* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 21, 2009

မှတ်သားဖွယ်ရာ ဖောင်ဥပမာ

မဇ္ဈိမ နိကာယ် မူလပဏ္ဏာသပါဠိတော်.
အလဂဒ္ဒူပမသုတ္တန် ကောက်နှုတ်ချက်

ရဟန်းတို့ !! သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှါ ဖောင် ဥပမာရှိသော တရားကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြားကြကုန်၊ ကောင်းစွာနှလုံးသွင်းကြကုန်။ ဟောကြားအံ့ဟု မိန့်တော်မူ၏ ၊ အရှင်ဘုရား ကောင်းပါပြီ ဟု ထိုရဟန်းတော်တို့သည် မြတ်စွာဘုရားအား ပြန်လည်လျှောက်ထားကုန်၏။

မြတ်စွာဘုရား သည် ဤတရားကို ဟောကြားတော်မူ၏ ။

ရဟန်းတို့ ဥပမာသော်ကား ခရီးရှည်သွားသော ယောကျာင်္ားသည် ရေပင်လယ်ကြီးကို မြင်ရာ၏၊ ဤဘက် ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ဟိုဖက်ကမ်းကား အေးချမ်း၏၊ ဘေးဘျမ်းမရှိ၊

ထိုယောင်္ကျားမှာ ဤဖက်ကမ်းမှ ဟိုဖက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူး တံတားလည်းမရှိ၊ ‘ ထိုယောင်္ကျားအား ‘ ဤကား ရေပင်လယ်ကြီးတည်း။ ဤဖက်ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ဟိုဖက်ကမ်းက အေးချမ်း၏၊ ဘေးဘျမ်းမရှိ၊ ဤဖက်ကမ်းမှ ဟိုဖက်ကမ်းသို့ ကူးသွားရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူး တံတားလည်း မရှိပေ၊ ငါသည် မြက် သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြုလျက် လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ဟိုဖက် ကမ်းသို့ ကူးရမူ ကောင်းပေမည်’ ဟု အကြံအစည် ဖြစ်ပေါ်ရာ၏၊

ရဟန်းတို့ ထို့နောက် ထိုယောင်္ကျားသည် မြက်သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ဟိုဖက် ကမ်းသို့ကူးရာ၏၊
ကမ်းတဖက်သို့ ကူးမြောက်ပြီးသော ထိုယောင်္ကျားအား ‘`ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဤဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတဖက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ခေါင်းပေါ်၌ တင်ရွက်၍သော်လည်းကောင်း
ပခုံးပေါ်၌ ထမ်း၍သော်လည်းကောင်း အလိုရှိရာ အရပ်သို့ ဖဲသွားရမူ ကောင်းပေမည်ဟု အကြံအစည် ဖြစ်ပြန်ရာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောင်္ကျားသည် ဤသို့ပြုသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသလော ဟု မေးတော်မူ၏။

အရှင်ဘုရား မဖြစ်ပါ ဟု လျှောက်ကြကုန်၏၊ ရဟန်းတို့ ထိုယောင်္ကျားသည် အဘယ်ပုံ ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသနည်း၊ ရဟန်းတို့ ကမ်းတစ်ဖက်သို့ ကူးမြောက်ပြီးသော ထိုယောင်္ကျားအား ‘ ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဖက်သို့ ကူးခဲ့၏၊
ငါသည် ဤဖောင်ကို ကုန်း၌ဆယ်တင်၍သော်လည်းကောင်း ရေ၌ ပေါလောမျှော၍သော်လည်းကောင်း အလိုရှိသော အရပ်သို့ ဖဲသွားရမူ ကောင်းပေမည် ဟု အကြံအစည် ဖြစ်ရာ၏။

ရဟန်းတို့ ထိုယောင်္ကျားသည် ဤသို့ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူဖြစ်ရာ၏၊ ရဟန်းတို့ ဤအတူပင် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှါ ဖောင် ဥပမာရှိသော တရားကို သင်တို့အား ငါဟောကြား၏၊ ရဟန်းတို့ သင်တို့အား ဟောကြားထားသော ဖောင် ဥပမာရှိသော တရားကိုသိသော သင်တို့သည် တရားမှု ( သမထ ၀ိပဿနာ၌ ဖြစ်သော ဆန္ဒရာဂ )တို့ကို ပယ်သော်လည်း ပယ်စွန့်ရမည်၊ မတရားမှု ( ကာမဂုဏ်၌ ဖြစ်သော ဆန္ဒရာဂ ) တို့ကိုကား ပြောဆိုဖွယ်ပင် မရှိတော့ပေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP