* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 12, 2009

ပွားများရန် အာရုံခြောက်ပါး

ယခုအခါ ကမ္ဘာအရပ်ရပ်တွင် အန္တရာယ်အမျိုးမျိုး ကြုံတွေ့နေကြသည်ကို နေ့စဉ် ကြားရ၊ မြင်ရ၊ ဖတ်ရှုနေကြရသည်။ လူအမျိုးမျိုးတို့သည် မိမိတို့ယုံကြည်ရာ ကိုးကွယ်ဆည်းကပ်နေကြသည်။ မြန်မာနိုင်ငံသည် လက်ဦးဆရာ မည်ထိုက်စွာ ဆိုသောအတိုင်း ကလေးငယ်ဘ၀ကစ၍ မိဘ ဘိုးဘွားတို့ သင်ကြားပေးခဲ့သော ရတနာသုံးပါး ဂုဏ်တော်များကို ထုံမွှမ်းပွားများသော အကျိုးကြောင့် အနည်းငယ် အန္တရာယ်ကင်းသည်-ဟု ရဲဝံ့စွာ ဆိုနိုင်ပါသည်။

ငယ်ငယ်ကစ၍ ကြားရသော မှတ်သားဖွယ်ပုံဝတ္ထုတခုမှာ ရာဇဂြိုဟ်မြို့ပြင်၌ တယောက်တည်း အိပ်နေသော ကလေးငယ်ကို ညဥ့်နက်ချိန်တွင် ဘီလူးက လာ၍ဆွဲသည်။ ထိုအခါ ကလေးငယ်သည် ရွတ်ဆိုနေကျအတိုင်း နမော ဗုဒ္ဓ-ဟု ယောင်ယမ်းရွတ်ဆိုလိုက်သည်။ ထိုကဲ့သို့ ရွတ်ဆိုသဖြင့် ဘီလူးက တောင်းပန် ၀န်ချ၍ ဗိမ္ဗိသာရမင်းကြီး၏ ပွဲတော်အုပ်ကို ဆောင်ယူကာ ကလေးငယ်ကို တညလုံး ကျွေးမွေးစောင့်ရှောက်ရခြင်း ဖြစ်သည်။ မိဘဘိုးဘွားများသည် နမော ဗုဒ္ဓဿ၊ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-စသည်ဖြင့် သားသမီးမြေးများကို သင်ကြားပေးလေ့ရှိသည် မဟုတ်ပါလော။ ဤအကြောင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင်အား ဗိမ္ဗိသာရမင်းကြီး လျှောက်ထားရာ ဘုရားရှင်က အောက်ပါတရားတော်ကို ဟောကြားတော်မူပါသည်။

မင်းကြီး ကမ္မဋ္ဌာန်းအားရုံ ခြောက်ပါးကို ပွားများသူသည် အန္တရာယ်ဘေးများ ကင်းရှင်း၍ ချမ်းသာစွာ နေရ၏။ ယင်းခြောက်ပါးမှာ-
၁။ နေ့ရောညပါ အခါမလပ် ဘုရားဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၂။ နေ့ရောညပါ အခါမလပ် တရားဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၃။ နေ့ရောညပါ အခါမလပ် သံဃာ့ဂုဏ်တော်ကို သတိပြုနေသော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၎။ နေ့ရောညပါ အခါမလပ် ကာယဂတာသတိ ပွားများကုန်သောသူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၅။ နေ့ရောညပါ အခါမလပ် ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိကြကုန်သော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။
၆။ နေ့ရောညပါ အခါမလပ် မေတ္တာဘာဝနာ၌ မွေ့လျော်ကုန်သော သူတို့သည် အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြကုန်၏။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မိမိတို့ နှစ်သက်ရာ အာရုံ၌ အမြဲမပြတ် သတိကပ်၍ စိတ်ကို စင်ကြယ် သန့်ရှင်း မြင့်မြတ်အောင် ကြိုးစားကြပါဟု တိုက်တွန်း နှိုးဆော်ပါရစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP