* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 21, 2009

ကျွန်းဆိုသည်မှာ...

ကပ္ပမာဏဝပုစ္ဆာ ...

ကပ္ပသည် ဤသို့ မေးလျှောက်၏...

မြတ်စွာဘုရား ဖြစ်ပေါ်နေသော များသော ဘေးရှိသော သြဃလေးဖြာ သံသရာ အလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သော သူတို့၏ (မှီခိုရာ) ကျွန်းကို ဟောတော်မူပါလော့၊ အသျှင်ဘုရားသည် ဆင်းရဲတစ်ဖန် မဖြစ်နိုင်ရာသော ဤကျွန်းကို အကျွန်ုပ်အား မိန့်ကြားတော်မူပါလော့။ 1

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ကပ္ပ ဖြစ်ပေါ်နေသော များသော ဘေးရှိသော သြဃလေးဖြာ သံသရာ အလယ်၌ တည်ကုန်သော အိုခြင်း သေခြင်း သည် နှိပ်စက်အပ်ကုန်သော သူတို့၏ (မှီခိုရာ) ကျွန်းကို သင့်အား ငါဘုရား ဟောအံ့။ 2

မှီခိုရာ ကျွန်းသည် ကြောင်းကြမှုမရှိ၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းယူရာ မဟုတ်၊ ဤကျွန်းမှတစ်ပါး အခြား ကျွန်းမရှိ၊ အိုခြင်း သေခြင်း၏ ကုန်ရာဖြစ်သော ထိုကျွန်းကို နိဗ္ဗာန်ဟူ၍ ငါဆို၏။ 3

အောက်မေ့မှု 'သတိ' ရှိသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကျွန်းကို သိခြင်းကြောင့်
တရားကို မြင်ပြီးသူ ကိလေသာ မီးငြိမ်းသူ ဖြစ်ကုန်၏၊ ထိုသူတို့သည် မာရ်၏ နောက်လိုက် မဟုတ်တော့ကုန်၊ မာရ်၏ အလုပ်အကျွေး မဟုတ်တော့ကုန်။ 4

၁ဝ - ကပ္ပမာဏဝပုစ္ဆာ၊ ပါရာယန၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP