* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 21, 2009

အကျွန်ုပ်သည် အိုမင်းပါပြီ...

ပိင်္ဂိယမာဏဝပုစ္ဆာ...

ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏...
အကျွန်ုပ်သည် အိုမင်းပါပြီ၊ အားနည်းပါပြီ၊ ရုပ်အဆင်း ယုတ်လျော့ပါပြီ၊ မျက်စိများ မကြည်လင်တော့ပါ၊ နားကောင်းကောင်း မကြားတော့ပါ၊ အကျွန်ုပ်သည် အသျှင် ဘုရား တရားကို မျက်မှောက် မပြုရမီ အကြား၌သာလျှင် တွေဝေလျက် မပျက် စီးလိုပါ၊ ဤနေရာ၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျောက်နိုင်သော အကြင် တရားကို အကျွန်ုပ် သိလိုပါ၏၊ ထိုတရား ကို ဟောကြားတော်မူပါလော့။ 1

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပိင်္ဂိယ မေ့လျော့ကုန်သော လူတို့သည် ရုပ်တို့ကြောင့် ပင်ပန်းသည်တို့ကို မြင်၍ ရုပ်တို့ကြောင့်ပင် ဖောက်ပြန် ပျက်စီး ရကုန်၏၊ ထို့ကြောင့် သင်သည် မမေ့ မလျော့မူ၍ တစ်ဖန် ဘဝသစ်၌ မဖြစ်ခြင်းငှါ ရုပ်ကို စွန့်ပယ်လေလော့။2

ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏...
လောကဝယ် တူရူ အရပ်လေးမျက်နှာ အထောင့်အရပ် လေးမျက်နှာ အထက် အရပ် အောက်အရပ် မျက်နှာဟူသော ဤအရပ်ဆယ်မျက်နှာတို့၌ အသျှင် ဘုရားသည် မမြင်ရ မကြားရ မရောက်ရ မသိရသော တရားတစ်စုံ တစ်ခုမျှ မရှိပါ၊ ပဋိသန္ဓေနေမှု အိုမှုကို ပယ်စွန့်ရာဖြစ်သော အကြင်တရားကို အကျွန်ုပ် သိရာပါ၏၊ ထိုတရားကို ဟောကြားတော် မူပါလော့။ 3

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပိင်္ဂိယ တဏှာသည် နှိပ်စက် ဖျက်ဆီးအပ်ကုန်သောကြောင့် (ဇာတိစသည်ဖြင့်) ပူပန်ခြင်း ရှိကုန်သော အိုခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့ကို သင်တွေ့ မြင်နေရ၏၊ ပိင်္ဂိယ ထို့ကြောင့် သင်သည် မမေ့မလျော့မူ၍ ဘဝသစ်၌ တစ်ဖန် မဖြစ်ခြင်းငှါ တဏှာကို စွန့်ပယ်လေလော့။ 4

၁၆ - ပိင်္ဂိယမာဏဝပုစ္ဆာ၊ ပါရာယန၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP