အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၉)
| From Botimore and DC |
၁၁/၀၅/၂၀၀၉ နေ့မှာ အော်စတင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းမှ မေရီလင်းပြည်နယ် ဘော်တီမိုးမြို့သို့ မနက်ဖြန် ခရီးဆက်ဖြစ်ခဲ့ပါတယ်။ မနက်ဖြန်နဲ့အတူ ဆရာတော် ဦးမဟော၊ အရှင်နေမိန္ဒာစာရ (နေသစ်မှူး) တို့လည်း ပါလာပါတယ်။ ဘော်တီမိုးမြို့သို့ရောက်ပြီး နောက်တရက်မှာပဲ ဘော်တီမိုးမြို့ တွင်းနှင့် အနီးနား ရှိသည့် ၀ါရှင်တန်ဒီစီမြို့သို့လည်း သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ သုံးရက်ခန့် လောက် ဆရာတော် ဦးမဟောကျောင်းတွင် နေပြီး ၁၄/၀၅/၂၀၀၉/ နေ့တွင် မီနီဆိုးတားသို့ပြန်လာခဲ့ သည်။
သုံးလကျော်ခန့် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးမရှိသဖြင့် ကျောင်းကိစ္စများဖြင့် အလုပ်ရှုပ်ကာခရီးသွားသမျှ
ပင်ပန်းခြင်း တွေကို ဖြေဖျောက်နေလိုက်တာ မနက်ဖြန်ဘလော့ ပို့စ်အသစ်မတင်မိတာပင် ၁ပတ်ကျော်ပြီထင် ပါတယ်။ စိတ်ကလည်း ဘလော့ဘက်ကို မရောက်ဖြစ်နေတာလည်း အကြောင်း တစ်ကြောင်းဖြစ်သည်။
သူငယ်ချင်းများကတော့ ပို့စ်အသစ်ဘာလို့ မတင်တာလည်း၊ မြန်မာပြည်အ လည်ပြန်တဲ့အကြောင်းဆက်ရေး ပါဦး စသည် ပြောကြဆိုကြ မေးကြပေါ့။ဒီနေ့တော့ မနက်ဖြန် ဘာဖြစ်ဖြစ် လုပ်လက်စလုပ်ငန်း ပြန်လုပ်ဦးမှပဲလို့ စိတ်အားတင်ကာ အခုပြန်လည်းကာ မနက်ဖြန်၏ မြန်မာပြည် အလည်ပြန်ခြင်း မှတ်တမ်းကို ပြန်စရေးခြင်းဖြစ် ပါတယ်။ ဒါကြောင့် ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားသောကြောင့် ဘလော့လာ မိတ်ဆွေသူငယ်ချင်း များကို တောင်းပန်ပါတယ်လို့…ပြောလိုပါတယ်။
မနက်ဖြန်တို့ ဆင်ဖြူကျွန်းကိုရောက်တဲ့အချိန်က ညဖြစ်သည့်အတွက် ပင်ပန်းသမျှတွေ ပြေစေဖို့ အနားယူ အိပ်စက် လိုက်တာ မနက် ၅နာရီ အာရုံဆွမ်းစားဖို့ ဒကာမကြီးဒေါ်ပိုက်လာနိုးမှပင် နိုးတော့ သည်။ မင်းဘူးဘက် သို့ သွားလည်မည့်ခရီးစဉ်လည်း ရှိတော့ ခပ်သုတ်သုတ်ပင် အားရုံဆွမ်းစားလိုက် သည်။ မနက် ၈ နာရီထိုးတွင် ငှားထားသည့် ဂျစ်ကားလေးတစ်စင်းဖြင့် မနက်ဖြန်တို့ ဘုရားအဖွဲ့ မင်းဘူး ရွှေစက်တော်သို့ မညီညာသော ကားလမ်းပေါ်တွင် စတင်ထွက်လာခဲ့သည်။
လမ်းကလည်းကြမ်းလိုက်သည်ဖြင့် စကာလုံးတောင်ပြောဖို့ အတော်ရှာရမည်ပင်ဖြစ်သည်။ တလမ်းလုံး ကားပေါ်ထိုင်လိုက်ရတာဆိုပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးကာ၍ နေသည်။ သက်သောင့်သက် သာ ထိုင်ရသည့်လမ်းပင် မရှိသလောက်ဖြစ်သည်။ ကားနောက်လိုက်လာသည့် ဖုန်းလုံးများကလည်း တလိမ့်လိမ့်တက်လာသည်မှာလည်း ခုထိပင် မြင်ယောင်မိဆဲပါပဲ။ စိတ်ညစ်သည်သာမက အတော်ပင် စိတ်ကုန်ခဲ့ရသည်။ မရောက်ဘူးသည့် ဒေသကို မကြုံဘူးသော အတွေ့ကြုံရသည်လို့ပင် သဘောထား ၍ ကုသိုလ်ရအောင် ဘုရားဖူးခဲ့ရသည်။
ကလေးပေါက်စအရွယ်က အောင်သူသီချင်းများနဲ့ ရင်းနှီးခဲ့သည့် တောသားလေးမို့ ဧရာဝတီမြစ်ကမ်း ဘေးက မကွေး မြသလွန်ဘုရားကို အလွန်ရောက်ဖူးချင်ပါတယ်။ ကိုအောင်သူကတော့ ဧရာဝတီမြစ် ကမ်းဘေးက ငွေသောင်ယံကမ်းရဲ့အထက်မှာ မကွေးမြသလွန်လို့ တေးဖွဲ့ထားသည့်အတိုင်း သဲဖြူဖြူ ကိုမတွေ့ရပေမဲ့ မကွေးမြသလွန်စေတီ၏ ကြည်ညိုဖွယ်ကတော့ဖြင့် ဖူးမ၀နိုင်ခဲ့ပါဘူး။
ရှင်ပင်စက္ကိန်တဲ၊ နဂါးပွက်အိုင်၊ အစရှိသည့် မကွေးမြို့  မင်းဘူးမြို့ပေါ်တွင် တည်ရှိသည့် နာမည်ကြီး စေတီပုထိုး များကို မနက်ဖြန် ရောက်ဖူးသွားခဲ့သည်ဆိုပါတော့။ ပျင်းရှရှနေအရှိန်နှင့် ရှတတ ဖုန်အလိမ်လိမ်တို့ကြောင့် အမေရိကဖြူလာသမျှ အသားရေတွေ ၀ိနဿန္တု အသေသတော-တခုမကျန် ပျောက်ကွယ် လေကုန်တော့ သတည်းပေါ့။
နေ့တ၀က်ကုန်သည်အထိ ကျောင်းတော်ရာ၊ ဘုရားစုံ မကွေးမြို့နှင့် မင်းဘူးမြို့ပေါ်တွင် ဘုရားဖူးဖြစ်သည်။ ညနေ ၄နာရီလောက်မှ မနက်ဖြန်တို့ ဘုရားဖူးအဖွဲ့ ရွှေစက်တော်သို့ ခရီးဆက်ကြသည်။
ဝါရှင်တန်ဒီစီ လွတ်လပ်ရေးကျောက်တိုင်
| From Botimore and DC |
လွတ်တော်ရုံး အဆောက်အဦး
| From Botimore and DC |
ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စေတီပုထိုးများ
| From Sin Phyu Kyaun |
ကျောင်းတော်ရာ စေတီတော်
| From Sin Phyu Kyaun |
မကွေးမြသလွန်
| From Sin Phyu Kyaun |
| From Sin Phyu Kyaun |
နဂါးပွက်တောင်
| From Sin Phyu Kyaun |

0 comments:
Post a Comment