* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 12, 2009

သံဃာ ၆၀၂ ပါး ဆွမ်းခံကြွလာတဲ့ မနက်ခင်း

နေ့ဆွမ်းဆက်ကပ်နေတဲ့ ရွှေလမ်းငွေလမ်း ဦးဝင်းကြည်

မုန့်ဟင်းခါး ဘုဉ်းပေးပြီးစ ကိုရင်လေးတွေ
ဆပ်ပြာနဲ့ ဗလာစာအုပ် ဆက်ကပ်ပေးနေတဲ့ ဆရာမ ဒေါ်မာလာသင်း


ကိုရင်ငယ်လေးများကို ဦးဆောင်ကြွလာတဲ့ ဆရာတော်ကြီးများ



ဆွမ်းခံကြွ သံဃာတွေ အရင်အပတ်တွေကထက် များလာပါပြီ။ မုန့်ဟင်းခါး ဘုဉ်းပေးပြီးတော့ နေ့ဆွမ်း ခံယူလျက် ရှိကြပါတယ်။

ဆွမ်းနဲ့ ဝက်သား+အာလူးဆီပြန်၊ မုန်ညင်းကြော်၊ ငါးဖောင်ရိုးခြောက် ငရုတ်သီးကြော်၊ ပဲဟင်းများ ကပ်လှူကြပါတယ်။ သံဃာတွေ ဒီနေ့ ပိုမို များပြားလာတယ်။ ဝေယျာဝစ္စ လုပ်အားပေးများလည်း မနားရအောင် ဆက်ကပ်နေရပါတယ်။
''အရှင်ဘုရား။ ဝ,ရဲ့လားဘုရား''
''အရှေ့ဘက် သွားလိုက်ဦးမယ်။ ရှေ့မှာ နေ့ဆွမ်းကပ်နေတာ''

မကွေးမှ အင်တာနက်ဆိုင်ရှင်၊ စာရေးဆရာ ရွှေလမ်းငွေလမ်း ဦးဝင်းကြည်က ပြည်ပရောက် ဆွမ်းအလှူရှင်များကိုယ်စား ကိုယ်တိုင် လာရောက် ဆွမ်းလောင်းလှူပေးနေပါတယ်။ ဆွမ်းထမင်းနဲ့ပဲ ပင်တိုင် အလှူရှင် ကိုဖြိုးနဲ့ ကိုထက်တို့လဲ မန္တလေးကနေ အရုဏ်အမီ ရောက်လာပြီး လာလောင်းကြတယ်။ ဆပ်ပြာခဲ ၃၀ လှူဒါန်းတဲ့ ကွန်ပျူတာ တက္ကသိုလ်က ဆရာမ ဒေါ်မာလာသင်းလဲ ဆွမ်းလောင်းဖို့ ရောက်လာပါတယ်။
ရုရှားရောက် ကျောင်းသားများရဲ့ ဒါန မုန့်ဟင်းခါးဆွမ်းက အပါး ၃၀၀ ကျော် ဘုဉ်းပေးလိုက်ရပါတယ်။ ကျောင်းတိုက်များက အချို့ဆွမ်းတန်းများက အချိန်မီ ဆွမ်းဆက်ခံရမှာမို့ အရုဏ်ဆွမ်းကို ထိုင်ဘုဉ်းပေးနိုင်ခြင်း မရှိလို့ နေ့ဆွမ်းသာ ရပ်ကြတယ်။ ဒါပေမယ့် သံဃာမကုန်ခင် ပြတ်သွားတယ်။ နောက်ဆုံးသံဃာ ၁၅ ပါးလောက် ကြွလာချိန်မှာ မုန့်ဟင်းခါး မကျန်တော့ပါဘူး။ ဆပ်ပြာခဲ ၅၈၀ အပါးစေ့ ကပ်လှူပါတယ်။ နောက်ဆုံးသံဃာ ၂၂ ပါးအလှည့်မှာတော့ ကုန်သွားပါတယ်။
စင်ကာပူက မမေသူခိုင်ဒါန ဗလာစာအုပ် ၆၀၂ အုပ်ကိုလဲ တစ်ပါးတစ်အုပ် ရသလောက် ကပ်တယ်။ ခြောက်ဒါဇင် (၇၂၀) အုပ် စီမံထားတဲ့အတွက် လက်ကျန် ၁၁၈ အုပ်ကို နောက်ရက်တွေမှာ ဆက်လှူဒါန်းပါ့မယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP