မာလူမျိုး ဗုဒ္ဓဘာသာ ၀င်တိုင်း အားလုံးတို့ အားဝမ်းမြောက်စေရန် အတွက် ကျွန်ုပ်တို့ ရွှေမြန်မာမိသားစုက{သာသနာ့ရောင်ခြည်} က သတင်းကောင်းပါးလိုသည်မှာ... မိရိုးဖလာ ဗုဒ္ဓဘာသာ နှင့် သက်ဝင်ရုံ ကြည်သော ဗုဒ္ဓဘာသာ ဟူ၍ ခွဲခြားနားလည်သိရှိစေရန် ထေရ၀ါဒဗုဒ္ဓဘာသာ စင်စစ်ကိုသာ ဟောပြော ဆုံးမလေ့ ရှိတော်မူသော ဓမ္မစေတီဆရာတော် ဦးကောသလ္လ သည် ကျွန်ုပ်တို့ ပြည်ပရောက် ညီငယ် ညီမငယ်များ နှင့် အကိုအမ အားလုံးတို့ကို တရားဟောကြားရန်အလို့ငှာ October ၁၀ ရက်နေ့၌ UAE နိုင်ငံ Dubai မြို့ သို့ ကြွရောက် လာမည် ဖြစ်ပါသည်။ စတ္တုထ အကြိမ်မြောက် တရားပွဲကို Dubai မြို့ ၌ ထပ်မံကျင်းပမည် ဖြစ်ပါ၍ နီးစပ်ရာ ဓမ္မမိတ်ဆွေများအား သတင်းကောင်း ပါးနိုင်ကြစေရန် ကြိုတင်၍ အသိပေးလိုက်ရပါသည် ခင်ဗျာ။ တရားပွဲ အချိန်နှင့် နေရာကို တော့ သေချာတိကျအောင် ပြန်လည် စီစစ်ဆောင်ရွက်ပြီး သည်နှင့် တပြိုင်နက် ပြန်လည် အသိပေးပါမည်ခင်ဗျာ။


ကျေးဇူးအထူးတင်ရှိစွာဖြင့်
သာသနာ့ရောင်ခြည်ရွှေမြန်မာမိသားစု {ခေတ္တUAE}


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP